နိုင်ငံတစ်ဝန်းလုံး အရေးပေါ် အခြေအနေ ကြေညာထားတဲ့ကာလကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အကြိမ်ကြိမ် ၆ လ တိုးမြှင့် သတ်မှတ်လာခဲ့မှုဟာ ဒီနေ့ ဇန်နဝါရီ ၃၁ ရက်မှာ ထပ်မံကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

ဒါကြောင့် စစ်ကောင်စီဟာ အာဏာကို ဆက်လက်ရယူထားဖို့ သက်တမ်းတိုးမြှင့်နိုင်ရေး ဒီနေ့ ဇန်နဝါရီလ ၃၁ ရက်မှာ ကာလုံအစည်းအဝေး ခေါ်ယူသွားမှာဖြစ်တယ်လို့  စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ မနေ့ကတည်းက ဖော်ပြနေကြပါတယ်။

ယာယီသမ္မတအဖြစ် ကိုယ့်ကိုကိုယ် တာဝန်ပေးအပ်ထားတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဦးဆောင်ပြီး ကာလုံအစည်းအဝေး ခေါ်ယူနေခြင်း ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း (၈) ကြိမ်မြောက် ၆ လ သက်တမ်းတိုးဖို့ရှိနေပြီး  ထိပ်ပိုင်းဝန်ကြီးတချို့ နဲ့ ခေါင်းဆောင်အရတချို့ကိုလည်း နေရာအပြောင်းအလဲတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

မနက်ဖြန် ဖေဖော်ဝါရီ ၁ ရက်နေ့ဟာ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စု တိုင်းပြည်ကို အာဏာသိမ်းခဲ့တာ ၄ နှစ်ပြည့်မြောက်တဲ့နေ့ ဖြစ်ပါတယ်။

ရွေးကောက်ပွဲကို ဒီနှစ်အတွင်း ကျင်းပမယ်လို့ ပြောထားတာကြောင့် ကာလုံမှာ အရေးပေါ်ကာလ နောက်ထပ် တစ်ကြိမ် သက်တမ်းတိုးပြီးရင်တော့ လာမယ့် ကာလတွေမှာ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်လာနိုင်တယ်လို့လည်း နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။

အခြေအနေအရပ်ရပ်အရ စစ်ကောင်စီအနေနဲ့ အခုနှစ်မှာ ရွေးကောက်ပွဲ မကျင်းပနိုင်ရင် လာမယ့် ၂၀၂၆ မှာ မဖြစ်မနေကျင်းပသွားမယ့် အနေအထားလည်း ရှိတယ်လို့ဆိုပါတယ်။

၂၀၂၄ ဇူလိုင် ၃၁ ရက်မှာ ကျင်းပတဲ့ ကာလုံအစည်းအဝေးမှာ ယာယီသမ္မတ ဦးမြင့်ဆွေ ကျန်းမာရေးမကောင်းလို့ဆိုပြီး စစ်ခေါင်းဆောင်က ယာယီသမ္မတအဖြစ် ရယူခဲ့တာဖြစ်ပါတယ်။

နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ခိုင်လုံတဲ့ မဲစာရင်းရရှိရေး၊ သန်းခေါင်စာရင်းကောက်ယူဖို့လိုအပ်တာကြောင့် အုပ်ချုပ်မှုသက်တမ်း ထပ်တိုးရတာလို့ စစ်ကောင်စီဘက်က  အကြောင်းပြပြောဆိုထားပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၄၂၅) အရ သက်တမ်းထပ်တိုးတယ်လို့ စစ်ကောင်စီက ကနဦး ဝါဒဖြန့် ပြောဆိုပြီး သက်တမ်း အကြိမ်ကြိမ်တိုးမြှင့်ကာ အာဏာကို ဆက်လက်ဆုပ်ကိုင်ထားခြင်း ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

တောင်သာ – မိတ္ထီလာလမ်းပေါ်က ရုံးစဥ်ကြီး တိုက်နယ်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီ ရဲ ၂ ယောက် သေဆုံး

မန္တလေးတိုင်း၊ တောင်သာ - မိတ္ထီလာလမ်းပေါ်က ရုံးစဥ်ကြီး တိုက်နယ်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီလက်အောက်ခံ ရဲ ၂ ယောက် သေဆုံးခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (တောင်သာ ပကဖ) - TTA PDF က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

လွတ်လပ်မျှတပါတယ်ဆိုတဲ့ ရွေးကောက်ပွဲမှာ ယှဥ်ပြိုင်မယ့် ပါတီများ စစ်တပ်ဂုဏ်သိက္ခာ ထိခိုက်အောင် မပြောဖို့ ကန့်သတ်ခံရ

အတုအယောင်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေအနေနဲ့ မဲဆွယ်စည်းရုံးရေး ဟောပြောတဲ့နေရာမှာ စစ်တပ် ပြိုကွဲအောင် ဒါမှမဟုတ် စစ်တပ်ရဲ့ ဂုဏ်သိက္ခာထိခိုက်အောင် ပြောဆိုခြင်း မလုပ်ရဘူးလို့ စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ကန့်သတ်တားမြစ်လိုက်ပါတယ်။
Read More

ရှမ်းမန်းစစ်ဆင်ရေးမှာ တပ်ရင်းတစ်ခုလုံးနီးပါး ပူးပေါင်းခဲ့တဲ့ ရေဦး PDF အိမ်ပြန်ရောက်ပြီ

ရှမ်းမန်းစစ်ဆင်ရေးအဖြစ် မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ဆင်ရေးတွေမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ရွှေဘိုခရိုင်တပ်ရင်း ၁၄ - ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တွေ မနေ့က ညနေပိုင်းမှာ မိခင်တပ်ရင်းရှိရာ ရေဦးမြို့နယ်ကို ပြန်လည်ရောက်ရှိပြီလို့ သိရပါတယ်။
Read More

ကိုးလအတွင်း တရုတ်နိုင်ငံကို မြန်မာ့မြေရှား ဒေါ်လာ သန်း ၆၀၀ ကျော်ဖိုး တင်ပို့ခဲ့

လက်ရှိ ၂၀၂၅ ခုနှစ် ကိုးလတာကာလအတွင်း မြန်မာနိုင်ငံဟာ တရုတ်ကို မြေရှားသတ္တုတင်ပို့ရာမှာ အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်ဖိုး တင်ပို့ခဲ့ပြီး ကမ္ဘာ့မြေရှားထုတ်လုပ်ရေးမှာ ဒုတိယအဆင့် ရပ်တည်နေတယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု ISP-Myanmar က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
Read More

တိုင်းရင်းသားလက်နက်ကိုင်များ ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပဲ တောင်းဆိုဖို့ မင်းအောင်လှိုင် ပြော

တိုင်းရင်းသားလက်နက်ကိုင်တပ်‌ဖွဲ့ EAOs တွေအနေနဲ့ ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပဲ တောင်းဆိုသင့်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
Read More

ကျိုင်းတုံ-တောင်ကြီးလမ်းမပေါ် ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲထိုးကျပြီး ၇ဦးသေဆုံး

ရှမ်းပြည်နယ်၊ ကျိုင်းတုံ - တောင်ကြီးလမ်းမပေါ် စပါယ်ရှယ်တောင်အဆင်းမှာ ခရီးသည်တင်ကား ချောက်ထဲကျလို့ လူ ၂၀ ကျော်ဒဏ်ရာရရှိပြီး သေဆုံးသူတွေ ၇ ယောက်ရှိခဲ့တယ်လို့ သိရပါတယ်။