မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ ပျူစောထီးရွာ ကင်းစခန်းအနီး ထောင်ထားတဲ့ မိုင်းတွေပေါက်ကွဲလို့ ပျူစောထီးအမျိုးသမီး ၁ယောက်​သေဆုံးကာ ၁ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိပ်ဖြူပြောက်ကျား တကိုယ်တော်ကျားဇိုး ပြည်သူ့ကာကွယ်ရေး LDF ရဲ့ ကျားဇိုးက မောင်းကိုပြောပါတယ်။

ဇန်နဝါရီလ ၂၈ ရက် မနက်ပိုင်းက  ပေါက်မြို့နယ်၊ ယာကြီးပြင် (ပျူစောထီး) ကျေးရွာ ကင်းစခန်းအနီးမှာ ဆိပ်ဖြူ တကိုယ်တော် ကျားဇိုး ထောင်ထားတဲ့ မိုင်းတွေကို နင်းမိလို့ ပျူစောထီးခေါင်းဆောင်ရဲ့ မိန်းမဖြစ်သူ သေဆုံးခဲ့ပြီး အမျိုးသား ၁ယောက် ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

“ပျူခေါင်းဆောင် ဆန်းဝင်း မိန်းမ တင်တင်စန်း အလောင်းတောင်ကောက်မရဘဲ တစ်စစီဖြစ်ပြီးနေရာတင်သေတယ်လို့ သိရပါတယ်။ သူကလည်း ပျူစောထီးပါပဲ။ PDF တွေမိတာတို့ ပြည်သူတွေကိုရိုက်တာနှက်တာတို့ လုပ်တတ်တယ်။ နောက် မသေတဲ့ ၁ယောက်က ပျူစောထီးပေါငြိမ်း ဆိုသူရဲ့ညီ ဌေးငြိမ်းပါ။ သူကတော့ မိုင်းမိပြီး ခြေထောက်နှစ်ဖက်စလုံးပြတ်တယ်။ သူ့ကို ချက်ချင်းပဲ ကပစ ၂၄ ခေါ်သွားပြီး အဲ့ကမှတဆင့် နေပြည်တော်ကို ဆေးကုဖို့ ခေါ်သွားတယ်ကြားတယ်။” လို့ ဆိပ်ဖြူပြောက်ကျားတကိုယ်တော်ကျားဇိုးပြည်သူ့ကာကွယ်ရေးLDF ရဲ့ ကျားဇိုးက မောင်းကိုပြောပါတယ်။

ဆိပ်ဖြူပြောက်ကျား တကိုယ်တော်ကျားဇိုး ပြည်သူ့ကာကွယ်ရေး LDF မိုင်းထောင်နေစဥ်

ဆိပ်ဖြူပြောက်ကျား တကိုယ်တော်ကျားဇိုး ပြည်သူ့ကာကွယ်ရေး LDF အနေနဲ့ မကွေးတိုင်း၊ ဆိပ်ဖြူနဲ့ ပေါက်မြို့နယ်တို့က ပျူစောထီးကင်းစခန်းတွေ အပါအဝင် စစ်အုပ်စုအခြေစိုက်စခန်းတွေကို မိုင်းထောင်တိုက်ခိုက်ရာမှာ တစ်ကိုယ်တော်အနေနဲ့ရော ပေါက်​အခြေစိုက် တော်လှန်ရေးတပ်တွေနဲ့ပါပူးပေါင်းပြီးလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“တစ်ကိုယ်တော်လုပ်ရတာဆိုတော့ ခက်ခဲတာပေါ့။ ရန်သူ့နယ်မြေထဲအထိ ဝင်လုပ်ရတယ်။ ဒီနေရာမှာ ပြည်သူတွေ မထိခိုက်အောင်လည်း ဂရုစိုက်ရပါတယ်။ ယမ်းတွေဘာတွေ လိုအပ်ချက်က ရှိပါတယ်။ အဲ့လိုအခါကျလည်း အခြားတပ်ရင်းတပ်ဖွဲ့တွေကို အကူအညီတောင်းရတာပေါ့။ ” လို့ ကျားဇိုးက မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ရက်နေ့ကလည်း လေယာဥ်ဗုံးသီးတွေထုတ်လုပ်ရာ ဆိပ်ဖြူမြို့က ကပစ ၂၁ စက်ရုံကို BWM ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေနဲ့အတူ ဆိပ်ဖြူတစ်ကိုယ်တော်ကျားဇိုးတို့ ၁၀၇မမရှော့တိုက်ဒုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းကလည်း ပေါက်မြို့နယ်၊ ဒီးတုတ်ကွင်း ပျူစောထီးရွာအနီးအနားတစ်ဝိုက်မှာ တိုက်မိုင်း၊ နင်းမိုင်းတွေထောင်ပြီး သွားရောက်တိုက်ခိုက်ခဲ့လို့ ဒီးတုတ်ကွင်းရွာပျူစောထီး အပါအဝင် ၁၅ယောက် သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ပေါက်မြို့နယ်တွင် လယ်ရိတ်ဖို့သွားသည့် အမျိုးသား ၃ ဦး စစ်အုပ်စုထောင်ထားသည့်မိုင်း ထိမှန်ဒဏ်ရာရ

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းမှာ လယ်ရိတ်ဖို့သွားတဲ့ အမျိုးသား ၃ ယောက်ဟာ အကြမ်း ဖက်စစ်ကော်မရှင် ထောင်ထားတဲ့ မိုင်းထိမှန်ပြီး ဆေးကုသမှုခံယူနေရတယ်လို့ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန ပေါက်မြို့နယ်ထံက သိရပါတယ်။
Read More

ကျိုက်ထိုတွင် စစ်တပ် ပစ်ခတ်မှုများကြောင့် အရပ်သား ၁ ဦး သေဆုံး၊ ၅ ဦး ထိခိုက်ဒဏ်ရာရ

KNU- ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၁ ယောက် သေဆုံးခဲ့ပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ နေ့စဉ် လေကြောင်းတိုက်ခိုက်နေရင်း ဟန်ပြအပစ်ရပ်မှုကို ဆက်လက်သက်တမ်းတိုး

ငလျင်ကြောင့် အပစ်ရပ်တယ်လို့ ဟန်ပြပြောဆိုကာ နေ့စဉ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီက ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ဧပြီ ၃၀ ရက်အထိ သက်တမ်းတိုးမြှင့်လိုက်တယ်လို့ ဝါဒဖြန့် ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီအတွက် လောင်စာဆီတွေ ထောက်ပံ့နေတဲ့ Interra Resources ကုမ္ပဏီကို စင်ကာပူစတော့အိတ်ချိန်း (SGX) ရပ်ဆိုင်း

စစ်ကောင်စီကို လောင်စာဆီတွေ ထုတ်လုပ်ထောက်ပံ့ပေးခဲ့တဲ့ စင်ကာပူအခြေစိုက် ကုမ္ပဏီ Interra Resources ကို စင်ကာပူစတော့အိတ်ချိန်း (SGX) က ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။ 
Read More

ထနောင်းကုန်းရွာ ပျူစောထီးအချင်းချင်း ပစ်သတ်ပြီး သေနတ်တစ်လက် ချန်ခဲ့

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ထနောင်းကုန်းရွာက ပျူစောထီးအချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး တစ်ယောက်သေဆုံးကာ လက်နက်တစ်လက်လည်း ချန်ခဲ့တယ်လို့ တောင်သာပကဖထံက သိရပါတယ်။
Read More

စစ်​တောင်းမြစ်အရှေ့ဘက်ကမ်းကို အင်အားအလုံးရင်းသုံး စစ်ကြောင်းထိုးသည့် စစ်ကောင်စီတပ်နှင့် နေပြည်တော် PDF တပ်ရင်းများ တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက် ဗိုလ်တွေအပါ အယောက် ၄၀နီးပါး သေပြီး ထိခိုက်ဒဏ်ရာရသူအများပြားနှင့်စစ်ကြောင်းလိုက် ပြန်ဆုတ်သွား

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းကျေးရွာတွေဆီ အင်အားအလုံးရင်းနဲ့ ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ဗိုလ်အဆင့်ရှိသူတွေအပါ အယောက် ၄၀ နီးပါးကျဆုံးကာ ထိခိုက်ဒဏ်ရာရသူ အများအပြားနဲ့ ပြန်လည်ဆုတ်ခွာသွားကြောင်း နေပြည်တော်တိုင်းစစ်ဌာန စစ်တောင်းမြစ်ဝှမ်း(ရေတာရှည်) စစ်ဆင်ရေးတာဝန်ရှိသူ ဗိုလ်ဇင်ယော်က မောင်းကို ပြောပါတယ်။