တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ရှင်မုတ္ထီး‌ကျေးရွာက စစ်ကောင်စီရဲ့ ရွှေဂူဂိတ်စခန်းနဲ့ စခန်းကုန်းကို ဇန်နဝါရီ ၂၉ ရက် နေ့လည်ပိုင်းက တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ဒူရက စစ်ကြောင်းထံက သိရပါတယ်။

တိုက်ပွဲ ၅ နာရီကြာဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သား ၅ ထက်မနည်းသေဆုံးကာ ၄ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေရဲ့ ဂိတ်စခန်းနဲ့ စခန်းကုန်းကိုမီးရှို့ဖျက်ဆီးခဲ့ပြီး ငါးကြင်းမြီး ၁ လက်၊ MA-4 ၁ လက်၊ MA-3 ၃ လက်၊ MA-2 ၁ လက်၊ MA-1 ၄ လက်၊ ၆ဝ (ကွန်မန်ဒို) စိန်ပြောင်း ၁ လက်၊ ၁၄ နင်းမိုင်း ၄ လုံး၊ လက်ပစ်ဗုံး ၄ လုံး၊ လိပ်ခုံးမိုင်း ၅ လုံး၊ လက်ကိုင်ဖုန်း ၈ လုံးနဲ့ စစ်အသုံးအဆောင်ပစ္စည်း အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဒူရကစစ်ကြောင်း ဦးဆောင်မှုနဲ့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) ၊ ဖက်ဒရယ်ဓူဝံကြယ်ဒရုန်းတပ်ခွဲ(FPF)၊ ဒေါင်းညီနောင်စစ်ကြောင်း တပ်ခွဲ ၁ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပေါက်မြို့နယ်တောင်ပိုင်းသို့ စစ်ကြောင်း ၃ ကြောင်း ခွဲဝင်လာသည့် စစ်သားများ တိုက်ခိုက်ခံရပြီး အများအပြား သေ (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းကို စစ်ကြောင်း ၃ ကြောင်းခွဲပြီး ဝင်လာတဲ့ အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရပြီး အများအပြား သေဆုံးကာ သေနတ်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ကမ္မတပ်ပေါင်းစု KMDF စခန်း မီးရှို့ဖျက်ဆီးခံရပြီး သိန်း ၄၀၀ ဖိုးခန့် ပျက်စီးဆုံးရှုံး (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ စစ်ကောင်စီတပ်ဝင်ရောက်ကာ ကမ္မတပ်ပေါင်းစု KMDF စခန်းကို မီးရှို့ဖျက်ဆီးမှုကြောင့် ကျပ်သိန်း ၄၀၀ ဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ကမ္မကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ငါးယှန်ကျေးရွာကို ဝင်ရောက်မွှေနှောက်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးသီး ၁၃ လုံး ကြဲချ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်တွေကို မွှေနှောက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဧပြီ ၂၆ ရက် နေ့လယ်ပိုင်းက ဒရုန်းနဲ့ ဗုံးသီး ၁၃ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ M.D.F Drone Force ထံက သိရပါတယ်။
Read More

ဖားဆောင်း မော်ချီးဒေသတွင် စစ်ကော်မရှင် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၂၄ ဦးအထိ သေဆုံးခဲ့ရ (ရုပ်/သံ)

ကရင်နီပြည် ဖား‌ဆောင်းမြို့နယ် မော်ချီးဒေသကို စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက် ခိုက်မှုအတွင်း အရပ်သားပြည်သူ ၂၄ ယောက်ထိ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
Read More

စစ်ကိုင်းတပ်မ ၃၃ က ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း စစ်ကိုင်းတပ်မ ၃၃ ကထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲပြီး လက်နက် ငယ်တွေနဲ့ ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Heart Army-BHA မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဖလမ်းမြို့ စစ်ကောင်စီတပ်၏ နောက်ဆုံးလက်ကျန်စခန်း ခလရ ၂၆၈ ကို ချင်းညီ‌နောင် သိမ်းပိုက်ထားမှုမြင်ကွင်း (ရုပ်/သံ)

ချင်းပြည်နယ် ဖလမ်းမြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ နောက်ဆုံးလက်ကျန်စခန်း ခလရ ၂၆၈ ကို ချင်းညီနောင်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။