မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ပြင်စည်ရဲစခန်းက ထွက်လာတဲ့ ဗိုလ်မှူး ရန်လင်းအောင်နဲ့ ဗိုလ်ကြီး အောင်ဇော်မင်းတို့ ဦးဆောင်လာတဲ့ အင်အား ၅၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းကို ဇန်နဝါရီ ၃၀ ရက် မနက်ပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Natogyi People Defence Force ထံက သိရပါတယ်။

တပ်မ ၉၉ လက်အောက်ခံ ခမရ ၁၄၊ ၁၅ နဲ့ ရဲတပ်ရင်း ပူးပေါင်းအင်အား ၅၀ခန့်ကို မြတောင်ရွာနဲ့ စိန်ပန်းကန်ရွာကြားမှာ တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူး ရန်လင်းအောင်နဲ့ ဗိုလ်ကြီး အောင်ဇော်မင်း အပါအဝင် ၂၂ ယောက် သေပြီး ၈ ယောက် အရှင်ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းထံက MA-1 (၃) လက်၊ MA-2 (၄) လက်၊ MA-3 (၆) လက်၊ MA-4 (၂) လက်၊ MA-5 (၁) လက်၊ MA-11 (၆) လက်၊ G-3 (၁၂) လက်၊  G-4 (၂) လက်၊ BA-94 (၁) လက်၊ ၆၀ မမ ပြောင်းတို (၁) လက်၊ ပြောင်းရှည် (၁) လက်နဲ့ ၆၀ မမ ဗုံးသီး (၂၉) လုံး၊ အီနာဂါ (၅) လုံး၊ နာနတ်သီးဗုံး (၉) လုံး၊ ၉ မမ ကျည် (၃၀၅) တောင့်၊ ဦးထုပ် (၁၀) လုံးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်း ၄ နဲ့ တပ်ရင်း ၁၀ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မိသားစုနှင့် ပြန်ဆုံဖို့ CDM မှာ ပါဝင်စို့ (ရုပ်/သံ)

အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် အတင်းအဓမ္မစစ်တပ်ထဲ ရောက်ခဲ့ရပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ဆက်သွယ်ကာ CDM ပြုလုပ်ခဲ့ကြတဲ့ မိုးဗြဲအခြေစိုက် ခမရ(၄၂၂)တပ်ရင်း ပြည်သူ့စစ် ၃ ယောက်ရဲ့ အတွေ့အကြုံတွေကို အခုလိုပဲ ပြောပြခဲ့ပါတယ်။
Read More

ချောင်းဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကော်မရှင်ရဲ့ အတုယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကော်မရှင်က ကြိုးပမ်းနေတဲ့ တရားမဝင် အတုယောင်‌ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ General Strike Coordination Body မှ ယနေ့ ထုတ်ပြန်ထားပါတယ်။ 
Read More

ကမ္မမြို့ပေါ်ရဲစခန်းဂိတ်ကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ပေါ် ရဲစခန်းဂိတ်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ RED GIANT အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကျားမ တန်းတူရေး အလေးပေးသည့် ပြည်နယ်တပ်အဖြစ် တည်ဆောက်မည်ဟု KNDF အသိပေး (ရုပ်/သံ)

ခွဲခြားဖိနှိပ်မှုကင်းစင်သလို ဖိနှိပ်မှုမှန်သမျှကိုလည်း တိုက်ဖျက်ကာ Gender (ကျား၊မ) တန်းတူရေးကို အလေးပေးတဲ့ ပြည်နယ်တပ်အဖြစ် တည်ဆောက်သွားမယ်လို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF က ကတိပေး ပြောကြားလိုက်ပါတယ်။
Read More

ရွှေဘိုမြို့တောင်ဘက်မှာ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားပြီး စစ်သား ၁ ယောက်သေကာ ၂ ယောက် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်းရွှေဘိုမြို့‌အဝင်တောင်ဘက်မှာစက်တင်ဘာ၃၀ရက်ညနေပိုင်းကကားလမ်းထွက်ပိတ်တဲ့အကြမ်းဖက်စစ်သားတွေနဲ့တော်လှန်ရေးတပ်တွေထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
Read More

တိုက်ပွဲအတွင်း ကျည်ကာမလုံလောက်မှုကြောင့် တစ်လှည့်စီဝတ်ကာ တိုက်ပွဲဝင်နေကြသည့် တော်လှန်ရေးရဲဘော်များ (ရုပ်/သံ)

ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်တွေဟာ ကျည်ကာမလုံလောက်တဲ့အတွက် ရှိတဲ့ကျည်ကာကို တစ်လှည့်စီဝတ်ကာ တိုက်ပွဲဝင်နေကြရပါတယ်။