တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်း KNLA တပ်ရင်း (၁၁) နယ်မြေကို အကြမ်းဖက်စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်မှာ ဖြစ်တဲ့အတွက် စစ်ပွဲကာလ ကြာရှည်နိုင်တယ်လို့ BLACK Cobra Column က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။

KNLA တပ်ရင်း(၁၁) နယ်မြေအတွင်း မောတောင်နယ်စပ်တပ်စခန်းကို တပ်အချိန်းအပြောင်းပြုလုပ်ဖို့၊ မောတောင်မြို့က ပျူစောထီးတွေကို လက်နက်တပ်ဆင်ပေးဖို့နဲ့ တနင်္သာရီ-မောတောင်ကားလမ်းကို ပြန်လည်စိုးမိုးရယူဖို့အတွက် အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ဆင်ရေးတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

KNU ထိန်းချုပ်နယ်မြေအတွင်း ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်ကစလို့ ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားနေပြီး အခုလည်း စစ်ကောင်စီတပ်က အင်အားတိုးချဲ့ကာ ထိုးစစ်ဆင်မှုတွေ ထပ်မံ ပြုလုပ်လာတယ်လို့ ဆိုပါတယ်။

KNU တနင်္သာရီမြို့နယ်၊ KNLA တပ်ရင်း(၁၁) နယ်မြေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေအားလုံးနဲ့ တပ်ဖြန့်ထားတဲ့ နေရာအားလုံးကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ပြီး ပိုမိုပြင်းထန်တဲ့ တန်ပြန်တိုက်ခိုက်မှုတွေ အချိန်မရွေး ပြန်လည်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ဒေသခံတွေ၊ ခရီးသွားပြည်သူတွေအနေနဲ့ တနင်္သာရီ-မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းကို အထူးအရေးပေါ်ကိစ္စ၊ သေရေးရှင်ရေးနဲ့ နာရေးကိစ္စကလွဲလို့ မလိုအပ်ဘဲ ခရီးမသွားလာဖို့ မေတ္တာရပ်ခံထားပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်က ရွှေ၊ ငွေ၊ လက်ဝတ်ရတနာနဲ့ အဖိုးတန်ပစ္စည်းတွေ၊ ဆိုလာ၊ ဘတ္ထရီတွေ၊ ဆန်နဲ့ ရိက္ခာတွေပါမကျန် ခိုးဝှက်ယူဆောင်နေတာကြောင့် ပြည်သူတွေ စစ်ဘေးလွတ်ရာ ပြောင်းရွှေ့ဖို့လည်း BLACK Cobra Column က အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ Interra Resources ကို အရေးယူမှုတွေ ထပ်တိုးလုပ်ဆောင်ဖို့ စင်ကာပူအစိုးရကို သပိတ်အဖွဲ့တွေက တောင်းဆို

မြန်မာစစ်အုပ်စုကို လောင်စာဆီတွေထောက်ပံ့နေတဲ့ Interra Resources ကို အရေးယူပိတ်ဆို့မှုတွေ ဆက်တိုက်ပြုလုပ်ပေးဖို့ စင်ကာပူအစိုးရနဲ့ စတော့အိတ်ချန်းကို မကွေးတိုင်းအခြေစိုက် လူထုသပိတ်ကော်မတီတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။
Read More

လားရှိုးနဲ့ သိန္နီက စစ်ရှောင်တွေအတွက် ရိက္ခာ နဲ့ အသုံးအဆောင်တွေ ထောက်ပံ့ (ဓာတ်ပုံသတင်း)

လားရှိုးမြို့နယ်နဲ့ သိန္နီမြို့နယ်တို့က စစ်ရှောင်ပြည်သူတွေအတွက် Lashio F.Y.O ပရဟိတအဖွဲ့က စားနပ်ရိက္ခာနဲ့ အသုံးဆောင်ပစ္စည်းတွေ ထောက်ပံ့ပေးခဲ့တယ်လို့ လားရှိုးမြို့ ပြန်လည်ထူထောင်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

အင်းတော်ကြီး PDF က စိုးမိုးနယ်မြေများမှာ ကျန်းမာရေး၊ ရိုးရာယဉ်ကျေးမှုနှင့် စာပေ မြှင့်တင်ရေး လုပ်ဆောင်နေ (ဓာတ်ပုံသတင်း)

ကချင်ပြည်နယ်အခြေစိုက် အင်းတော်ကြီးဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (K PDF) အနေနဲ့ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ စိုးမိုးနယ်မြေတွေမှာ ကျန်းမာရေး၊ ရိုးရာယဉ်ကျေးမှုနဲ့စာပေတို့ မြှင့်တင်ရေးအတွက် ပြည်သူတွေနဲ့အတူ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

ဒေသတွင်းနိုင်ငံတွေရဲ့ ဖိအားကြောင့် စစ်ကောင်စီက ကျားဖြန့် လုပ်ငန်းတွေက ပြည်ပနိုင်ငံသား ၁၂၀၀ ကျော်ကို ကယ်တင်လွှဲပြောင်းပေးထားတယ်လို့ ဆို

ကျားဖြန့်နဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ မတရားခိုင်းစေခြင်းခံရတဲ့  ပြည်ပနိုင်ငံသား ၁၂၀၀ ကျော်ကို ပြန်လည်လွှဲပြောင်းပေးထားတယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

ဂန့်ဂေါခရိုင် အမှတ် (၁) တပ်ရင်းက တပ်ရင်းရှိ ရဲဘော်ရဲမေတွေရဲ့ မိသားစုတွေကို ဆန် ထောက်ပံ့ပေးခဲ့ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ ဂန့်ဂေါခရိုင် အမှတ် (၁) တပ်ရင်းက စားဝတ်နေရေး အခက်အခဲရှိတဲ့ ရဲဘော်ရဲမေတွေရဲ့ မိသားစုတွေကို ဆန် ထောက်ပံ့ပေးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ပွင့်ဖြူ PDF က စစ်ကောင်စီတပ်နဲ့ ၃ လအတွင်း တိုက်ပွဲ ၅ ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က ၃၀ ခန့် သေဆုံးပြီး ၂၀ ခန့် ဒဏ်ရာရ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင်အမှတ် (၇) တပ်ရင်း (ပွင့်ဖြူ PDF) အနေနဲ့ ၃ လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ၅ ကြိမ် ဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီတပ်က ၃၀ ခန့် သေဆုံးကာ ၂၀ ခန့် ဒဏ်ရာရခဲ့တယ်လို့ အဆိုပါ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။