စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင် ၊ ဟုမ္မလင်းမြို့နယ်အခြေစိုက် ခမရ(၃၆၉) တပ်ရင်းက စစ်သား ၁ ယောက် လက်နက်မဲ့အလင်းဝင်လာတယ်လို့ Earthquake People’s Defence  Force က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ခမရ (၃၆၉)တပ်ရင်းက အသက် (၂၅) နှစ်အရွယ် စစ်သား ၁ ယောက်ဟာ ဇန်နဝါရီ ၃၀ ရက် ဒီနေ့ မနက်ပိုင်းမှာ ချိတ်ဆက်အလင်းဝင်ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။

အခုလို ချိတ်ဆက်အလင်းဝင်ရောက်လာတဲ့ စစ်သားကို နွေးထွေးစွာ ကြိုဆိုလက်ခံခဲ့ပြီး လုံခြုံတဲ့နေရာကို အသက်အာမခံချက်အပြည့်ပေးကာ ပို့ဆောင်ပေးသွားမယ်လို့ Earthquake People’s Defence  Force က ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူလူထုအပေါ် လူမဆန်ဘဲ ရက်စက်စွာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့ အကြမ်းဖက်စစ်တပ်ကို အမြန်စွန့်ခွာပြီး အသက်အ​သေမခံဘဲ ပြည်သူ့ရင်ခွင်ကို ပူးပေါင်းရင် ဆုကြေးငွေနဲ့အတူ မိသားစုတွေရှိရာ ပို့ဆောင်ပေးသွားမယ်လို့ Earthquake People’s Defence  Force က သတင်းထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

Cobra Column (2) Venom စစ်ကြောင်း စစ်သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ကရင်ပြည်နယ်အခြေစိုက် Cobra Column (2) Venom စစ်ကြောင်းရဲ့ စစ်သင်တန်းဆင်းပွဲကို နိုဝင်ဘာ ၁၅ရက်နေ့မှာ ပြုလုပ်ခဲ့ကြောင်း အဆိုပါစစ်ကြောင်းက ထုတ်ပြန်ပါတယ်။
Read More

တပ်မ ၉၉ ယာယီနည်းဗျူဟာမှူး ဒုဗိုလ်မှူးကြီး ကျော်ကျော်သက်ကို AA နှင့် ပူးပေါင်းတပ်များ ဖမ်းဆီးရမိ၊ ဂုတ်စီးရိုးတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ နီးပါး သေဆုံး

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်စီးရိုးကျေးရွာအနီးတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ အမှတ် (၉၉) ခြေမြန်တပ်မဌာနချုပ်၊ ယာယီနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက်ကို ရက္ခိုင့်တပ်တော်(AA) နဲ့ ပူးပေါင်းတပ်တွေ အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

နွေဦးတော်လှန်ရေးအတွက် အမေရိကန် မြို့ကြီးတွေမှာ ရောင်နီ လာမယ်

ရောင်နီ live 2025 ဆိုတဲ့ ခေါင်းစဉ်နဲ့ အမေရိကန်နိုင်ငံက မြို့ကြီးတွေမှာ ဂီတဖျော်ဖြေပွဲတွေ ကျင်းပသွားမှာဖြစ်ပြီး ရရှိတဲ့ အမြတ်အားလုံးကို တော်လှန်ရေးအတွက် အသုံးပြုနိုင်ဖို့ မြေပြင်ကို အမြန်ဆုံးပို့ဆောင်သွားမှာ ဖြစ်ကြောင်း တော်လှန်အနုပညာရှင်တစ်ယောက်ဖြစ်သူ အဆိုတော်လင်းလင်းက သူ့ရဲ့ လူမှုကွန်ရက်ကတဆင့် အသိပေးလိုက်ပါတယ်။
Read More

ရန်-မန်း စစ်ဆင်ရေးအတွက် မန္တလေးက အလယ်ပိုင်းတိုင်းစစ်ဌာချုပ်ကို ရှော့တိုက်ဒုံး ပစ်ခတ်တိုက်ခိုက်

မန္တလေးမြို့က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရန်-မန်းစစ်ဆင်ရေးအဖြစ် ရှော့တိုက်ဒုံးတွေနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်မှုမှာ ထိခိုက်ပေါက်ကွဲတာတွေရှိနိုင်ကြောင်း Operation Flame (OF) အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

NUG ယာယီသမ္မတ ဒူဝါလရှီးလက KNPP ဥက္ကဋ္ဌနှင့် တွေ့ဆုံ ဆွေးနွေး…

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလက ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဥက္ကဋ္ဌ ခူဦးရယ်နဲ့ အွန်လိုင်းကနေတစ်ဆင့် တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ NUG က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဟုမ္မလင်းမှာ စစ်ကောင်စီ လက်အောက်ခံ ရှမ်းနီတပ် SNA တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၉ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ၇၅၃ တပ်ရင်းက တပ်ဖွဲ့ဝင် ၉ ယောက် လက်နက်တွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။