မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ စစ်အုပ်စုတွေတပ်စွဲထားတဲ့ ရုံးပေါင်းစုံ (ရေစကြိုထွေအုပ်ရုံး) ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးကြောင်း Myingyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲထံက သိရပါတယ်။

ဇန်နဝါရီလ ၃၀ ရက်၊ မနေ့က မနက်ပိုင်းမှာ ရေစကြိုရုံးပေါင်းစုံ (ထွေအုပ်ရုံး) ကို MBT အဖွဲ့ဝင်တွေက ပြောက်ကျားနည်းစနစ်နဲ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား၂ယောက်နဲ့အတူ စစ်သားမိန်းမဖြစ်သူတို့ သေဆုံးခဲ့တာလို့ သိရပါတယ်။

“ကျနော်တို့ ဝင်ပစ်ဖို့တော့ တစ်ပတ်လောက်တော့ပြင်ဆင်ရတာပေါ့။ ပြောက်ကျားပစ်တာဆိုတော့ ၄၀မမပစ်ပြီး ပြန်ဆုတ်တယ်။ သိပ်တော့မကြာဘူးပေါ့။ ရုံးပေါင်းစုံထဲ စခအင်အားက ၇၀ကနေ ၁၀၀ ဝန်းကျင် အထိရှိပါတယ်။ ကျနော်တို့ပစ်တော့ သူတို့ဘက်ကလည်း ၆၀မမနဲ့ပြန်ပစ်တယ်။ ကားနဲ့မြို့တွင်းလှည့်ပြီး လူတွေဖမ်းတယ်။ ဘယ်နှယောက်အဖမ်းခံရလဲတော့မသိသေးပါဘူး” လို့ Myingyan Black Tiger ( MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။

ရေစကြိုထွေအုပ်ရုံးကို စစ်ဆင်ရေးဝင်စဉ် (ဓာတ်ပုံ MBT)

ရေစကြိုရုံးပေါင်းစုံ ခေါ် ထွေအုပ်ရုံးဟာ ရေစကြိုမြို့နယ်အတွင်း လက်နက်ကြီး အဓိက ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီအခြေချစခန်းတစ်ခုဖြစ်ပြီး မကြာခဏဆိုသလို  အရပ်သားကျေးရွာတွေဆီ လက်နက်ကြီးပစ်ခတ်လေ့ရှိတဲ့အတွက် အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။

Myingyan Black Tiger (MBT) အနေနဲ့ မြင်းခြံမြို့အပါအဝင် ဝမ်းတွင်းနဲ့ ရေစကြိုမြို့တွေမှာပါ အဖွဲ့ စတင်တည်ထောင်စဥ်ကတည်းက စစ်ရေးလှုပ်ရှားနေတာဖြစ်တယ်လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။

မြို့ပြစစ်ဆင်ရေးတွေ ဖော်ဆောင်နေတာကြောင့် အရပ်သားတွေအနေနဲ့ စစ်ကောင်စီတပ်တွေနဲ့ နီးကပ်တဲ့ နေရာမျိုးတွေကို သွားလာနေထိုင်တာ မလုပ်ဖို့လည်း MBT က တိုက်တွန်းထားပါသေးတယ်။

0 Shares:
You May Also Like
Read More

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ စိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက်တွေကို စစ်ရှောင်ပြည်သူတွေနဲ့ CDM တွေအတွက် ပေးဝေ

တော်လှန်ရေးအတွက် တိုက်ပွဲဝင်ရင်း လွတ်မြောက်နေရာဒေသတွေမှာ ဥယျာဉ်ခြံစိုက်ပျိုးကာ ထွက်ရှိလာတဲ့ ဟင်းသီးဟင်းရွက်တွေကို စစ်ဏာရှင်လက်အောက်ကနေ စွန့်ခွါလာတဲ့ CDM တွေနဲ့ စစ်ရှောင်ပြည်သူတချို့အတွက်ပေးဝေခဲ့တယ်လို့ Dictatorship Revolution and People’s Defence Network (DRPDN) တာဝန်ရှိသူတွေထံက သိရပါတယ်။
Read More

မြိုင်တွင် စစ်ကောင်စီ လေယာဥ်ဖြင့် ၂ ရက်ဆက် ဗုံးကြဲ၊ PDF ၄ ဦးနှင့် အရပ်သား ၂ ဦး သေဆုံး ​

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ၂ ရက်ဆက် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အပါအဝင် ၆ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ We Love Myaing အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

မင်းအောင်လှိုင်၏ လုပ်ရပ်များအတွက် ဂုဏ်ယူသည်ဟု အငြိမ်းစား ထိပ်ပိုင်း စစ်တပ်အရာရှိများ ပြော

တိုင်းပြည်ကို မတရားအာဏာသိမ်းကာ နိုင်ငံတစ်ဝန်း စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လုပ်ရပ်တွေကို ဂုဏ်ယူတယ်လို့ အငြိမ်းစား စစ်တပ်အရာရှိတွေက ပြောကြားလိုက်ပါတယ်။
Read More

မုံရွာမှာ အုပ်ချုပ်ရေးမှူးရုံးနား ကင်းစောင့်နေတဲ့ စစ်သား ၁ ယောက်ကို အနီးကပ်ပစ်ခတ်ရှင်းလင်း…

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့မှာ အုပ်ချုပ်ရေးမှူးရုံးနား ကင်းစောင့်နေတဲ့ အကြမ်းဖက်စစ်သားကို တစ်ကိုယ်တော် အနီးကပ်ရှင်းလင်းပြီး သေနတ် ၁ လက်ရယူနိုင်ခဲ့တယ်လို့ Three Star Local People Defence Force အဖွဲ့တာဝန်ရှိသူ ကိုဒေါင်းလေး က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ဖယ်ခုံမြို့နယ်၊ လအိကျေးရွာတောင်ထိပ်မှာ တည်ထားတဲ့ တောင်ပေါ်ဘုရားက ဗုဒ္ဓ​ရုပ်ပွားတော်တွေ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခံထားရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က လအိကျေးရွာ တောင်ပေါ်မှာတည်ထားတဲ့ ဗုဒ္ဓရုပ်ပွားတော်တွေ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခံထားရတဲ့အတွက် ပြည်သူတွေကြား ထိတ်လန့်မှု ဝေဖန်မှုတွေဖြစ်နေကြတယ်လို့ ဒေသခံတွေဆီက တဆင့် သိရပါတယ်။
Read More

ဘုတလင်တွင် အကြမ်းဖက်စစ်ကြောင်း ကြားဖြတ်တိုက်ခံရပြီး စစ်သား ၇ ဦး သေ၊ သေနတ် ၂ လက်နှင့်  ခဲယမ်းအချို့ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေကို ကြားဖြတ်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ၇ ယောက် သေပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ဗမာ့တပ်တော် (BA) ထံက သိရပါတယ်။