ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် ၂ လုံး ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး – KNU က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ကျုံဒိုးမြို့နယ်၊ တောင်ကြာအင်း ကျေးရွာအတွင်း ဇန်နဝါရီလ (၃၀) ရက် ညပိုင်းက တိုက်ပွဲမဖြစ်ပွားဘဲ အကြမ်းဖက်စစ်ကောင်စီရဲ့ စကခ (၁၂) လက်အောက်ခံ တပ်သစ်အမြောက်ကုန်းကနေ ၁၂၀ မမ လက်နက်ကြီး (၄) လုံး ပစ်ခတ်ခဲ့တာပါ။ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် တောင်ကြားအင်း ကျေးရွာက နေအိမ် (၂) လုံးနဲ့ အိမ်အသုံးအဆောင်ပစ္စည်းတွေ ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ထိမှန်ပျက်စီးသွားတဲ့ နေအိမ် ၂ လုံးထဲက ၁ လုံးဟာ ၂၀၂၃ ခုနှစ် မတ်လ ၃၀ ရက်တုန်းကလည်း အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ၁ ကြိမ် ထိမှန်ခဲ့ပြီး ဖြစ်ပါတယ်။

စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိမှန်ပျက်စီးသွားသည့် နေအိမ် (၂) လုံး (ဓာတ်ပုံ KNU)

0 Shares:
You May Also Like
Read More

ချောက်မြို့နယ်သို့ စစ်ကူလာသည့် စစ်ကော်မရှင်ယာဥ်တန်း မိုင်းဆွဲခံရပြီး အရာရှိအပါ ၁၂ ဦး သေ

မကွေးတိုင်း၊ ချောက်မြို့နယ်ကို စစ်ကူလာတဲ့ စစ်ကော်မရှင်ယာဥ်တန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ် အရာရှိအပါအဝင် ထိခိုက်‌သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ စစ်ရေးတာဝန်ခံဆီက သိရပါတယ်။
Read More

အကျဉ်းထောင်များတွင် ကျန်းမာရေးစောင့်ရှောက်မှု ငြင်းပယ်ခံရခြင်းကြောင့် သေဆုံးမှု မြင့်တက်လာနေ

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတဝန်းက အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသား/ အကျဉ်းသူတွေဟာ ကျန်းမာရေးစောင့်ရှောက်မှု ငြင်းပယ်ခံရတာကြောင့် သေဆုံးမှုတွေ မြင့်တက်လာနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) အပါအဝင် ပြည်တွင်း၊ ပြည်ပအဖွဲ့ (၁၅) ဖွဲ့ကနေ ပူးတွဲကြေညာချက် ထုတ်ပြန်လာပါတယ်။
Read More

ဒီပဲယင်းမှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၃ နှစ်အရွယ် ကလေးအပါ ၅ ဦးသေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၃ နှစ်အရွယ်ကလေးငယ်အပါအဝင် ၅ ယောက် သေဆုံးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြဝတီမှာ ဆိုလာနဲ့ ဘထ္ထရီအားသွင်းရာက မီးလောင်မှု ဖြစ်ပွားပြီး နေအိမ် ၄ လုံး မီးလောင်ပျက်စီး…

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၅)ရပ်ကွက်၊ ကျွန်းတောဆင်း ၃ လမ်းမှာ ဇန်နဝါရီလ ၁၁ ရက် မနက် ၁၂ နာရီခန့်က ဆိုလာနဲ့ ဘထ္ထရီအားသွင်းရာက မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ မြဝတီမြို့နေထိုင်တဲ့သူတွေဆီက သိရပါတယ်။
Read More

မုံရွာ-အရာတော်လမ်းပိုင်းကို ပြန်လည်အသုံးပြုခွင့်ပေး

တော်လှန်ရေးတပ်တွေ စိုးမိုးထိန်းချုပ်ထားပြီး ကာလရှည် အသုံးပြုခွင့်ပိတ်ထားတဲ့ မုံရွာ-အရာတော်လမ်းပိုင်းကိုပြန်လည်ဖွင့်လှစ်လိုက်ပြီလို့  မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က ထုတ်ပြန်ပါတယ်။
Read More

ပြည်သူတွေ သီတင်းကျွတ်ကို တော်လှန်သီတင်းကျွတ်အဖြစ် ဆင်နွှဲဖို့ သပိတ်အင်အားစုတွေ တိုက်တွန်း

မကြာခင်ရောက်ရှိလာတော့မယ့် သီတင်းကျွတ်ကာလမှာ ပြည်သူတွေအနေနဲ့ ဆီမီးသပိတ်ဆင်နွှဲပြီး တော်လှန်သီတင်းကျွတ်အဖြစ်ဆင်နွှဲကာ စစ်အာဏာရှင်ကို ဆန့်ကျင်တွန်းလှန်ဖို့ သပိတ်အင်အားစုတွေက နှိုးဆော်လိုက်ပါတယ်။