မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်နေတဲ့အတွက် ကျေးရွာ ၅ ရွာက အရပ်သား ၇ထောင်နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဇန်နဝါရီလ ၃၀ရက် မနေ့ကစလို့ ဆိပ်ဖြူမြို့နယ်၊ ရွှေဘိုကျွန်းရွာ စာသင်ကျောင်းထဲ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေက ကျောက်ကြီးရွာနဲ့ ညောင်ဂွေးဝရွာတွေကို စစ်ကြောင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ညောင်ဂွေး​ဝကျေးရွာ တောင်ဘက် ဘုရားကုန်းနားမှာ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်တို့ မိနစ်၃၀ကြာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။

အဲ့ဒီနောက်မှာတော့ စစ်ကောင်စီက ညောင်ဂွေးဝရွာကို ဝင်ရောက်ပြီး ပြည်သူပိုင်စျေးဆိုင်တွေ၊ လူနေအိမ်တွေကို မွှေနှောက်ဖျက်ဆီးကာ ဆိုင်ကယ်၂စီးနဲ့ ကားဝပ်ရှော့ ၁ခုကိုလည်းမီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။

အကြမ်းဖက်စစ်ကြောင်းကြောင့် ဆိပ်ဖြူမြို့နယ်အတွင်း တိမ်းရှောင်နေရသူများ (ဓာတ်ပုံ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)

လက်ရှိမှာ အကြမ်းဖက်စစ်ကြောင်းကြောင့် ကျောက်ကြီး၊ ညောင်ဂွေးဝ၊ တောင်ဖြူ၊ အရှေ့ရှားတောနဲ့ အနောက်ရှားတောရွာတွေက အရပ်သား ၇၀၀၀နီးပါး စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ 

အဲ့ဒီနေ့ညပိုင်းမှာပဲ စစ်ကောင်စီတပ်တွေက ဆိပ်ဖြူမြို့နယ်၊ ကူရှည်အုပ်စု၊ အလယ်စုကျေးရွာကို ဝင်ရောက်စီးနင်းပြီး မီးရှို့ခဲ့သေးတယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကျေးရွာအတွင်းက နေအိမ်တွေကို မီးရှို့ဖျက်ဆီးကာ လူငယ် ၁၅ယောက်ကိုလည်း စစ်မှုထမ်းအတွက် ပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့ ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူကပြောပါတယ်။

“တပ္မခေါက်ကနေ ဆိပ်ဖြူပြန်တဲ့ ဈေးကားတွေနဲ့ စခတွေ လိုက်လာပြီး အိမ် ၄လုံးကို မီးရှို့တယ်။ လူငယ်တွေကိုလိုက်ဖမ်းတယ်ပေါ့။ အဲ့မှာသားဖြစ်သူကိုပြေးဖို့ပြောတဲ့မအေကို ရိုက်နှက်တယ်။လူငယ်၁၅ယောက်လောက်လည်းခေါ်သွားတယ်ပြောတယ်..အဲဒါ..အတိကျမပြောတက်သေးဘူး။ ဒီနေ့နေ့ခင်းပိုင်းအထိတော့ ပြန်မရောက်သေးဘူးပြောတယ်” လို့ ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူကမောင်းကိုပြောပါတယ်။

ဆိပ်ဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်ကြောင်းဟာ ကပစ ၂၂က ဖြစ်ကြောင်းနဲ့ ကျေးရွာတွေထဲ ဆက်လက်စစ်ကြောင်းထိုးနေကြောင်း သိရပါတယ်။

0 Shares:
You May Also Like
Read More

မင်းလှတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အငြိမ်းစား ကျောင်းဆရာမကြီး သေဆုံး

ပဲခူးတိုင်း၊ မင်းလှမြို့နယ်က ဖားလေးကွင်း (မြောက်စု) ကျေးရွာကို လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့တာကြောင့် အသက် ၈၀ ကျော်အရွယ် အငြိမ်းစား ကျောင်းဆရာမကြီး ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

စစ်ကောင်စီက YBS ကားပေါ်အထိ တက်ပြီး လူငယ်တွေကို ဖမ်းဆီးမှုတွေ ရှိနေ

ရန်ကုန်မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက မြို့တွင်းပြေးဆွဲနေတဲ့ YBS ကားပေါ်အထိ တက်ပြီး လူငယ်တချို့ကို ဖမ်းဆီးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီဆီ မတရားစစ်မှုထမ်းနေရတဲ့ တပ်သား ၁ ယောက် လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာလို့ ဆုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်…

အကြမ်းဖက်စစ်ကောင်စီရဲ့ မတရားစစ်မှုထမ်း ဥပဒေကြောင့် စစ်ကောင်စီအတွက် စစ်မှုထမ်းနေရတဲ့ တပ်သား ၁ ယောက်က လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတာကြောင့် ဆုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့တယ်လို့ တနင်္သာရီတိုင်းအခြေစိုက် ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် - TPLF က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

စလင်းမှာ အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ၃ ယောက်သေပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ သရက်ချည်ကျေးရွာ အနီးတဝိုက် ရောက်ရှိနေတဲ့ အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ၃ ယောက်သေပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ ၊ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

အတင်းအဓမ္မ တပ်သားစုဆောင်းခံခဲ့ရသည့် ခမရ ၅၅၈ က တပ်ကြပ်ကြီး အပါအဝင် တပ်သား (၇) ဦး လက်နက်များနှင့် အလင်းဝင်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ ၅၅၈ မှာ  တာဝန်ကျနေတဲ့ တပ်ကြပ်ကြီး ၁ ယောက် အပါအဝင် စစ်ကောင်စီတပ်သား ၇ ယောက် လက်နက်တွေနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

နေပြည်တော်တိုင်းစစ်ဌာန PDF တပ်ရင်း (၈၀၈) မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲ

ပြည်သူ့ကာကွယ်ရေးတပ်မတော် နေပြည်တော်တိုင်းစစ်ဌာန၊ တပ်ရင်းအမှတ် (၈၀၈) က မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။