မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်မှာ စစ်အင်အားဖြည့်တင်းပြီး လက်နက်ကြီးပစ်ခတ်တာတွေလုပ်ဆောင်နေတဲ့ ရှမ်းတပ်ရဲစခန်းကို ၄၀ မမ လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း United States Of Burma Army – USBA (မကွေးတိုင်းပကဖ အထူးလှုပ်ရှားတပ်ဖွဲ့) တာ၀န်ခံ ကိုဗဟိန်းက မောင်းကို ပြောပါတယ်။ 

ဇန်နဝါရီလ ၂၉ရက်၊ မနေ့က ညနေပိုင်းမှာ စစ်ဆေးရေးဂိတ်လုပ်ပြီး အရပ်သားပြည်သူတွေကို လက်နက်ကြီးပစ်ခတ်တာ၊ ခြိမ်းခြောက်ငွေညှစ်တာတွေ လုပ်ဆောင်နေတဲ့ ရှမ်းတပ်ရဲစခန်းထဲက စစ်​အု​ပ်စုတွေဆီ လက်နက်ကြီး ၄၀မမ ၅လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ လက်နက်ကြီး ၅လုံးမှာ ၄ လုံးက ရဲစခန်းအတွင်း ကျရောက် ပေါက်ကွဲခဲ့အတွက် စစ်ကောင်စီ တပ်ဖွဲ့၀င် ၇ ယောက်နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနဲ့ ဒဏ်ရာပြင်းထန်တာကြောင့် လုံခြုံရေးယူကာ ကုသနေရကြောင်း United States Of Burma Army – USBA(မကွေးတိုင်းပကဖ အထူးလှုပ်ရှားတပ်ဖွဲ့) တာ၀န်ခံ ကိုဗဟိန်းက ပြောပါတယ်။

ဒီဖြစ်စဥ်မတိုင်ခင် တစ်ရက်အလို ဇန်နဝါရီလ ၂၈ရက်၊ နေ့လည်ပိုင်းကလည်း ကံတုပ်ကျေးရွာဂိတ်ကနေ အထက်မင်းလှမြို့နယ်ကို ပြန်လာတဲ့ အင်အား ၄၀ ကျော်ပါ အကြမ်းဖက်စစ်ကား၂စီးကို ကံတုပ်-စစ္စနို့ကားလမ်းပိုင်း၊ လယ်လှရွာအနီး၊ မန်းသံပုရာကန် ရေနံချက်စက်ရုံ-PIC နဲ့ ၁၅မိုင်အကွာမှာ USBA (မကွေးတိုင်းပကဖ အထူးလှုပ်ရှားတပ်ဖွဲ့) က စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။ 

USBA တပ်ဖွဲ့ဝင် စစ်ဆင်ရေးလှုပ်ရှားနေစဉ်

အဲ့ဒီတိုက်ခိုက်မှုမှာ အရာရှိတွေအပါ သေဆုံးသူ ၃၀ ကျော်ရှိခဲ့ပြီးတဲ့နောက် စစ်ကောင်စီက ရှမ်းတပ်တိုက်နယ်ရဲစခန်းကို အင်အားဖြည့်တင်းထားတာလို့လည်း သိရပါတယ်။

“အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းတပ်ရဲစခန်းက အင်အား ၂၀လောက်ရှိတယ်။ ကျနော်တို့ အဲ့နယ်မြေမှာ လှုပ်ရှားလာတော့ အင်အား ၃၀ ထပိထားထားတယ်။ ဟိုနေ့ကဖြစ်စဥ်ပြီးတဲ့နောက် ကံတုပ်ဘက်ကနေ အင်အားထပ်ဖြည့်ထားတယ်။ အင်အား ၅၀ လောက်နဲ့ စခန်းထဲကနေ ရဲစခန်းနောက်ဘက်က စမ်းလယ်တို့လိုရွာတွေကို လက်နက်ကြီးတွေနဲ့ထုပါတယ်။ အဲ့ဒါကြောင့် ကျနော်တို့ တိုက်ခိုက်ခဲ့တာပါ။” လို့ USBA(မကွေးတိုင်းပကဖ အထူးလှုပ်ရှားတပ်ဖွဲ့) တာဝန်ခံ ကိုဗဟိန်းက မောင်းကိုပြောပါတယ်။

သူကပဲဆက်လက်ပြီး “ကျနော်တို့ လက်နက်ကြီး ပစ်ပစ်ချင်း ၇ယောက်လောက်ထိသွားတယ်။  တာဝန်ရှိတဲ့သူက ဘယ်လောက်ထိလဲဆိုပြီး လူစစ်တာကို ကြားတယ်ပေါ့။ အဲ့နောက်စခန်းကို ပိတ်ပြီး ဆေးကုကြတယ်။ အဲ့ဒါကြောင့် ၇ယောက်လောက်ထိတာကလွဲလို့ ကျနော်တို့လည်းထိခိုက်သေဆုံးမှုကို အတိအကျမသိရတော့ပါဘူး။ ” လို့ပြောပါတယ်။

လက်ရှိမှာတော့ စစ်အုပ်စုတွေက ရှမ်းတပ်ရဲစခန်းအတွင်း အင်အားဖြည့်တင်းကာ တော်လှန်ရေးတပ်တွေ လာရောက်တိုက်ခိုက်ရင် ခုခံနိုင်အောင် ခံစစ်ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

တောင်ပိုင်းစစ်ဒေသ နယ်မြေမှာ နိုဝင်ဘာ ပထမပတ်အတွင်း အရပ်သား ၈၂ ယောက်ကို စစ်ကောင်စီ အကြောင်းမဲ့ ဖမ်းဆီး

စစ်ရေးအားကောင်းတဲ့ တောင်ပိုင်းစစ်ဒေသနယ်မြေမှာ နိုဝင်ဘာလ ပထမပတ်အတွင်း အရပ်သားပြည်သူ ၈၂ယောက်ကို စစ်ကောင်စီက အကြောင်းမဲ့ ဖမ်းဆီးထားတယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ပါတယ်။
Read More

မောတောင်မြို့ကို လက်လွှတ်ရသည့် စစ်တပ် ဆက်လက်လေကြောင်းတိုက်ခိုက်နေ၊ ဒေသခံ ထောင်နှင့်ချီ စစ်ရှောင်နေရဆဲ

တနင်္သာရီတိုင်း၊ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ မောတောင်မြို့သိမ်းတိုက်ပွဲကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ စစ်ရှောင်အရေး ကူညီနေသူတွေထံက သိရပါတယ်။
Read More

သီပေါနဲ့ နောင်ချိုမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်ရာ နေအိမ်တွေ ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါမြို့နယ်နဲ့ နောင်ချိုမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က ပြည်သူကို ဦးတည်ကာ လေကြောင်းကတဆင့် နေ့စဥ် လာရောက်ဗုံးကြဲနေပြီး လက်နက်ကြီးတွေနဲ့ပါ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်နေရာ နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

စဉ့်ကူးတွင် အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၆ ဦး သေပြီး အများအပြားဒဏ်ရာရ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က ရှောက်ပင်ရိုးကျေးရွာကို အကြမ်းဖက်စစ်တပ် လေ​ကြောင်းတိုက်ခိုက်မှုမှာ အရပ်သား ၆ ယောက် သေဆုံးပြီး နေအိမ်အဆောက်အဦးတွေ ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံတွေက မောင်းကို ပြောပါတယ်။
Read More

သပိတ်ကျင်းမှာ စစ်ကောင်စီတပ် ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၂ ယောက် သေဆုံးပြီး ၁၆ ယောက် ပြင်းထန်ဒဏ်ရာရ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားနေအိမ်တွေကို ပစ်မှတ်ထားပြီး ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ ယောက် သေဆုံးပြီး ၁၆ ယောက် ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ကော့ကရိတ်တိုက်ပွဲတွင် စစ်တပ်အထိနာကာ ပေါင် ၅၀၀ ဗုံးများ ကြဲချ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်တွေနဲ့ KNLA တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။