ကရင့်တော်လှန်ရေး အောင်မြင်ဖို့ အဓိကသော့ချက်ဟာ စည်းလုံးညီညွတ်မှုရှိရှိနဲ့ ပူးပေါင်းဆောင်ရွက်ရေး ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

ဒီနေ့ ဇန်နဝါရီလ ၃၁ ရက်မှာ ကျရောက်တဲ့ ၇၆ နှစ်မြောက် ကရင့်အမျိုးသား တော်လှန်ရေးနေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ အခုလို ပြောကြားထားတာပါ။

၁၉၄၉ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့က ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)ကို ဖဆပလ အစိုးရက တရားမဝင်အဖွဲ့အဖြစ် ကြေညာလိုက်ပြီးနောက် အစိုးရတပ်နဲ့ KNDO တို့အကြား တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တဲ့နေ့ကို အစွဲပြုပြီး ကရင့်အမျိုးသား တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

ကရင်တစ်မျိုးသားလုံးကို ကိုယ်စားပြုနေတဲ့ ကရင့်တော်လှန်ရေးအောင်မြင်ဖို့ အချင်းချင်း စည်းလုံးမှု၊ ကိုယ်တိုင်ဆန္ဒရှိမှု၊ ပူးပေါင်းဆောင်ရွက်မှုတို့က အဓိကကျတယ်လို့လည်း ဆိုပါတယ်။

“အာဏာကို ခိုင်ခိုင်မာမာနဲ့ ရေရှည်ချုပ်ကိုင်နိုင်ဖို့ တနိုင်ငံလုံး ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေပြီး နိုင်ငံတကာအမြင်မှာ တရားဝင်အစိုးရအနေနဲ့ အသိအမှတ်ပြုခံရနိုင်ဖို့အတွက်ပဲ ဖြစ်ပါတယ်။ ဒီလို ပြင်ဆင်ဆောင်ရွက်နေတာဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ တည်တံ့နေဖို့နဲ့ စစ်တပ်ကြီးစိုးမှု အမြဲတမ်း ရရှိနေဖို့အတွက်ပဲ ဖြစ်ပါတယ်။ ဒါကို ကျနော်တို့ လက်မခံပါဘူး။ ကျနော်တို့အားလုံး အတူတကွ ဆန့်ကျင်ရမှာ ဖြစ်ပါတယ်” လို့ ပဒိုစောကွယ်ထူးဝင်းကပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ် (PDF)တွေဟာ ပုံစံမျိုးစုံနဲ့ လက်နက်ကိုင်တော်လှန်ရေး တိုက်ပွဲဆင်နွှဲနေကြပြီဖြစ်ကာ စစ်ပွဲတွေဟာ မြို့ကြီးပြကြီး အပါအဝင် နိုင်ငံအနှံ့မှာ ဖြစ်ပွားနေတယ်လို့လည်း KNU ဥက္ကဋ္ဌ က အသိပေးပြောကြားပါတယ်။

KNU အနေနဲ့ တိုင်းရင်းသားပြည်သူအကျိုးကို နိုင်ငံရေးရည်မှန်းချက်အဖြစ် ထားရှိဆောင်ရွက်နေသလို နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားညီအစ်ကိုတွေ အတူတကွ လက်တွဲဆောင်ရွက်ကြဖို့ လည်း KNU က ဖိတ်ခေါ်လိုက်ပါတယ်။

နိုင်ငံကြီးပွါးတိုးတက်ဖို့ တစ်ခုတည်းသောလမ်းကြောင်းဖြစ်တဲ့ အာဏာရှင်စနစ် အလုံးစုံ အဆုံးသတ်ပြီး တန်းတူညီမျှမှု၊ လွတ်လပ်မှုရှိကာ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အင်္ဂါရပ်တွေနဲ့ ပြည့်စုံအောင် တည်ဆောက်သွားရမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ပုလဲတွင် စစ်ကြောင်းအန္တရာယ်ကြောင့် ကျေးရွာပေါင်း ၂၅ ရွာမှ အရပ်သား ၂ သောင်းကျော် စစ်ရှောင်နေရ၊ အကူအညီများ လိုအပ်နေ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှာ စစ်​ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကြောင့် ကျေးရွာပေါင်း ၂၅ ရွာက အရပ်သား ၂သောင်းကျော် စစ်ဘေးတိမ်းရှောင်နေရပြီး အခက်အခဲတွေရှိနေတယ်လို့ စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်က သတင်းဖော်ပြပါတယ်။
Read More

တိုင်းပြည်တည်ငြိမ်ရေးကို ဦးစားပေး လုပ်ဆောင်နေသည်ဟု မင်းအောင်လှိုင် ပြော

တိုင်းပြည်တည်ငြိမ်ရေးကိုသာ ဦးစားပေးဆောင်ရွက်နေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

ရေးမြို့နယ်အခြေစိုက် ခလရ ၁၀၆ တပ်ရင်းရှိ စစ်မှုထမ်းဆင်း စစ်သားသစ် ၂ ဦး PDF တပ်ဖွဲ့ထံ အလင်းဝင်

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ မော့ကနင်ကျေးရွာ အခြေစိုက် ခလရ ၁၀၆ တပ်ရင်းက စစ်မှုထမ်းဆင်းစစ်သား ၂ ယောက် လက်နက်မဲ့ အလင်းဝင်ရောက်လာတယ်လို့ ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့၊ ဗဟိုကော်မတီဝင် ရဲဘော်ဗိုလ်ဒေါင်း (ခ) ခွန်စိုင်း ကျဆုံးခြင်း (၃) လပြည့် လလည်ဆွမ်း ဆွမ်းကပ်လှူဒါန်း… (ဓာတ်ပုံသတင်း)

အညာဒေသမှာ အခြေစိုက်တဲ့ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့၊ ဗဟိုကော်မတီဝင် ရဲဘော်ဗိုလ်ဒေါင်း (ခ) ခွန်စိုင်း ကျဆုံးခြင်း (၃) လပြည့်အတွက် ဩဂုတ်လ ၂၈ ရက်မှာ တပ်ဖွဲ့ဝင်ရဲဘော်တွေက လလည်ဆွမ်း ဆွမ်းကပ်လှူဒါန်းခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီက လက်လွှတ်လိုက်ရသည့် ဒေသများကို ဦးစားပေး အရှိန်မြှင့်တိုက်ခိုက်နေ

စစ်ကောင်စီက သူတို့လက်လွှတ်လိုက်ရတဲ့ ဒေသတွေကို ဦးစားပေးပြီး အရှိန်မြှင့်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့  လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့  (HRW) က ထုတ်ပြန်လိုက်ပါတယ်။
Read More

KNDF အမှတ် (၅) တပ်ရင်းက ရဲဘော်တွေရဲ့ စစ်ရေးလှုပ်ရှားမှုပုံရိပ်တွေနဲ့ ပေးဆပ်ခဲ့ရမှု ပုံရိပ်များ (ဓာတ်ပုံသတင်း)

ကရင်နီပြည်အခြေစိုက် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) - အမှတ် (၅) တပ်ရင်းက ရဲဘော်တွေရဲ့ စစ်ရေးလှုပ်ရှားမှုပုံရိပ်တွေနဲ့ ပေးဆပ်ခဲ့ရမှု ပုံရိပ်တချို့ကို အဆိုပါတပ်ရင်းက ဒီနေ့မှာ ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။