ရန်ကုန်မြို့မှာ လျှပ်စစ်မီးပြတ်တောက်မှု အချိန်ကြာမြင့်တာကြောင့် EV ကား အားသွင်းရုံတွေမှာ ဝန်ဆောင်မှုတွေ ရပ်နားထားရပြီး အားသွင်းရုံအသစ်တွေလည်း ထပ်မံ မဖွင့်လှစ်နိုင်တော့ဘူးလို့  EV လုပ်ငန်းရှင်တချို့က ပြောပါတယ်။

ရန်ကုန်မှာ လျှပ်စစ်မီး တစ်ကြိမ်ပျက်ရင် ၈နာရီလောက် ကြာမြင့်တာကြောင့် အားသွင်းရုံတွေအများစု ဝန်ဆောင်မှု ရပ်နားထားရတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့က ရှော့ပင်းမောတချို့နဲ့ လမ်းဆုံတချို့ မှာ  EV Charging Station အသစ်တွေ ထပ်မံဖွင့်လှစ်ဖို့ ပြင်ဆင်ထားတာကိုလည်း လတ်တလောမှာ ရပ်ဆိုင်းထားရတယ်လို့ သိရပါတယ်။

လက်ရှိ နိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အားလိုအပ်ချက် မြင့်မားနေချိန် မင်းအောင်လှိုင်ရဲ့ သားဖြစ်သူ အောင်ပြည့်စုံက ဆိုလာပြား တင်သွင်းမှုတွေ ဆက်လက်တိုးမြှင့်လုပ်ကိုင်နေပြီး သမီးဖြစ်သူ ခင်သီရိသက်မွန်ကလည်း EV ကားတွေကို ဆက်လက်တင်သွင်းလျက် ရှိနေပါတယ်။

လက်ရှိမှာ လျှပ်စစ်ကား တင်သွင်းနေတဲ့ ကုမ္ပဏီပေါင်း ၃၀ နီးပါးခန့် ရှိနေပြီး လျှပ်စစ်ကားတွေအတွက် လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေ အဆင်သင့် မဖြစ်သေးချိန်မှာ တင်သွင်းနေကြတာပါ။

နိုင်ငံတစ်ဝန်း EV Station အများစုကိုလည်း မင်းအောင်လှိုင်ရဲ့ သမီးဖြစ်သူ ခင်သီရိသက်မွန်က လုပ်ပိုင်ခွင့်ရရှိထားတဖြစ်ပါတယ်။ 

တစ်ဆက်တည်းမှာပဲ   မင်းအောင်လှိုင်ရဲ့ သားဖြစ်သူ အောင်ပြည့်စုံက EV ကားတင်သွင်းမှုအဖြစ် တရုတ် BYD ကုမ္ပဏီက ကားတွေကို ပြည်တွင်းကုမ္ပဏီခွဲများစွာ တည်ထောင်ပြီး တင်သွင်းလျက်ရှိနေပါတယ်။

0 Shares:
You May Also Like
Read More

တရုတ်က သူ့အကျိုးစီးပွား သူကြည့်ကာ KIA ထိန်းချုပ်ထားတဲ့ နယ်စပ်ဂိတ်တွေကို ပြန်ဖွင့်ပေး၊ စစ်ကောင်စီရဲ့ အရာရောက်မှုကို ဘေးရောက်စေတယ်လို့ စစ်တပ်ထောက်ခံသူတွေ ပြောဆိုနေ

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်တဲ့အဖွဲ့ တရုတ်နိုင်ငံကို သွားရောက်ပြီး မကြာခင်မှာပဲ တရုတ်နိုင်ငံဘက်က ပိတ်ထားတဲ့ နယ်စပ်ဂိတ်တွေကို ပြန်လည်ဖွင့်လှစ်လိုက်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

ရုရှားနှင့် လုပ်ဆောင်မည့် ထားဝယ်အထူးစီးပွါးရေးဇုန်ကို အရပ်ဘက်အဖွဲ့များနှင့် တော်လှန်ရေးအင်အားစုများ ကန့်ကွက်

မြန်မာနိုင်ငံမှာ ရုရှားက ဝင်ရောက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်မယ့် ထားဝယ်အထူးစီးပွားရေးဇုန်ကို အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ကန့်ကွက်ကြောင်း မတ်လ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွါးရေး ဖွံ့ဖြိုးတော့မည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင်ပြော၊ ငွေကြေးဖောင်းပွမှု ဖြေရှင်းဖို့ MMQR စနစ်ကို စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ် စတင်မိတ်ဆက်

(MMQR) ဒစ်ဂျစ်တယ်ငွေပေးချေမှု ချိတ်ဆက်စနစ် က နိုင်ငံရဲ့ ဒစ်ဂျစ်တယ် စီးပွါးရေးအဆောက်အအုံဖွံ့ဖြိုးလာဖို့ လမ်းစဖြစ်တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီ၏ စီးပွားရေးလုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတ ပျက်စီးနေ ဟု TCRW ထုတ်ပြန်

တနင်္သာရီတိုင်းအတွင်းက စစ်ကောင်စီရဲ့ လုပ်ငန်းတွေဖြစ်တဲ့ ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ သတ္တုတူးဖော်ရေး လုပ်ငန်းတွေ အကောင်အထည်ဖော်နေမှုနဲ့ ပတ်သက်ပြီး ၃လတာ စောင့်ကြည့်ထားတဲ့ အစီရင်ခံစာကို Tanintharyi Coalition Resource Watch (TCRW) က ထုတ်ပြန်ပါတယ်။
Read More

ခရိုနီစီးပွားရေးလုပ်ငန်းစု ရွှေသံလွင်ကုမ္ပဏီနှင့် စီးပွားရေးဖြတ်တောက်မှုများအပေါ် ဂျပန်ရင်းနှီးမြှုပ်နှံသူ ၃ ဖွဲ့ ပွင့်လင်းမြင်သာမှုရှိရမည်ဟု Justice For Myanmar တောင်းဆို

ဂျပန်ရင်းနှီးမြှုပ်နှံသူ ၃ ဖွဲ့ဖြစ်တဲ့ ဂျပန်အစိုးရ-ပုဂ္ဂလိကရံပုံငွေအဖွဲ့ ၂ ဖွဲ့နဲ့ ဂျပန်နိုင်ငံတကာ ရုပ်သံထုတ်လွှင့်မှု ကော်ပိုရေးရှင်း (JIB) တို့အနေနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ခရိုနီကုမ္ပဏီဖြစ်တဲ့ ရွှေသံလွင် ကုမ္ပဏီနဲ့ စီးပွားရေးဖြတ်တောက်မှုတွေအပေါ် ပွင့်လင်းမြင်သာမှုရှိရမယ်လို့ Justice For Myanmar က တောင်းဆိုလိုက်ပါတယ်။
Read More

မုတ္တမပင်လယ်ကွေ့မှာ ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ရေး အကြမ်းဖက်စစ်ကောင်စီနဲ့ ထိုင်းကုမ္ပဏီတို့ ထုတ်လုပ်မှုခွဲဝေရေးစာချုပ် ချုပ်ဆို

အကြမ်းဖက်စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် မြန်မာ့ရေနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နဲ့ မြန်မာအခြေစိုက် ထိုင်းနိုင်ငံသားပိုင်ကုမ္ပဏီ Gulf Petroleum Myanmar ကုမ္ပဏီ(GPM) တို့ဟာ မုတ္တမပင်လယ်ကွေ့မှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ရေးအတွက် မေလ ၂၉ ရက်က ထုတ်လုပ်မှုခွဲဝေရေးစာချုပ် (PSC) ကို လက်မှတ်ထိုးခဲ့ကြပါတယ်။