မြန်မာပြည်သူတွေဟာ ကုလသမဂ္ဂအပေါ် မျှော်လင့်ချက်နဲ့ ယုံကြည်မှုတွေ လျော့ပါးလာတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။

စစ်တပ် အာဏာသိမ်းကာလ လေးနှစ်ပြည့်ခါနီးအချိန်မှာ မြန်မာပြည်သူတွေ နေ့တိုင်းဒုက္ခဆင်းရဲတွေ ခံစားနေရပြီး၊ အသက်ပေါင်းများစွာ သေကျေပျက်စီးနေမှုအပေါ် ကုလရဲ့ ဝင်ရောက်ပါဝင် ဆောင်ရွက်နိုင်မှုဟာ မရှိသလောက် ဖြစ်နေတာကြောင့် ပြည်သူတွေဆုံးရှုံးနစ်နာနေရတယ်လို့ သံအမတ်ကြီးကပြောပါတယ်။

ဇန်နဝါရီလ ၃၀ ရက်နေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီ ညီလာခံအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သံအမတ်ကြီးက ပြောကြားလိုက်တာပါ။

တစ်ဆက်တည်းမှာပဲ  ကုလသမဂ္ဂနဲ့ နိုင်ငံတကာအနေနဲ့ စစ်ကောင်စီ ကျင်းပမဲ့ ‘အတုအယောင်’ ရွေးကောက်ပွဲကို လက်မခံကြဖို့နဲ့ မြန်မာစစ်တပ်ကို လက်နက်နဲ့ လောင်စာဆီ ရောင်းချမှုတွေ ရပ်တန့်ပေးကြဖို့ ထပ်မံတောင်းဆိုလိုက်ပါတယ်။ 

  “ မြန်မာနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ ကို ချမှတ်နိုင်ခဲ့တာတောင်မှ အကောင်အထည် မဖော်နိုင်သေးပါဘူး။ မြန်မာပြည်သူတွေဟာ နိုင်ငံတကာက ထိရောက်တဲ့ ဆောင်ရွက်ချက်တွေ မရှိတဲ့အတွက် အလွန် စိတ်ပျက်နေတဲ့အကြောင်း ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကလည်း ဒီနေရာမှာတင် ကျွန်တော်ပြောခဲ့ပြီး ဖြစ်ပါတယ်”လို့ ဦးကျော်မိုးထွန်းကဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းတာ လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့ဆိုရင် ၄ နှစ်ပြည့်မြောက်တော့မှာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂအထွေထွေညီလာခံ သဘာပတိဖြစ်သူနဲ့ တွေ့ဆုံခဲ့

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက (၇၉) ကြိမ်မြောက်ကုလသမဂ္ဂ အထွေထွေညီလာခံ သဘာပတိအဖြစ် ဆောင်ရွက်မယ့် Philemon Yang နဲ့ စက်တင်ဘာ ၁၆ ရက် မနေ့က တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်အုပ်စုနှင့် လက်ဝေခံများ ကျားဖြန့် ရပ်ဝန်းများ ကျယ်ပြန့်အောင် လုပ်ဆောင်ကာ နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်နေဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလတွင် တင်ပြ

အာဏာသိမ်း အကြမ်းဖက်စစ်တပ်နဲ့ သူ့ရဲ့ လက်ဝေခံတွေဟာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို ပိုမိုကျယ်ပြန်အောင် လုပ်ဆောင်နေပြီး နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။
Read More

ထိုင်း-မလေး ရေနယ်နိမိတ်အတွင်း ရိုဟင်ဂျာလှေနစ်မြုပ်မှု သေဆုံးသူ ၂၇ ဦး အထိ တိုးလာ

ရခိုင်ပြည်နယ်၊ ဗူးသီးတောင်က ရိုဟင်ဂျာတွေအပါအဝင် ရွှေ့ပြောင်းဒုက္ခသည်တွေ လိုက်ပါလာတဲ့ လှေတစီး ထိုင်း-မလေးရှား ရေနယ်နိမိတ်ထဲ နစ်မြုပ်ခဲ့ရာမှာ နိုဝင်ဘာ ၁၀ ရက်နေ့အထိ သေဆုံးသူ ၂၇ ယောက်အထိ မြင့်တက်လာတယ်လို့ သိရပါတယ်။ 
Read More

ယူကရိန်းအတွက် စစ်ရေးအကူအညီများ အမေရိကန် ဆိုင်းငံ့

အမေရိကန်အနေနဲ့ ယူကရိန်းကို ပေးအပ်တဲ့  စစ်ရေးအကူအညီတွေကို ခေတ္တဆိုင်းငံ့ထားလိုက်ကြောင်း အိမ်ဖြူတော် တာဝန်ရှိသူတစ်ယောက်က မတ်လ ၃ ရက်မှာ ပြောဆိုခဲ့တယ်လို့ Reuters သတင်းက ဖော်ပြပါတယ်။
Read More

လူသားချင်းစာနာမှုဆိုင်ရာ ကိုရီးယား၏ အကူအညီ အကြမ်းဖက်စစ်အုပ်စု လက်ထဲ ပေးမည်မဟုတ်ဟု ကိုရီးယား လွှတ်တော်အမတ်များ မြန်မာ့အရေး ကြားနာပွဲမှာ ပြောဆို

တောင်ကိုရီးယားနိုင်ငံရဲ့ လွှတ်တော်မှာ ပြုလုပ်ခဲ့တဲ့ မြန်မာ့အရေး ကြားနာပွဲမှာ တောင်ကိုရီးယား လွှတ်တော်အမတ်တွေက လူသားချင်းစာနာမှုဆိုင်ရာ ကိုရီးယားရဲ့ အကူအညီတွေကို အကြမ်းဖက်စစ်အုပ်စု လက်ထဲ ပေးမှာမဟုတ်ကြောင်း ပြောဆိုခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ ကိုးရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။
Read More

ထိုင်းရဲ ဖမ်းဆီးမှုကို ထွက်‌ပြေးရင်း ယဥ်တိုက်မှုဖြစ်ပွားခဲ့ပြီး မြန်မာ ၆ ဦး သေဆုံး

ထိုင်းနိုင်ငံ၊ နခွန်ပတွမ်ပြည်နယ်၊ ဘန်လမ်ခရိုင်မှာ နိုဝင်ဘာ ၁၉ ရက် ည ၁၁ နာရီခွဲကျော်ခန့်က ယာဉ်မတော်တဆမှုကြောင့် မြန်မာနိုင်ငံသားအပါအဝင် ၇ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။