စစ်ကိုင်းတိုင်း၊ ကလေးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားဖြစ်သူတွေရဲ့ မိန်းမတွေနဲ့ မိသားစုဝင်တွေကို ထောင်ပိုင်အရာရှိတွေက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေ လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) ထံက သိရပါတယ်။ 

ကလေးအကျဉ်းထောင်မှာ ထောင်ဝင်စာဧည့်တွေ့ပြီး ပြန်လာတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ယောက်ရဲ့ ဇနီးဖြစ်သူကို ထောင်တာဝန်ခံ အရာရှိ အောင်မိုးဟိန်းဆိုသူက ဖုန်းနဲ့ဆက်သွယ်ကာ သူနဲ့ အတူနေဖို့ ချိန်းဆိုပြီး လိင်ပိုင်းဆိုင်ရာနှောင့်ယှက် ပြောဆိုမှုတွေကို ကျူးလွန်ခဲ့တယ်လို့ PPNM က ဆိုထားပါတယ်။

“ဒီဖြစ်စဉ်က မိသားစုဝင်တွေက ပြောလို့ ကြားသိရတာမဟုတ်ပါဘူး၊ ဒီကိစ္စတွေကို သိနေတဲ့ ကလေးအကျဉ်းထောင်နဲ့ အဆက်အသွယ်ရတဲ့ သူကနေ တဆင့် ပြန်သိရတာပါ၊ တခြားထောင်ဝင်စာ ဧည့်တွေလာတဲ့ အမျိုးသမီးတွေကို ရင်ဖွင့်တော့ တခြားအမျိုးသမီးတွေလည်း ထိကပါးရိကပါး ပြောခံရတယ်ဆိုတာ သိရတယ်၊ ကျနော်တို့ကိုလည်း နောက်ထပ် လူ ၄-၅ ယောက်လောက်က သတင်းပေးလာပါတယ်” လို့ PPNM ရုံးအဖွဲ့တာဝန်ခံ လင်းက မောင်းကို ပြောပါတယ်။

(ဓာတ်ပုံ PPNM)

ဒီလို ကိစ္စရပ်တွေကို ကြုံတွေ့နေရတာဟာ အဆိုပါ အမျိုးသမီးတစ်ယောက်တည်း မဟုတ်ဘဲ တခြားနိုင်ငံရေးအကျဉ်းသား မိသားစုဝင် အမျိုးသမီးတွေကိုလည်း ထောင်ပိုင်တွေက နှောက့်ယှက်မှုတွေ ကျူးလွန်နေကြတယ်လို့ PPNM က ဆိုထားပါတယ်။ 

ဒါ့အပြင် ကလေးအကျဉ်းထောင်က ထောင်ဝန်ထမ်းတွေဟာ နိုင်ငံရေးအကျဉ်းသား မိသားစုဝင် အမျိုးသမီးတွေကို ဆက်သွယ်ပြီး ငွေကြေးတောင်းခံတာတွေအပြင် နာရီကဲ့သို့ အသုံးအဆောင်ပစ္စည်းတွေ၊ ခရီးစာရိတ်တောင်းခံတာတွေကိုလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ 

လင်း က ဆက်လက်ပြီး “ငွေကြေးတောင်းခံတဲ့ ကိစ္စက တော်တော်များများ ကြုံရတာပါ၊ ကျနော်တို့ ကိုယ်တိုင်လည်း နိုင်ငံရေးအကျဉ်းသားပါပဲ၊ ဝန်ထမ်းတွေက ကျနော်တို့ ထောင်ဝင်စာရေးတဲ့ အခါမှာ ဖုန်းနံပါတ်တွေ ရေးရတယ်၊ အဲ့ကနေ ကျနော်တို့ မဆက်သွယ်ခိုင်းဘဲ ဆက်သွယ်တယ်၊ ကျန်းမာရေးမကောင်းလို့ ဆိုပြီး ငွေတောင်းတာတွေလည်းရှိတယ်၊ တချို့ကျတော့လည်း ခရီးစာရိတ်ဘာညာကအစ တောင်းတာတွေ ရှိပါတယ်” လို့ ဆိုပါတယ်။ 

PPNMအနေနဲ့ အခုလို ကလေးအကျဉ်းထောင်က နိုင်ကျဉ်းမိသားစုဝင်တွေအပေါ် ထောင်အာဏာပိုင်တွေကနေ  လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်နေတာတွေနဲ့ ပတ်သက်ပြီး လူ့ကျင့်ဝတ်အရ၊ လူ့အခွင့်အရေးအရ ချိုးဖောက်နေကြတာဖြစ်တာကြောင့် အပြင်းအထန်ရှုတ်ချကြောင်း၊ ‌အခုဖြစ်စဉ်တွေကိုလည်း မှတ်တမ်းတင်ထားကာ အမှန်တရားနဲ့ တရားမျှတမှုကို ဖော်ဆောင်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဗန်းမော်လေဆိပ်တစ်ခုလုံးကို KIA တိုက်ခိုက်သိမ်းပိုက်၊ လက်နက်ခဲယမ်း အများအပြားရရှိ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးအတွင်း ဗန်းမော်လေယာဉ်ကွင်းတစ်ခုလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် - KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

PDF နဲ့ ပကဖတွေက စိုးမိုးနယ်မြေတွေအတွင်း အပတ်စဥ်ထုတ် စစ်သတင်းလွှာ ဖြန့်ဝေနေ

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်အနေနဲ့ စိုးမိုးနယ်မြေတွေအတွင်း အင်တာနက်ပြတ်တောက်နေတဲ့ ပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေ သတင်းအချက်အလက် ရရှိစေဖို့ စစ်သတင်းလွှာကို အပတ်စဥ် ထုတ်ဝေဖြန့်ချိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

မန္တလေးမှာ ၁၅ ရက်အတွင်း ပေါ်တာဆွဲခံရသူ ၁၂၀ ကျော်အထိရှိလာ

မန္တလေးမှာ ၁၅ ရက်အတွင်း စစ်ကောင်စီရဲ့ ပေါ်တာဆွဲ ဖမ်းဆီးခံရသူ  ၁၂၀ကျော်သွားပြီလို့  မန္တလေးသပိတ်အင်အားစုက  အသိပေး ထုတ်ပြန်လိုက်ပါတယ်။
Read More

“ရိုးသားစွာတော်လှန်ကြပါ၊ အောက်ခြေရဲဘော်များ၏ အရှက်၊ ဂုဏ်သိက္ခာ၊ အသက်တွေ ချမနင်းကြပါနဲ့” ဟု သေတမ်းစာချန်ကာ မင်းဘူးခရိုင် အမှတ် ၃ တပ်ရင်း ယာယီတပ်ရင်းမှူး အဆုံးစီရင်

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ အမှတ် (၃) တပ်ရင်းရဲ့ ယာယီတပ်ရင်းမှူး ဟိုးကြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတယ်လို့ သိရပါတယ်။
Read More

အမေရိကန်မှာ NUG ဝန်ကြီး ဒေါက်တာဆာဆာက သံအမတ်ကြီးဦးကျော်မိုးထွန်းအပါအဝင် နယူးယောက်ရှိ မြန်မာပြည်သူတွေနဲ့ တွေ့ဆုံခဲ့…

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဒေါက်တာဆာဆာက ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်း သင်တန်း ပို့ချ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ရွာလူထုကို လူ့အခွင့်အရေးတာဝန်ခံ ဦးဆောင်ပြီး စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်း ကမ်းသင်တန်းကို ပို့ချပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။