အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် (၃) ရှိ ဂဠုန်စစ်ကြောင်း (P29908) နဲ့ ကျားဖြူစစ်ကြောင်း (P29909) တို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ တပ်ရင်းတပ်ဖွဲ့တွေ အဖြစ်က နုတ်ထွက်ပြီး ဖြစ်တယ်လို့ တောင်ပိုင်းစစ်ဒေသက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

အဆိုပါတပ်ရင်း ၂ ရင်းဟာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကွပ်ကဲမှုအောက်မှာ မရှိတော့ဘဲ ကျားဖြူတပ်ရင်းအဖြစ် အတည်ပြုဖွဲ့စည်းထားတဲ့ အမှတ် (P29909) ကို Southern Eagle တပ်ရင်းအဖြစ် အမည်ပြောင်းလဲ သတ်မှတ်လိုက်တယ်လို့ ဆိုပါတယ်။

တောင်ပိုင်းစစ်ဒေသ၏ ထုတ်ပြန်ကြေညာချက်

ဂဠုန်စစ်ကြောင်းဟာ တောင်ပိုင်းစစ်ဒေသထဲက မွန်ပြည်နယ်အခြေပြုကာ မဟာမိတ်တော်လှန်ရေးတပ်တွေနဲ့အတူ အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ကျားဖြူစစ်ကြောင်းကတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းကို မဟာမိတ်တော်လှန်ရေးတပ်တွေနဲ့အတူ တိုက်ခိုက်ချေမှုန်းနေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

နမခတွင် ပေါ်တာဆွဲ ဖမ်းဆီးခံထားရသည့် စစ်မှုထမ်း‌ တပ်သားသစ် ၄ ဦး သေနတ် ၃ လက်နှင့်အတူ ထွက်ပြေးလွတ်မြောက်လာ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှာ ပေါ်တာဆွဲ ဖမ်းဆီးခံထားရတဲ့ စစ်မှုထမ်း‌ တပ်သားသစ် ၄ ယောက် သေနတ် ၃ လက်နဲ့အတူ ထွက်ပြေးလွတ်မြောက်လာတယ်လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
Read More

KNDF တပ်ရင်းအမှတ် (၂၂) မှ တပ်ရင်းရှိ ရဲဘော်အားလုံးအတွက် စစ်ယူနီဖောင်း တပ်ဆင်ပေးခဲ့

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်းအမှတ် (၂၂) အနေနဲ့ တပ်တွင်းရှိ တပ်ဗိုလ်၊ တပ်မှူးတွေနဲ့ ရဲဘော်တွေ အားလုံးအတွက် စစ်ယူနီဖောင်းတွေကို တပ်ဆင်ဝေမျှပေးခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မအူပင်မြို့မှာ စစ်မှုထမ်းထောက်ပံ့ဖို့ ဒေသခံတွေဆီက ငွေကြေးကောက်ခံနေ

ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ စစ်မှုထမ်းဥပဒေကြောင့် အကြမ်းဖက်စစ်တပ်ထဲ ရောက်သွားသူတွေကို ထောက်ပံ့ပေးဖို့ဆိုပြီး ငွေကြေးကောက်ခံမှုတွေ လုပ်ဆောင်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ပြုံးပြုံးလေး ရုပ်ရှင်မှ ရံပုံငွေ ကျပ်သိန်း ၈၀၀ နှင့် ထိုင်းဘတ် ၄၁၀၀ ကို ခွဲဝေစီးဆင်းရေးအစည်းအဝေး NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုး တက်ရောက်

တော်လှန်အနုပညာရှင်တွေရဲ့ လက်ရာတစ်ခုဖြစ်တဲ့ “ Still We Smile - ပြုံးပြုံးလေး” ရုပ်ရှင်ကို နိုင်ငံတကာမှာ ပြသတာကနေ ရရှိလာတဲ့ ငွေတွေကို ပညာရေးကဏ္ဍနဲ့ မြေပြင်တပ်ရင်းတပ်ဖွဲ့တွေဆီ ခွဲဝေစီးဆင်းရေးအတွက် အစည်းအဝေးပြုလုပ်ခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး တက်ရောက်ခဲ့တယ်လို့ ပြုံးပြုံးလေးရုပ်ရှင် Facebook စာမျက်နှာကတဆင့် သိရပါတယ်။
Read More

လောင်းလုံးမြို့ပေါ်က ရဲစခန်း၊ ထွေအုပ်ရုံးနှင့် စရဖရုံးတို့ကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး ထက်မနည်း သေပြီး အများအပြား ဒဏ်ရာရဟု ဆို

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ပေါ်ရှိ စစ်ကောင်စီတပ်တွေရှိရာ တပ်စခန်း ၃ နေရာကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရသွားတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ 
Read More

နပခ (အမ်း) အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို အပြီးသတ်သိမ်းပိုက်ပြီး ဒုတိုင်းမှူးအပါအဝင် ဗိုလ်မှူးချုပ်၂ ဦးကိုပါ လက်ရဖမ်းဆီးနိုင်ခဲ့တယ်လို့ AA ကတရားဝင်ထုတ်ပြန်

အာရက္ခဒေသ၊ နပခ (အမ်း) ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်း နှင့် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့အား အာရက္ခတပ်တော်မှ အရှင်လက်ရဖမ်းဆီးရမိပြီးနောက် အမ်းမြို့ နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့အား အပြီးသတ်သိမ်းပိုက်ရရှိခဲ့တယ်လို့ ဒီဇင်ဘာ ၂၀ ရက်မှာ အာရက္ခတပ်တော် AA ကထုတ်ပြန်ပါတယ်။