ကရင်အမျိုးသားအစည်းအရုံး (KNU) က နှစ်ပေါင်း ၃၀ ကြာပြီးတဲ့နောက် ပထမဆုံးအကြိမ်အဖြစ် KNU ဌာနချုပ်ဟောင်း မာနယ်ပလောဒေသမှာ ဇန်နဝါရီ ၃၁ ရက်မှာ ကျရောက်တဲ့ (၇၆) နှစ်မြောက် ကရင့်တော်လှန်ရေးနေ့အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

KNU အနေနဲ့ မာနယ်ပလောဒေသကို ပြန်လည်ထိန်းချုပ်နိုင်ပြီးနောက် ပထမဆုံးအကြိမ် ကရင့်တော်လှန်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ပြန်လည်ကျင်းပခဲ့တာပါ။

မာနယ်ပလောမှာ ကျင်းပတဲ့ ကရင့်တော်လှန်ရေးနေ့အခမ်းအနားကို KNLA ဒုစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ အပါအဝင် ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO)၊ ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) တို့က တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

KNU ဌာနချုပ်ဖြစ်ခဲ့တဲ့ မာနယ်ပလောဒေသကို မြန်မာစစ်တပ်က ၁၉၉၅ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တပ်စခန်း ၈ ခုနဲ့ အထိုင်ချ ထိန်းချုပ်ထားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီဌာနချုပ်ဟောင်းနေရာက တပ်စခန်းတွေကို KNLA ပူးပေါင်းတပ်တွေက ၂၀၂၃ ခုနှစ်မှာ စတင် ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလလယ်မှာ နို့ဒေးစခန်းခေါ် နောက်ဆုံးလက်ကျန် ခမရ (၉၁၃) တပ်စခန်းကို သိမ်းပိုက်နိုင်ပြီးနောက် မာနယ်ပလောကို အပြီးသတ် ပြန်လည် ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

 

 

မာနယ်ပလောမှာ ပြုလုပ်တဲ့ (၇၆) နှစ်မြောက် ကရင့်တော်လှန်ရေးနေ့အခမ်းအနား (ဓာတ်ပုံ Wild Bird)

0 Shares:
You May Also Like
Read More

ဟားခါးမြို့မရဲစခန်းအတွင်း ဝင်ရောက်ခဲ့သည့် CDF-Hakha နှင့် CNA အကျဥ်းသားများ ကယ်ထုတ်ရေးမစ်ရှင် 

ချင်းပြည်နယ်၊ ဟားခါးမြို့မရဲစခန်းမှာ အကြမ်းဖက် စစ်ကော်မရှင် မတရား ဖမ်းဆီးချုပ်နှောင်ထားတဲ့ တော်လှန်ရေးရဲဘော်တွေကို သွားရောက်ကယ်ထုတ်နိုင်ခဲ့ကြောင်း Chinland Defense Force – Hakha က ဒီည ထုတ်ပြန်ပါတယ်။
Read More

မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီအဖွဲ့ဝင် ၃၃ ဦးကို အကြမ်းဖက်သမားများအဖြစ် ကြေညာကာ ဖမ်းမိနိုင်ရေး ကြိုးပမ်းမည်ဟု NUG ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့က ပြည်သူတွေ စစ်ကောင်စီလို့ ခေါ်ကြတဲ့ အကြမ်းဖက်စစ်အုပ်စုဖြစ်တဲ့ “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ” အဖွဲ့ဝင်တွေကို အကြမ်းဖက်သမားတွေအဖြစ် ဒီဇင်ဘာ ၂၁ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

ရှမ်းတောင်နှင့် ကရင်နီအစပ်မှာ ဖြစ်ပွားခဲ့သည့် ၂လကြာ ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က ၄၀ ကျော် သေဆုံး…

ရှမ်းနဲ့ ကရင်နီအစပ် ဆီဆိုင်မြို့က ရွှေတဂူစခန်းကုန်းသိမ်းပွဲအပါအဝင် ၂ လတာအတွင်းလုပ်ဆောင်ခဲ့တဲ့ ဒရုန်းစစ်ဆင်ရေးနဲ့ ​ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့ဝင် အယောက် ၄၀ ကျော် ထိခိုက်သေဆုံးပြီး လက်နက်အလက် ၃၀ ကျော်နဲ့ စစ်သုံ့ပန်းတွေလည်း ဖမ်းဆည်းရမိခဲ့တယ်လို့ ဖယ်ခုံ PDF ၁၀၀၆ တပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုမြို့နယ်တွင် ရေဘေးသင့် ရေရှည်စစ်ဘေးရှောင် ပြည်သူများကို ကူညီထောက်ပံ့ခဲ့ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ် ရေဘေးသင့် ရေရှည်စစ်ဘေးရှောင် ပြည်သူတွေကို Shwebo Crococdile တပ်ဖွဲ့၊ ရွှေဘိုမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ နဲ့ ရွှေဘိုမြို့နယ် လူ့ခွင့်ရေးတာဝန်ခံ တို့က ပြည်တွင်း ပြည်ပ အလှူရှင်တွေရဲ့ ထောက်ပံ့အလှူငွေနဲ့ ပြည်သူ မှ ပြည်သူသို့ ပြန်လည်ထောက်ပံ့ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Read More

နွားစာရိတ်ဖို့ ထွက်လာတဲ့ ပျုစောထီး စနိုက်ဘာနဲ့ ပစ်ခံရလို့ သေဆုံး

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တောင်ပိုင်း၊ သရက်ကန်ပျူရွာက သိန်းတန် အမည်ရှိ ပျုစောထီးတစ်ယောက်ဟာ နွားစာရိတ်ဖို့ ထွက်လာချိန်မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ စနိုက်ဘာနဲ့ ပစ်ခတ်ခြင်းကို ခံခဲ့ရပြီး၊ ကျည်ထိမှန်သေဆုံးသွားတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု- PLC တပ်ဖွဲ့ထံမှ သိရပါတယ်။ နိုဝင်ဘာ ၁ ရက်၊ ဒီကနေ့ မနက် ၈ နာရီကျော်လောက်မှာ အဲဒီပျုစောထီးတပ်သားဟာ သရက်ကန်ပျုရွာ အနောက်မြောက်ဖက်ခြမ်းရှိ မြေပဲခင်းဆီကို နွားစာရိတ်ဖို့ ထွက်လာချိန်မှာ စနိုက်ဘာနဲ့ ပစ်ခတ်ခံရတာဖြစ်ပြီး ရင်ဘတ်ကိုထိမှန်ကာ သေဆုံးသွားတယ်လို့ သိရတာပါ။
Read More

ရေဖြူမှာ စစ်တပ်အထိုင်ချထားတဲ့ ထွေအုပ်ရုံးအပါအဝင် ဌာနဆိုင်ရာရုံးများအား တော်လှန်ရေးတပ်များ သိမ်းပိုက် မီးရှို့ခဲ့

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်ထဲက စစ်တပ်အထိုင်ချနေရာတွေဖြစ်တဲ့ မြို့နယ်ထွေအုပ်ရုံးအပါအဝင် ဌာနဆိုင်ရာရုံးတွေရှိတဲ့ မြို့နယ်စုပေါင်းရုံးနဲ့ မြို့မရဲစခန်းတို့ကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး ထွေအုပ်ရုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။