မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ စစ်ကောင်စီ အထိုင်စခန်းနဲ့ ကင်းလှည့်စစ်ကားတို့ကို တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၂ ယောက် သေပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပခုက္ကူခရိုင်အမှတ်-၁၉ တပ်ရင်း၊ တပ်ခွဲ-၃၊ ဗိုလ်မထားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ ၂၆ ရက်နေ့က ဆိပ်ဖြူမြို့နယ်၊ တပ်ပေါင်းကျေးရွာထဲမှာ တပ်စွဲထားတဲ့ စစ်အုပ်စုတွေရဲ့အင်အား ၂၀ပါ ကင်းလှည့်ကားကို ဆွဲမိုင်းတိုက်ခိုက်ရာ ကားပျက်စီးသွားကြောင်း သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်များ ဒရုန်းစစ်ဆင်ရေးအတွက် ပြင်ဆင်နေစဥ် (ဓာတ်ပုံ ပခုက္ကူခရိုင်အမှတ်-၁၉ တပ်ရင်း တပ်ခွဲ-၃ ဗိုလ်မထားတပ်ဖွဲ့ )

အဲ့ဒီနေ့မှာပဲ ဆိပ်ဖြူမြို့နယ်၊ ထမ္မကောက်ကျေးရွာ၊ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို Fixed Wings Drone နဲ့ ဗုံးကြဲတိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၂ ယောက် သေပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့​ကြောင်း ဆိပ်ဖြူ ဗိုလ်မထားအဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီတိုက်ခိုက်မှုတွေကို ဆိပ်ဖြူဗိုလ်မထားတပ်ဖွဲ့နဲ့ Black Eagle Drone အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရပြီး အရပ်သားပြည်သူ ၃ ယောက် (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာ ကိုယ်စီရခဲ့ကြောင်း ဆိပ်ဖြူဗိုလ်မထားအဖွဲ့က ထုတ်ပြန်ပါတယ်။

0 Shares:
You May Also Like
Read More

အရာတော်တွင် အကြမ်းဖက်စစ်ကြောင်း ထိခိုက်သေဆုံးများဖြင့် တပ်လန်ပြန်ဆုတ်သွားအောင် တော်လှန်ရေးတပ်များ တိုက်ခိုက်နိုင်ခဲ့

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ ပျူစောထီးရွာကနေ ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲ ၄ကြိမ်ထက်မနည်း ဖြစ်ပွားကာ စစ်အုပ်စုအထိနာပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ Generation Z Power - GZP (Mandalay) ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့ (မန္တလေး) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ကျောက်မဲမြို့တွင် အကြမ်းဖက်စစ်တပ် လေကြောင်း ဗုံးကြဲချတိုက်ခိုက်၊ နေအိမ် (၅) လုံး ဗုံးစထိမှန်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊‌ မြောက်ကုန်းရပ်ကွက်ကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးတွေ ကြဲချတိုက်ခိုက်ရာ နေအိမ် (၅) လုံး ဗုံးစထိမှန်ပျက်စီးသွားတယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကမ္မမြို့ပေါ်တွင် စစ်ကောင်စီတပ် ယာယီအထိုင်ချစဥ် ပိတ်ဆို့ထားသည့် လမ်းများကို ပြည်သူများနှင့်အတူ တော်လှန်ရေးတပ်များ ပြန်လည်ရှင်းလင်းပေးခဲ့ (ဓာတ်ပုံသတင်း)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့ပေါ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် ယာယီအထိုင်ချစဥ်က ပိတ်ဆို့ထားတဲ့ လမ်းတွေကြောင့် ပြည်သူတွေ အခက်အခဲတွေ့နေတဲ့အတွက် ပြန်လည်ရှင်းလင်းပေးခဲ့တယ်လို့ RED GIANT တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်အာဏာသိမ်းမှု ၃ နှစ်ကျော်အတွင်း သတင်းမီဒီယာသမား ၂၀၀ ကျော် ဖမ်းဆီးခဲခဲ့ရပြီး ၅၀ ကျော်က အကျဉ်းထောင်တွေထဲ ရောက်ရှိနေ

စစ်တပ်က အာဏာသိမ်းထားတဲ့ ၃နှစ်ကျော်အတွင်း သတင်းထောက် ၂၁၅ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ၅၄ ယောက်က အကျဉ်းထောင်တွေထဲမှာ ထိန်းသိမ်းခံထားရတယ်လို့ အသံအဖွဲ့က အသိပေးထုတ်ပြန်လာပါတယ်။
Read More

ပေါက်နှင့် မြိုင်အစပ်မှာ စစ်တပ်နှင့် တော်လှန်ရေးတပ်တွေ တစ်ရက်တည်း ၂ ကြိမ် တိုက်ပွဲဖြစ်၊ စစ်အုပ်စု ၃ ယောက် သေ၊ ၁၃ ယောက် ထိခိုက်ပြီး TYK ပြောက်ကျားတပ်ဖွဲ့ တာဝန်ခံလည်း ကျဆုံးခဲ့ရ

မကွေးတိုင်း၊ ပေါက်နဲ့ မြိုင်မြို့နယ်အစပ်မှာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်အုပ်စုတွေနဲ့ တစ်ရက်အတွင်း တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၃ ယောက် သေကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
Read More

ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ လှူဒါန်းတဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ ရောက်ရှိလာ

ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ပြည်သူတွေက လှူဒါန်းတဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ ရောက်ရှိလာပြီလို့ ဒီနေ့ စက်တင်ဘာ ၂၂ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။