တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်း KNLA တပ်ရင်း (၁၁) နယ်မြေကို အကြမ်းဖက်စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်မှာ ဖြစ်တဲ့အတွက် စစ်ပွဲကာလ ကြာရှည်နိုင်တယ်လို့ BLACK Cobra Column က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။

KNLA တပ်ရင်း(၁၁) နယ်မြေအတွင်း မောတောင်နယ်စပ်တပ်စခန်းကို တပ်အချိန်းအပြောင်းပြုလုပ်ဖို့၊ မောတောင်မြို့က ပျူစောထီးတွေကို လက်နက်တပ်ဆင်ပေးဖို့နဲ့ တနင်္သာရီ-မောတောင်ကားလမ်းကို ပြန်လည်စိုးမိုးရယူဖို့အတွက် အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ဆင်ရေးတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

KNU ထိန်းချုပ်နယ်မြေအတွင်း ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်ကစလို့ ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားနေပြီး အခုလည်း စစ်ကောင်စီတပ်က အင်အားတိုးချဲ့ကာ ထိုးစစ်ဆင်မှုတွေ ထပ်မံ ပြုလုပ်လာတယ်လို့ ဆိုပါတယ်။

KNU တနင်္သာရီမြို့နယ်၊ KNLA တပ်ရင်း(၁၁) နယ်မြေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေအားလုံးနဲ့ တပ်ဖြန့်ထားတဲ့ နေရာအားလုံးကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ပြီး ပိုမိုပြင်းထန်တဲ့ တန်ပြန်တိုက်ခိုက်မှုတွေ အချိန်မရွေး ပြန်လည်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ဒေသခံတွေ၊ ခရီးသွားပြည်သူတွေအနေနဲ့ တနင်္သာရီ-မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းကို အထူးအရေးပေါ်ကိစ္စ၊ သေရေးရှင်ရေးနဲ့ နာရေးကိစ္စကလွဲလို့ မလိုအပ်ဘဲ ခရီးမသွားလာဖို့ မေတ္တာရပ်ခံထားပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်က ရွှေ၊ ငွေ၊ လက်ဝတ်ရတနာနဲ့ အဖိုးတန်ပစ္စည်းတွေ၊ ဆိုလာ၊ ဘတ္ထရီတွေ၊ ဆန်နဲ့ ရိက္ခာတွေပါမကျန် ခိုးဝှက်ယူဆောင်နေတာကြောင့် ပြည်သူတွေ စစ်ဘေးလွတ်ရာ ပြောင်းရွှေ့ဖို့လည်း BLACK Cobra Column က အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဗန်းမော်မြို့ပေါ်က နေရာသုံးနေရာမှာ အဓိကတိုက်ပွဲတွေ ပြင်းထန်နေ၊ မြို့ရဲ့နေရာအများစုကို KIA က စတင်ထိန်းချုပ်

KIA နဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေပြင်းထန်နေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ထဲမှာ နေရာ သုံးနေရာမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေကြောင်း ကချင် စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီရဲ့ တပ်မဟာ (၁) က ၆ လပတ်အစည်းအဝေးနဲ့ တပ်တွင်းစည်းလုံးရေး ဘောလုံးပြိုင်ပွဲ ပြုလုပ်

ချင်းပြည်နယ်အခြေစိုက် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ - မတူပီ၊ တပ်မဟာ-၁ (ဆီနိုင်းတပ်ရင်း) က ၆ လပတ်အစည်းအဝေးနဲ့ တပ်တွင်းစည်းလုံးရေးအတွက် ဆီနိုင်းတိုက်နယ် ဘောလုံးပြိုင်ပွဲကို နိုဝင်ဘာလ ၄ ရက်နဲ့ ၅ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ပေါက်ခေါင်းရှိ ကျေးရွာများအား မီးရှို့နေသည့် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁၁ဦး သေဆုံးပြီး လက်နက်များနှင့် မူးယစ်ဆေးများ သိမ်းဆည်းရမိ

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်က ကျေးရွာတွေကို မီးပတ်ရှို့နေတဲ့ စစ်ကောင်စီစစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၁ ယောက် သေဆုံးခဲ့ပြီး လက်နက်တွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ၃၆၀၁ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ပေးသည့် လူမှုထူးချွန်ဆုများကို ဒိန်းဒေါင် အပါအဝင် သရုပ်ဆောင်၊ ဒါရိုက်တာနှင့် လူရွှင်တော်များ ရရှိ

အကြမ်းဖက်စစ်တပ်​အတွက် ဖျော်ဖြေပေးနေတဲ့ ဟာသသရုပ်ဆောင် ဒိန်း​ဒေါင် အပါအဝင် စစ်အုပ်စုထောက်ခံသူ သရုပ်ဆောင်တွေနဲ့ ဒါရိုက်တာတွေကို စစ်ကော်မရှင်က အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် လူမှုထူးချွန်ဆုတွေ ချီးမြှင့်လိုက်တယ်လို့သိရပါတယ်။
Read More

အကြမ်းဖက်ဇော်မင်းထွန်းရဲ့ တူတော်စပ်သူလို့ သတင်းထွက်ပေါ်နေတဲ့ ဒုဗိုလ်မှူးကြီး သက်ပိုင်ထွန်းကို အသေဖမ်းမိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာတိုက်ပွဲကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့ အကြမ်းဖက်ဇော်မင်းထွန်းရဲ့ တူတော်စပ်သူ ဒုဗိုလ်မှူးကြီး သက်ပိုင်ထွန်းကို တော်လှန်ရေးတပ်တွေ လိုက်လံပစ်ခတ်ရာ အသေဖမ်းဆီးရမိခဲ့တယ်လို့ တော်လှန်ရေး ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ပေါင်းတလည်မှာ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး ဒလန်လင်မယားကို ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတလည်မြို့၊ အုပ်ဆွဲအုပ်စု၊ ရေကြည်ကုန်းရွာက ရာအိမ်မှူး ဒလန်လင်မယားကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ၃၆၀၁ PPDFတပ်ရင်းက သတင်းထုတ်ပြန်လာပါတယ်။