မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေကို တော်လှန်‌ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ ၁ ယောက်သေပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဗမာ့တပ်တော် – Bamar Army ထံက သိရပါတယ်။

ဇန်နဝါရီ ၂၈ ရက်က အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး ပူးပေါင်းအင်အား ၈၀ ခန့်ဟာ စလင်းမြို့နယ်မြောက်ဘက်ကို သံချပ်ကာယာဉ် ၁ စီးအပါအဝင် ၁၀ ဘီးကား ၂ စီး၊ ၆ ဘီးယာဉ် ၁ စီးတို့နဲ့ ဝင်ရောက်လာပြီး ပေါင်လောင်၊ ကြည်တော်စု၊ မိုးဝန်းနဲ့ သရက်ချဉ်ကျေးရွာတွေကို ခြေလျင်စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အတွက် အဲဒီကျေးရွာတွေနဲ့ အနီးဝန်းကျင်က ပြည်သူတွေ စစ်ဘေးရှောင်ထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကြည်တော်စုရွာမှာ လက်နက်ကြီးတပ်ဆင်ပြီး ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက်  မိုးဝန်းကျေးရွာအတွင်း စာသင်ကြားနေတဲ့ ကျောင်းသူ ၁ ယောက် အသက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် သရက်ချဉ်ကျေးရွာကနေ တော်လှန်ရေးတပ်တွေရဲ့ စိုးမိုးနယ်မြေအတွင်း ဝင်ရောက်လာခဲ့ရာ အသင့်စောင့်ဆိုင်းနေတဲ့ တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲ ၁ နာရီကျော်ကြာ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ အထိနာခဲ့ပါတယ်။ စစ်ကောင်စီက ဒဏ်ရာရလူနာတွေကို ခေါ်ဆောင်ပြီး ပြန်လည်ဆုတ်ခွါသွားခဲ့ရာမှာ ဗမာ့တပ်တော် အမှတ် (၇၀၇) တပ်ရင်းက ထောင်ထားတဲ့ တိုက်မိုင်းနင်းမိပြီး အထိအခိုက်များခဲ့တယ်လို့ သိရပါတယ်။

အထိနာသွားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ ဒဏ်ရာရတပ်သားတွေကို စလင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၁ ယောက် သေကာ အများအပြားထိခိုက်ဒဏ်ရာရရှိသွား ပြီး စလင်းမြို့နယ် ပျူစောထီးခေါင်းဆောင်လည်း ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဗမာ့တပ်တော်၊ အမှတ်(၃) စစ်ဦးစီးကွပ်ကဲရေးရုံး ကွပ်ကဲမှုအောက် အမှတ်(၇၀၇)တပ်ရင်း၊ မင်းဘူးခရိုင် အမှတ်(၅)တပ်ရင်း နဲ့ ဒေါင်းစစ်အောင် LPDF တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဖားကန်မြို့ ဆိုင်းတောင်တွင် ခိုင်ကြည်ဇင် စက်သုံးဆီဆိုင် မီးလောင်မှုဖြစ်ပွား (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဖားကန်မြို့၊ ဆိုင်းတောင် ရပ်ကွက် ၃ မှာရှိတဲ့ ခိုင်ကြည်ဇင် စက်သုံးဆီဆိုင်မီးလောင်မှုဖြစ် ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

အင်အားပြင်းငလျင်ကြောင့် သမိုင်းဝင်ရွှေစာရံဘုရားထီးတော် မြေခ (ရုပ်/သံ)

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ထဲက ပုဂံခေတ် မိဖုရားစောမွန်လှ တည်းထားခဲ့တဲ့ သမိုင်းဝင်ရွှေစာရံဘုရားဟာ မတ်လ ၂၈ ရက် နေ့လယ်ပိုင်းက လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ်ကြောင့် ဘုရားထီး‌တော်မြေခခဲ့ရတယ်လို့ သိရပါတယ်။
Read More

ရေဖြူမြို့နယ်အတွင်း အကြမ်းဖက်စစ်သားများ တိုက်ခိုက်ခံရပြီး ၅ ဦး သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်း ပတ်ကင်းထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၅ ယောက် သေဆုံးခဲ့တယ်လို့ ဝေဟင်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ညောင်ဦး-ချောက်လမ်းမှာ စစ်ကောင်စီဗိုလ်ကြီး ညီညီမျိုးဆွေနှင့် ဗိုလ်ကြီး စိုးထွဋ်ကျော်ကို ဖမ်းမိ (ရုပ်/သံ)

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ညောင်ဦး-ချောက် လမ်းပိုင်းတစ်နေရာမှာ စစ်ကောင်စီတပ်ရဲ့ ဗိုလ်ကြီး ညီညီမျိုးဆွေနဲ့ ဗိုလ်ကြီး စိုးထွဋ်ကျော်တို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ ညောင်ဦးမြို့နယ် ပကဖ ထံက သိရပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့်တပ်မ(၅၅) လက်အောက်ခံ ခလရ(၉၄)ကိုယ်ပိုင်အမှတ်- တတ/၁၂၅၇၈၁ တပ်သား-နိုင်လင်းထွန်း ပြောကြားချက် ( ရုပ်/သံ)

အလင်းဝင်လာတာက ကျွန်တော်တို့ကလည်း ငတ်ပြတ်နေပြီ ကျွန်တော်တို့ စိတ်ဆန္ဒမပါဘဲနဲ့ ဒါတွေ ခိုင်းတယ်။ ပြီးတော့ အစားအသောက်ပေါ့ သူတို့ကတော့ စားနေသောက်နေပြီးတော့ ကျနော်တို့က ငတ်ပြတ်ပြီးတော့ ရှေ့ကနေတိုက် သူတို့ကတော့ စားသောက်ပြီး မင်းတို့ သေချင်သေပါစေ ပုံစံမျိုးနဲ့။
Read More

မြင်းမူမြို့နယ် ဂွေးပင်တောရွာရှိ စစ်ကောင်စီကင်းပုန်းနဲ့ အထိုင်နေရာတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ဂွေးပင်တောရွာရှိ စစ်ကောင်စီကင်းပုန်းနဲ့ အထိုင်နေရာတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ TGYR-youthguerrillacounterrevolution-nz မှ သတင်းထုတ် ပြန်ထားပါတယ်။