မကွေးတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့က မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ စစ်အုပ်စုက တစ်နေ့တည်း လူအယောက် ၁၀၀ ခန့် ဖမ်းဆီးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဇန်နဝါရီလ ၂၉ရက်၊ မနေ့က မနက်ပိုင်းမှာ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ပေါ် ရပ်ကွက်တွေအပါအဝင် နဂါးပေါ်ရွာနဲ့ ​ပုပ္ပါးရွာက လူငယ်လူရွယ်တွေကို စစ်တပ်နဲ့ ပျူစောထီးတွေ ပေါင်းပြီး အတင်းအဓမ္မဖမ်းဆီးခဲ့ကြတာလို့ သိရပါတယ်။

စစ်အုပ်စုတွေက လူငယ်လူရွယ် ၁၀၀ ခန့်ကို မနက် ၉နာရီနဲ့ ၁၀ နာရီဝန်းကျင်အချိန်တွေမှာ အတင်းအဓမ္မ ဖမ်းဆီးရင်း ကားတွေပေါ်တင်ပြီး ခေါ်ဆောင်သွားကြတယ်လို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်ရဲ့ အဆိုအရ သိရပါတယ်။

“ကန့်ဘလူကို ခေါ်သွားတာပါ။ ဇီးကုန်းမြို့ပေါ် ရပ်ကွက်တွေအပါအဝင် ဘေး၂ရွာကရောပေါ့” လို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

(ဓာတ်ပုံ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ ( ကန့်ဘလူခရိုင်))

ကန့်ဘလူမြို့နယ် အုပ်ချုပ်ရေးမှူးဆိုသူ ဗိုလ်မှူးဖြိုးမင်းသော် ဦးဆောင်တဲ့ စစ်တပ်၊ ရဲ၊ ပျုစောထီးနဲ့ မြို့လုံခြုံရေးတွေက အင်အားအလုံးအရင်းသုံးကာ ဇီးကုန်းမြို့ပေါ်ရပ်ကွက်တွေအတွင်း လူငယ်လူရွယ်တွေကို ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ကန့်ဘလူခရိုင်- တပ်ရင်း ၄ ကလည်း ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ရက် နေ့လည်ပိုင်းကလည်း ကန့်ဘလူမြို့နယ်၊ အမှတ် ၂ရပ်ကွက်မှာ ဘိလိယက်ထိုးနေတဲ့ လူငယ် ၇ယောက်ကို စစ်ကောက်စီက ပေါ်တာဆွဲကာ အတင်းအဓမ္မဖမ်း​ဆီးသွားခဲ့ပါသေးတယ်။

သင်္ကန်းဝတ် ဝါသဝဦးဆောင်တဲ့ စစ်အုပ်စုတွေက ကန့်ဘလူမြို့ပေါ် ရပ်ကွက်တွေအပါအဝင် ကျေးရွာတွေမှာ လူအရေအတွက်နဲ့ စစ်မှုထမ်းအင်အားတောင်းခံနေတာဖြစ်ကြောင်း၊ မြို့ပေါ်ရပ်ကွက်နေ လူငယ်တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးတာတွေ အရှိန်မြှင့် လုပ်ဆောင်လာနေကြောင်း သိရပါတယ်။

“မြို့ပေါ်ရပ်ကွက်တွေကို ဝါသဝ လူတောင်းနေတာ ၈၀ပေးရမယ်လို့လည်း ပြောတယ်။ တစ်ရပ်ကွက်ကို ၁၅ယောက်လောက်လို့လည်း ပြောတယ်။ သတင်းတွေ အစုံထွက်နေတာ” လို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် တာဝန်ရှိသူက ပြောပါတယ်။

ပြည်သူ့စစ်ခေါင်းဆောင်ဝါသဝအနေနဲ့ ကန့်ဘလူခရိုင်အတွင်း စစ်အင်အား၊ ပျူစောထီးအင်အားတောင့်တင်းကြောင်း မကြာခဏကြွားလုံးထုတ်နေပေမယ့် လက်တွေ့မှာ အသေ​အပျောက်များနေတာကြောင့် အခုလို ပေါ်တာဆွဲဖမ်းဆီးတာတွေလုပ်ဆောင်နေတာဖြစ်ကြောင်း သိရပါတယ်။

0 Shares:
You May Also Like
Read More

တောင်သာမြို့အစွန်ရှိ စစ်အုပ်စု ဝန်ထမ်းအိမ်ရာအား မြင်းခြံခရိုင်တပ်ရင်း (၃) က  ဝင်ရောက်ရှင်းလင်း

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ အကြမ်းဖက် စစ်အုပ်စုနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားရင်း တပ်စွဲထားတဲ့ ဝန်ထမ်းအိမ်ရာကိုပါ တစ်ပါတည်း မီးရှို့ရှင်းလင်းခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း(၃) သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မလိဝမ်းကျေးရွာ ရဲစခန်းနှင့် အမှတ် (၅၈၂) ခြေမြန်တပ်ရင်း တိုက်ခိုက်ခံရအပြီး စစ်အုပ်စုက သတင်းဖုံးဖိထား၊ လုံခြုံရေးတင်းကြပ်မှုများ လုပ်ဆောင်လာ

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်မှာ မလိဝမ်းကျေးရွာ ရဲစခန်းနဲ့ အမှတ် (၅၈၂) ခြေမြန်တပ်ရင်းတို့ အလစ်အငိုက် တိုက်ခိုက်ခံရပြီး တိုက်ပွဲအတွင်း ထိခိုက်သေဆုံးခဲ့တဲ့ စစ်သားနဲ့ ရဲတွေရဲ့ သတင်းကို အကြမ်းဖက်စစ်တပ်က ဖုံးဖိထားကြောင်း ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကျားကြီးက မောင်းကိုပြောပါတယ်။
Read More

ဦးသန်းရွှေရဲ့ သမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ် ချမှတ်

စစ်အာ အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ သမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို စစ်တပ်က ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်လိုက်ပါတယ်။
Read More

နမ့်ဆန်တွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၈ တန်းကျောင်းသူ သေဆုံး၊ ညီမဖြစ်သူ ၅ တန်းကျောင်းသူ ဒဏ်ရာ ပြင်းထန်

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တအောင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ်၊ အုမ်းစွမ်းကျေးရွာကို စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အသက်မပြည့်သေးတဲ့ မိန်းကလေးတဦး သေဆုံးခဲ့ရတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

KIA ဖမ်းဆီးခဲ့တဲ့ သတင်းထောက် ၂ ယောက် ပြန်လည်လွတ်မြောက်လာ

ကချင်ပြည်နယ် ဖားကန့်အခြေစိုက် သတင်းထောက် ၂ယောက်ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ပြီးခဲ့တဲ့ စက်တင်ဘာ လကုန်ပိုင်းမှာ ဖမ်းဆီးသွားပြီးနောက် ဒီနေ့ အောက်တိုဘာ ၂၇ ရက်မှာ ပြန်လွှတ်ပေးလိုက်ပြီလို့ သိရပါတယ်။
Read More

သရက်ချောင်းမြို့နယ်၊ မင်းဒပ်ရွာဘုန်းကြီးကျောင်းမှာ အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရှင်းလင်း၊ စစ်သား ၅ ဦး သေပြီး ရွာကို တော်လှန်ရေးတပ်များ ပြန်လည်ထိန်းချုပ်ထား

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ မင်းဒပ်ရွာဘုန်းကြီးကျောင်းမှာ အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရှင်းလင်းရာ စစ်သား ၅ ယောက် သေဆုံးပြီး ရွာကို ပြန်လည်ထိန်းချုပ်ထားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (မြိတ်-ထားဝယ်ခရိုင်) က ဒီနေ့ ထုတ်ပြန်ပါတယ်။