ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ (ဌ) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)က ထုတ်ပြန်ထားပါတယ်။

‌ဇန်နဝါရီ ၃၀ ရက်မှာ အဆိုပါ ရပ်ကွက်ရုံးကို လက်ပစ်ဗုံး၊ အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲ့ဒီတိုက်ခိုက်မှုကြောင့် ၂ ယောက် ဒဏ်ရာရကာ စစ်ဆင်ရေး လုပ်ဆောင်ခဲ့တဲ့ ရဲဘော်တွေ ဘေးကင်းရာကို ပြန်လည်ရောက်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ (ဌ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ပြည်သူပိုင်မြေတွေနဲ့ မီးတားမြေကွက်တွေကို အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းပြီး အရောင်းအဝယ်လုပ်နေတာကြောင့် အခုလို ဖောက်ခွဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ မြောက်ဥက္ကလာပမြို့နယ် (ပကဖ)က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မြိုင်မှာ NUG ရဲ့ အောင်ဆန်းပညာရပ်စုံ တက္ကသိုလ်နေရာ သတင်းပေါက်ပြီး ဗုံးကြဲခံရ၊ CDM ကျောင်းသူ ၁ဦး သေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွင့်လှစ်မယ့် အောင်ဆန်းပညာရပ်စုံတက္ကသိုလ်နေရာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ CDM ကျောင်းသူ ၁ယောက် သေဆုံးပြီး ၄ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

Special Operation Group(SOG) စစ်ကြောင်းရဲ့ အထူးစစ်ဆင်ရေးသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနား…

ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ်(၃) ၊ Special Operation Group - SOG (P-29916) စစ်ကြောင်းက ပြုလုပ်တဲ့ အထူးစစ်ဆင်ရေး မွမ်းမံသင်တန်းနဲ့ မြို့ပြစစ်ဆင်ရေးသင်တန်းရဲ့ သင်တန်းဆင်းလက်မှတ် ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၆ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ SOG စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

အရာတော်မှာ နယ်မြေစိုးမိုးရေး ကင်းလှည့်သည့် စစ်အုပ်စု ခြုံခိုတိုက်ခံရ၊ ၅ ဦးသေပြီး ၃ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်မှာ နယ်မြေစိုးမိုးရေးအတွက် ကင်းလှည့်လာတဲ့ ပျူစောထီးနဲ့ စစ်သားတွေ တိုက်ခိုက်ခံရပြီး ၅ ယောက် သေဆုံးကာ ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်း အမှတ်-၁၉၊  ရောင်နီဦးတပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရာမညမွန်တပ်တော် RMA နှင့် မွန်လွတ်မြောက်ရေးတပ်တော် MLF ပေါင်းစည်း

စစ်အာဏာရှင်စနစ်ကို ထိထိရောက်ရောက် တိုက်ဖျက်ချေမှုန်းနိုင်ဖို့အတွက် မွန်လွတ်မြောက်ရေးတပ်တော် (MLF) နဲ့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)/ ရာမညမွန်တပ်တော် (NMSP-AD)/ RMA တို့ ပေါင်းစည်းလိုက်ကြောင်း အဆိုပါအဖွဲ့တွေက ပူးတွဲထုတ်ပြန်ပါတယ်။
Read More

ပဲခူးတိုင်းစစ်ဌာန ကွပ်ကဲရေးမှုး၊ ပဲခူးတိုင်းစစ်ဌာန စစ်ဆင်ရေးမှုးတို့နှင့် ပဲခူးခရိုင် ပကဖ ရဲဘော်များ တွေ့ဆုံ… (ဓာတ်ပုံသတင်း)

ပဲခူးတိုင်းစစ်ဌာန တိုင်းကွပ်ကဲရေးမှူးနဲ့ တိုင်းစစ်ဌာနစစ်ဆင်ရေးမှူးတို့ဟာ ကရင်အမျိုးသားအစည်အရုံး (KNU) တပ်မဟာ (၁) နယ်မြေအတွင်းရှိ ပဲခူးခရိုင်ပကဖ ရဲဘော်တွေနဲ့ တော်လှန်ရေးနယ်မြေအတွင်း တစ်နေရာမှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ချောင်းဦးမြို့ပေါ် ရပ်ကွက်များမှ အရပ်သား ၉ ဦးအထိ စစ်ကောင်စီ ဖမ်းဆီးသတ်ဖြတ်ထား…

" မြို့ပေါ်ရပ်ကွက်ပေါင်းစုံကနေ ဖမ်းတယ်။ စစ်တယ်။ ပြန်လွှတ်တယ်။ သတ်ချင်ရင်သတ်တယ်။ ဇူလိုင်လ ၁၈ ရက်ကတည်းက လုပ်တာဆိုတော့ အရေအတွက်က ရာနဲ့ချီနေပါပြီ။ မြို့ပေါ်မှာ ရပ်ကွက်ကြီး ၆ ရပ်ကွက်၊ ရပ်ကွက်ငယ်တွေနဲ့ဆို ၁၅ခုပေါ့။ သူတို့ကတစ်ရပ်ကွက်ချင်းကိုအထိုင်ချပြီးဖမ်းနေတာပါ။ " လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းတာဝန်ခံကိုသန့် က မောင်းသတင်းဌာနကို ပြောပါတယ်။