ရတနာပုံတော်လှန်ရေးတပ်ဖွဲ့က ကြီးမှူးကျင်းပခဲ့တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၇) သင်တန်းဆင်းပွဲ အခမ်းအနားကို ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ရဲ့ ယာယီဌာနချုပ်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ ၃၀ ရက်မှာ ပြုလုပ်တဲ့ သင်တန်းဆင်းပွဲကို မဟာမိတ်တပ်ဖွဲ့တွေက ရဲဘော်တွေနဲ့ ဒေသခံပြည်သူတွေ တက်ရောက်ခဲ့တယ်လို့ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့က ဆိုပါတယ်။

သင်တန်းဆင်းပွဲ အခမ်းအနားမှာ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ရဲ့ ဗဟိုဦးဆောင်အဖွဲ့ဝင် ရဲဘော်တစ်ယောက်က ဂုဏ်ပြုအမှာစကားပြောကြားခြင်း၊ သင်တန်းအတွင်း ဆုရရှိသူရဲဘော်တွေကို ဂုဏ်ပြုဆု ပေးအပ်ခြင်းနဲ့ တပ်မှူးကို သင်တန်းဆင်းရဲဘော်တွေက စစ်ကြောင်းနဲ့ ချီတက်အလေးပြုခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် မြောက်ဦးမြို့ကို စစ်ကောင်စီ ဗုံးသီး ၂၁ လုံးခန့် ကြဲချတိုက်ခိုက်၊ အရပ်သား ၂ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်ရှိ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် မြောက်ဦးမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရခိုင်ဒေသတွင်း သတင်းဌာနတွေ ဖော်ပြမှုနဲ့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ချောင်းဦးမြို့နယ်တွင် စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၂ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငါးလုံးတင်ရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၂ ယောက် ထိမှန်သေဆုံးခဲ့ကြောင်း ချောင်းဦး ပကဖထံက သိရပါတယ်။
Read More

ရခိုင်ပြည်နယ် အပို့ခံထားရတဲ့ ဧရာဝတီတိုင်းက စစ်တပ်တွေ အသေအပျောက် များနေပြီး စစ်မှုထမ်းဥပဒေအရ သင်တန်းတက်ရောက်နေသူတွေ စစ်ကောင်စီ ပို့ပေးနေ…

ရခိုင်ပြည်နယ်၊ အမ်း၊ ဂွ၊ တောင်ကုတ်နဲ့ မောင်းတောမြို့နယ်တွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း ဧရာဝတီတိုင်း အခြေစိုက်တဲ့ တပ်ရင်းတွေ အပို့ခံထားရပြီး တိုက်ပွဲအတွင်းသေဆုံးတာ၊ ထွက်ပြေးတာနဲ့ အရှင်ဖမ်းဆီးခံရမှုတွေကြောင့် ဧရာဝတီတိုင်းထဲက စစ်မှုထမ်းဥပဒေနဲ့ စစ်သင်တန်းတတ်ရောက်နေတဲ့ စစ်သားသစ်တွေ ထပ်မံပို့ဆောင်ပေးနေရတယ်လို့ အကြမ်းဖက်စစ်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
Read More

ကရင်ပြည်နယ်အတွင်းရှိ လက်နက်ကိုင်များကြောင့် ပြည်နယ် မတည်မငြိမ်ဖြစ်နေဟု နိုင်ငံအနှံ့ စစ်ရာဇဝတ်မှုများစွာ ကျူးလွန်နေသည့် မင်းအောင်လှိုင် ပြော

အာဏာသိမ်းအကြမ်းဖက် စစ်ခေါင်းဆောင်က ကရင်ပြည်နယ်ကို တည်ငြိမ်အေးချမ်းမှု ပျက်ယွင်းအောင် လုပ်ဆောင်နေသူတွေဟာ ကရင်ပြည်နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တယ်လို့ ပြောလာပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က ပခုက္ကူမြို့နယ်ထဲက ဇောက်ဂျမ်းကုန်းကျေးရွာကို ရွာလုံးကျွတ်နီးပါး စစ်ကြောင်းထိုးမီးရှို့

အကြမ်းဖက်စစ်အုပ်စုစစ်‌ကြောင်းဟာ ပခုက္ကူမြို့နယ်၊ ဖေါင်းကွဲအုပ်စု ၊ ဇောင်ဂျမ်းကုန်းရွာကို ရွာလုံးကျွတ်နီးပါး မီးရှို့ ဖျက်စီးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံမှ သိရပါတယ်။ အဆိုပါစစ်တပ်နဲ့ ပျူစောထီးပူးပေါင်းစစ်ကြောင်းဟာ မနေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ အဆိုပါ ဇောင်ဂျမ်းကုန်းကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် အခုလို မီးရှို့မှုတွေကို လုပ်ဆောင်ခဲ့တာလို့ သိရတာပါ။ ဒါ့အပြင် ဇော်ဂျမ်းကုန်းကျေးရွာရှိ ပြည်သူပိုင် စားနပ်ရိက္ခာတွေကိုလည်း အဆိုပါစစ်ကြောင်းက သယ်ဆောင်သွားတယ်လို့ သိရပါတယ်။
Read More

လယ်ထွန်မည့် ပျူစောထီးများ ချုံခိုတိုက်ခိုက်ခံရပြီး ၂ ဦး သေ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်မှာ လယ်ထွန်ဖို့ထွက်လာတဲ့ ပျူစောထီးတွေကို ချုံခိုတိုက်ခိုက်ရာ ၂ ယောက် သေဆုံးပြီး လက်နက်နဲ့ ပစ္စည်းတချို့သိမ်းဆည်းရရှိခဲ့တယ်လို့ Ngwe Dwin Revolution Force တာဝန်ရှိသူက မောင်းကို ပြောပါတယ်။