ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟို ဌာနချုပ်ရှိရာ တပ်မဟာ ၇ ရှိ စစ်ရေးပြကွင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဇန်နဝါရီလ ၃၁ ရက် ဒီနေ့ မနက်ပိုင်းက KNU ဌာနချုပ်ရှိရာ တပ်မဟာ ၇ ရှိ စစ်ရေးပြကွင်းအတွင်း စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံး ၂ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ရာ လူ ၁ ယောက် အနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ရေးပြကွင်းဘေးရှိ အဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ပေါင်း ၃၀ ကြာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် KNU ဌာနချုပ်ဟောင်း မာနယ်ပလောဒေသမှာ ဒီနေ့ ကျရောက်တဲ့ (၇၆) နှစ်မြောက် ကရင့်တော်လှန်ရေးနေ့အခမ်းအနား ပြုလုပ်ခဲ့ရာ အခမ်းအနားကို KNLA ဒုစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲ အပါအဝင် ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO)၊ ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) တို့က တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မန္တလေးမှာ စစ်သားသစ် စုဆောင်းခံရသူ စစ်ကောင်စီတပ်သားသစ်တစ်ဦး စလင်း ပကဖ ထံ ခဲယမ်းများနှင့် အလင်းဝင်

မကွေးတိုင်း၊ စလင်းမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ကနေ စစ်မှုထမ်းဆင်း စစ်ကောင်စီတပ်သားသစ် ၁ ယောက် ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - စလင်း (စလင်း ပကဖ)က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖားကန့်တွင် စစ်တပ် ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် ဒေသခံ ၁ ဦး ဒဏ်ရာရ၊ လက်သည်မပေါ်ဘဲ သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်း ၂ လောင်းလည်း တွေ့ရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ကို ထိတွေ့တိုက်ပွဲမရှိဘဲ စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူတချို့ ထိခိုက်ဒဏ်ရာရပြီး နေအိမ်တချို့လည်း ထိမှန်ပျက်စီးသွားတယ်လို့ ဖားကန့်နယ်ခံတွေဆီက သိရပါတယ်။
Read More

သီပေါမြို့နယ်ရှိ ဟိုတယ်တစ်ခုကို အကြမ်းဖက်စစ်တပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ထပ်မံလာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်ကိုးရီးယားတွင် ပြုလုပ်ခဲ့သည့် စစ်ရှောင်ရန်ပုံငွေ ဖျော်ဖြေပွဲမှ ကျပ်သိန်း ၉၀၀ နီးပါး ရရှိ

တောင်ကိုရီးယားမှာ စစ်ရှောင်ကူ ရန်ပုံငွေတေးဂီတဖျော်ဖြေပွဲကို LGBTQ+ တို့နဲ့အတူ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး စုစုပေါင်း ရန်ပုံငွေ (27,936,000 Won) ၊ မြန်မာငွေ ကျပ်သိန်း၉၀၀ နီးပါး ရရှိခဲ့တယ်လို့ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီ အောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) ထံက သိရပါတယ်။
Read More

ကျောက်ဂူဒေသကို စစ်ကောင်စီ တစ်ရက်အတွင်း ဗုံးသီး ၅၀ ကျော် ကြဲချ၊ ပြည်သူ ၃ယောက် သေဆုံးပြီး ၁၀ယောက် ဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့၊ ကျောက်ဂူဒေသကို စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်လို့ အရပ်သားပြည်သူ (၃)ယောက် အသက်ဆုံးရှုံးခဲ့ရပြီး (၁၀)ယောက် ဒဏ်ရာရရှိခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF) က ထုတ်ပြန်ပါတယ်။
Read More

KK Park မှ ထွက်ပြေးလာသူများကြောင့် မြဝတီမှ ဟိုတယ်များ လူပြည့်

ကရင်ပြည်နယ်၊ မြဝတီကို ရွှေကုက္ကိုလ်ကနေ ကျားဖြန့်လုပ်ကိုင်သူတွေ ထွက်ပြေးလာတာကြောင့် မြဝတီမြို့အတွင်းရှိ ဟိုတယ်အခန်းတွေ အကုန်လူပြည့်နေပြီလို့ မြို့ခံတွေထံက သိရပါတယ်။