စစ်ဒေသတွေတိုးချဲ့နေပြီး အညာဒေသမှာအခြေစိုက်မယ့် BPLA ကတပ်သားသစ်များ ခေါ်ယူ နေတယ်လို့ အသိပေးထုတ်ပြန်ပါတယ်။

”ကိုယ့်ဘက်က စစ်ဦးသာနေချိန်မှာ ရန်သူကို အနားမပေးပါနဲ့။ စစ်အုပ်စုကို တကယ်အမြစ်ဖြတ်မယ်ဆိုရင် ကိုယ်ကိုယ်တိုင်လည်း မနားပါနဲ့”လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က အသိပေးထုတ်ပြန်ထားပါတယ်။

ဒါဟာ အညာဒေသအတွက် BPLA က ဒုတိယမြောက် ခေါ်ယူလိုက်ခြင်းဖြစ်ပြီး အညာက တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ လက်တွဲညီညီ စစ်အာဏာရှင်ကို တိုက်ခိုက်သွားမယ်လို့လည်းဆိုပါတယ်။

အညာဒေသတိုက်ပွဲတွေအတွက် BPLA က တပ်သားသစ်တွေ ခေါ်ယူလျက်ရှိပြီး အသေးစိတ်သိလိုပါက BPLA Facebook Page Messenger ကတစ်ဆင့် ဆက်သွယ်စုံစမ်းနိုင်တယ်လို့လည်း ရေးသားထားပါတယ်။

BPLA ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်မှာ စတင်အခြေစိုက်ကာ ရှမ်းမြောက်ပိုင်းနဲ့ အညာဒေသ(စစ်ကိုင်းနှင့် မကွေး) တို့တွင် စစ်ဒေသထားရှိကာ စစ်ဒေသ သုံးခုနှင့် BPLA ကစစ်ရေးလှုပ်ရှားဆောင်ရွက်နေတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

သုံးလတာအတွင်း စစ်ကောင်စီကြောင့် အရပ်သားပြည်သူ တစ်ထောင်ကျော် သေဆုံးခဲ့ရ

တိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့် သုံးလအတွင်း တစ်နိုင်ငံလုံးမှာ အရပ်သား တစ်ထောင်ကျော်လောက် သေဆုံးခဲ့ရတယ်လို့ လွတ်လပ်တဲ့ သုတေသန အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ ဉာဏ်လင်းသစ်က ထုတ်ပြန်ပါတယ်။
Read More

စစ်လက်နက် အသုံးအဆောင်ပစ္စည်းများ အရည်အသွေးမြင့်အောင် ထုတ်လုပ်ရန် မင်းအောင်လှိုင် မှာကြား 

လက်ရှိအသုံးပြုနေတဲ့ စစ်လက်နက်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို အရည်အသွေးမြင့်အောင် ထုတ်လုပ်ဖို့ ကြိုးစားရမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ 
Read More

ပန်းရံကျေးရွာ ပျူစောထီးစခန်းမှ ရွှေဘိုမြို့ပေါ် ရိက္ခာလာထုတ်သည့် ပျူစောထီးကားကို ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်ကို ပန်းရံကျေးရွာ ပျူစောထီးစခန်းကနေ ရိက္ခာ လာထုတ်တဲ့ ပျူစောထီးကားကို ပစ်ခတ်တိုက်ခိုက်ရာ ပျူစောထီးတွေ ထိခိုက်မှုတွေ ရှိတယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် ၁၀၅ ဦး သေဆုံးခဲ့…

မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်ကောင်စီကြောင့် ၂၀၂၅ ခုနှစ်အတွင်း အသက် ၁၈ နှစ်အောက် ကလေးငယ် ၁၀၅ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

အာသံအကျဉ်းထောင်အတွင်း ချင်းလူငယ်တွေ ရုပ်ပိုင်း၊ စိတ်ပိုင်း အခြေအနေတွေကြောင့် အစာငတ်ခံဆန္ဒပြမှုကို ရပ်နား

အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်မှာ ဖမ်းဆီးအကျဥ်းချခံထားရတဲ့ ချင်းလူငယ် ၃၂ယောက်ရဲ့ အစာငတ်ခံဆန္ဒပြမှုဟာ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေတွေကြောင့် ရပ်နားထားကြောင်း India For Myanmar တာဝန်ရှိသူ ဆလိုင်းဒိုရ်ခါက မောင်းကို ပြောပါတယ်။
Read More

ဝမ်းတွင်းကနေ မန္တလေးဘက် ထွက်ခွာလာတဲ့ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့ကနေ မန္တလေးမြို့ဘက်ကို ထွက်ခွာလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ပဒေသာမိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Wundwin Township Revolution Force (WTRF) ထံက သိရပါတယ်။