ရတနာပုံတော်လှန်ရေးတပ်ဖွဲ့က ကြီးမှူးကျင်းပခဲ့တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၇) သင်တန်းဆင်းပွဲ အခမ်းအနားကို ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ရဲ့ ယာယီဌာနချုပ်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ ၃၀ ရက်မှာ ပြုလုပ်တဲ့ သင်တန်းဆင်းပွဲကို မဟာမိတ်တပ်ဖွဲ့တွေက ရဲဘော်တွေနဲ့ ဒေသခံပြည်သူတွေ တက်ရောက်ခဲ့တယ်လို့ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့က ဆိုပါတယ်။

သင်တန်းဆင်းပွဲ အခမ်းအနားမှာ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ရဲ့ ဗဟိုဦးဆောင်အဖွဲ့ဝင် ရဲဘော်တစ်ယောက်က ဂုဏ်ပြုအမှာစကားပြောကြားခြင်း၊ သင်တန်းအတွင်း ဆုရရှိသူရဲဘော်တွေကို ဂုဏ်ပြုဆု ပေးအပ်ခြင်းနဲ့ တပ်မှူးကို သင်တန်းဆင်းရဲဘော်တွေက စစ်ကြောင်းနဲ့ ချီတက်အလေးပြုခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် နိုဝင်ဘာလတစ်လတည်းမှာပင် အမျိုးသမီး ၆၀ ကျော် သေဆုံးခဲ့ရ

စစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့် နိုဝင်ဘာလ တစ်လတည်းမှာပဲ နိုင်ငံတစ်ဝန်း အမျိုးသမီး ၆၁ ဦးသေဆုံးခဲ့တယ်လို့  မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ကထုတ်ပြန်လိုက်ပါတယ်။
Read More

ညောင်ဦးမြို့နယ်၊ စဉ့်ကူရဲစခန်းမှ စစ်ကြောင်းထွက်လာသည့် စစ်တပ်ကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း၊ ညောင်ဦးမြို့နယ်၊ စဉ့်ကူနယ်မြေရဲစခန်းကနေ စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်က ၄ ယောက် သေဆုံးခဲ့တယ်လို့ Bagan Bo Cho PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြင်းခြံမြို့ပေါ်တွင် အထိုင်ချထားသည့် စစ်အုပ်စု၏ SP ရုံးတိုက်ခိုက်ခံရပြီး သုံးပွင့်ဗိုလ် ၂ ဦးအပါ ၇ ဦးသေဆုံး

“ စခတွေဘက်ကသေဆုံးမှုကိုတော့ ပြောပြလို့မရတဲ့ သတင်းအရင်းအမြစ်တွေကနေသိရတာပါဗျ၊ နာမည်တွေပါ အတိအကျသိပါတယ် ထုတ်ပြန်ဖို့အခက်အခဲရှိလို့ပါဗျ ပစ်ခတ်မှုဖြစ်ပြီး ည ၁၂ နာရီ လောက်မှာ ပျူတွေမြို့လယ်ခေါင်မှာ သေနတ်တွေဖောက်ပါတယ် ” လို့ ထနောင်းမြေစစ်ကြောင်းမှ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

စနိုက်ပါ စစ်သားနှင့် ပျူစောထီး၏သား အချင်းချင်း ဆိုင်ကယ်တိုက်မိပြီး စနိုက်ပါသမား သေ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်မှာ အရပ်သား ၁ယောက်ကို စနိုက်ပါနဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ဖူးတဲ့ ခလရ ၅၀ တပ်က စနိုက်ပါ ကြည်ဝင်းဆိုသူ ဆိုင်ကယ်မတော်တဆမှုဖြစ်ပြီး နေရာတင် သေဆုံးသွားကြောင်း သိရပါတယ်။
Read More

ကျောက်ကြီးမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းတွေကို တစ်ပြိုင်နက် တိုက်ခိုက်၊ ဒု-တပ်ရင်းမှူးအပါအဝင် (၂၀)ကျော် သေဆုံး

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်းက ကျွန်းကုန်း၊ ရင်းတိုက်ကုန်း၊ တောင်စု၊ ရန်မျိုးအောင်၊ တမာခေါကျေးရွာများ အပါအဝင် နောင်ကုန်းတံတားတွေမှာ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ် ဒု-တပ်ရင်းမှူးအပါအဝင် စစ်သား (၂၀) ကျော် သေဆုံးခဲ့တယ်လို့သိရပါတယ်။
Read More

ကျွန်းကြီးကျေးရွာ မင်္ဂလာဆောင် လေကြောင်းဗုံးကြဲခံရမှု သေဆုံးသူ ၁၂ ဦးအထိရှိလာ၊ ၃၇ ဦး ပြင်းထန်စွာ ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျွန်းကြီးကျေးရွာရှိ မင်္ဂလာဆောင်ကို အကြမ်းဖက် စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ဒေသခံ (၁၂) ယောက်အထိ ရှိလာပြီး (၃၇) ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။