ကရင်နီပြည်၊ မိုးဗြဲမြို့အခြေစိုက် ခမရ (၄၂၂) တပ်ရင်းမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သား ၄ ယောက်ဟာ အလင်းဝင်ဖို့ ချိတ်ဆက်လာတာကြောင့် တော်လှန်ရေးတပ်ဖွဲ့ ၂ ဖွဲ့ အတူ ပူးပေါင်းပြီး သွားရောက်ကယ်ထုတ်ခဲ့တယ်လို့ ရှမ်းပြည်တောင်ပိုင်း ဒေသခံတော်လှန်ရေးတပ်ပေါင်းစု – SSLRU က ထုတ်ပြန်ထားပါတယ်။

လက်နက်မဲ့ အလင်းဝင်ရောက်ဖို့ ချိတ်ဆက်လာတဲ့ စစ်ကောင်စီတပ်သား (၄) ယောက်ကို ဇန်နဝါရီ ၂၉ ရက် ဒီနေ့ မနက်အစောပိုင်းမှာ SSRY (Southern Shan Revolution Youth) နဲ့ ရှမ်းပြည် (တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု (SSLRU) တို့က သွားရောက်ကယ်ထုတ်ခဲ့တယ်လို့ ဆိုပါတယ်။

(ဓာတ်ပုံ Wa Toke)

အဆိုပါ အလင်းဝင်ရောက်လာသူ ၄ ယောက်ဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက် မတရားလူသစ်စုဆောင်းခံခဲ့ရသူတွေ ဖြစ်ပြီး စိတ်ဆန္ဒမပါဘဲ တာဝန်ထမ်းဆောင်နေရတဲ့အတွက် ဇန်နဝါရီလ (၂၅) ရက်မှာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဆီ စတင်ချိတ်ဆက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် SSRY နဲ့ SSLRU ပူးပေါင်းအဖွဲ့က ဇန်နဝါရီလ (၂၆) ရက်မှာ အလင်းဝင်စစ်သားတွေကို ကယ်ထုတ်ဖို့ စစ်ဆင်ရေး စတင်ခဲ့ပြီး ဇန်နဝါရီလ (၂၉) ရက်မှာ အလင်းဝင်စစ်သားတွေကို အောင်မြင်စွာ ကယ်ထုတ်လာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ သူတို့ကို လုံခြုံတဲ့နေရာမှာ ထားရှိကာ နွေးထွေးစွာကြိုဆိုခဲ့ပြီး သူတို့ ဆန္ဒအတိုင်း လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးသွားမယ်လို့ SSLRU က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ညောင်လေးပင်-ရွှေကျင်လမ်းပိုင်းတွင် စစ်ကောင်စီကား တိုက်ခိုက်ခံရပြီး အရာရှိအပါ ၅ ဦး သေ

ပဲခူးတိုင်း၊ ညောင်လေးပင်-ရွှေကျင်လမ်းပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီ ကားတစ်စီးကို ကြားဖြတ်တိုက်ခိုက်ရာ အရာရှိနဲ့ စစ်ကောင်စီတပ်သား ၄ ယောက် သေဆုံးခဲ့ကြောင်း Fire Dragon PDF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အင်းတော်မြို့သိမ်းတိုက်ပွဲမှ ပြန်လာသည့် ABSDF ရဲဘော်များကို ပြည်သူများ အောင်သပြေများဖြင့် ကြိုဆို

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ အင်းတော်မြို့သိမ်းတိုက်ပွဲက ပြန်လာတဲ့ ကျောင်းသားတပ်မတော် ABSDF အမှတ် ၃ စစ်ကြောင်း ၊ အမှတ် ၁၄ တပ်ရင်းရှိ ရဲဘော်တွေကို ပြည်သူတွေက အောင်သပြေပန်းတွေနဲ့ ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ ABSDF အမှတ် ၃ စစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးတပ်ဖွဲ့ကို စိန်ခေါ်ထားသည့် တပ်မ ၃၃ လက်အောက်ခံ တပ်ကြပ်တစ်ဦး ကွမ်းယာထွက်ဝယ်ရင်း ဖမ်းခံရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းနယ်မြေရဲစခန်းကနေ ကွမ်းယာဝယ်ဖို့ ထွက်လာတဲ့ တပ်မ ၃၃ လက်အောက်ခံ တပ်ကြပ်တစ်ယောက်ကို အရှင်ဖမ်းမိခဲ့တယ်လို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

Chinland Defense Force – Kalay Kabaw Gangaw ၏ အပတ်စဉ် ( ၈ ) အခြေခံစစ်သင်တန်းဆင်းပွဲ…

Chinland Defense Force - Kalay Kabaw Gangaw (CDF - KKG) တပ်ရင်း (၃) က လေ့ကျင့်သင်ကြားပေးခဲ့တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ( ၈ ) သင်တန်းဆင်းပွဲ အခမ်းအနားကို ဩဂုတ် ၂၈ ရက် မနက်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

NLD အစိုးရလက်ထက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ထိုင်းနိုင်ငံတွင် ကွယ်လွန်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်် (NLD) အစိုးရလက်ထက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ်တာဝန်ယူခဲ့တဲ့ ဒေါက်တာမြင့်ထွေး ​ဟာ ဇန်နဝါရီလ (၂၆) မနေ့ညပိုင်းမှာ ကွယ်လွန်သွားခဲ့ရပြီလို့ သိရပါတယ်။
Read More

ကမ်းပါးနီ စစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ပြီးနောက် တိုက်ပွဲ ဆက်လက်ပြင်းထန်နေ၊ ကလေး တောင်ပိုင်းက ဆေးရုံဆေးခန်းတွေကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်း၊ မဏိပူရ မူးမြစ်ကူးတံတားအနီးက ကမ်းပါးနီစစ်အုပ်စုစခန်းကို Chin Defense Force - KKG နဲ့ မဟာမိတ်တော်လှန်ရေးတပ်တွေ သိမ်းပိုက်ရရှိထားပြီး စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနေကြောင်း သိရပါတယ်။