ပဲခူးတိုင်း၊ ပြည်မြို့၊ ဘုရင့်နောင်လမ်း၊ ရန်ကုန်-ပြည်လမ်းမပေါ်  မိုင်တိုင် အမှတ် (၁၇၇/၁) မှာ ဇန်နဝါ ရီ ၂၇ ရက် ညနေပိုင်းက ခရီးသည်တင်ယာဉ် ၁ စီး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ယာဉ်ပေါ်မှာ ခရီးသည် ၁၁ ယောက် လိုက်ပါစီးနင်းလာပြီး ရန်ကုန်မြို့ကနေ ပြည်မြို့ဘက်ကို မောင်းနှင်လာစဉ် အဲကွန်းအပူလွန်ကဲပြီး ကားအင်ဂျင်ခန်းဝါယာရှော့ကြောင့် ကား ၁ စီးလုံး မီး‌လောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ယာဉ်ပေါ် လိုက်ပါစီးနင်းလာသူတွေ ထိခိုက်မှုမရှိခဲ့ဘဲ ယာဉ်မောင်းကို ပြည်မြို့မရဲစခန်းမှာ (ပ)၁၄/၂၀၂၅ ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဘုတလင်မြို့ အထကကျောင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဘုတလင်မြို့ရှိ အထကကျောင်းဝင်းအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင် စီတပ်သားတွေကို တိုက်ခိုက်ခဲ့တယ်လို့ People Defence organization of Budalin မှ သတင်း ထုတ်ပြန်ထားပါတယ်။
Read More

ဖားကန့်မြို့ နမ့်မှော်ရွာမှာ နွံကန်ပေါက်ကျပြီး လူနေအိမ်များ နစ်မြုပ် (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဖားကန်မြို့၊ နမ့်မှော်ရွာအနီးမှာ မတ်လ ၂၁ ရက် ဒီနေ့ မနက်ပိုင်းက နွံကန်ပေါက်မှု ဖြစ်ပွားပြီး ကျေးရွာအတွင်း စီးဝင်ကာ လူနေအိမ်တွေ နစ်မြုပ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ရန်သူရဲ့ တိုက်ခိုက်မှုတွေကို ဟန့်တားနိုင်ဖို့ ရှမ်းတောင်အထူးတပ်ဖွဲ့ P3-9702 မှာ ဖောက်ခွဲရေးနည်းပညာများ လေ့ကျင့်သင်ကြား (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဒေသ(၃) ရှမ်းတောင်အထူးတပ်ဖွဲ့ P3-9702 ရဲဘော်တွေကို ဖောက်ခွဲရေးနည်းပညာများ လေ့ကျင့်သင်ကြားပေးနေတဲ့ မှတ်တမ်းရုပ်သံကို Urban Operation Columnမှ ထုတ်ပြန်လိုက်ပါတယ်။
Read More

ကျွန်းစုမြို့နယ်အတွင်း 116 စစ်သင်္ဘောနဲ့ ပျူစောထီးတွေတင်ဆောင်ထားတဲ့ သင်္ဘောကို တိုက်ခိုက်မှု ၂ ယောက် သေပြီး ၅ ယောက် ဒဏ်ရာရ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်အတွင်း 116 စစ်သင်္ဘောနဲ့ ပျူစောထီးတွေတင်ဆောင်ထားတဲ့ သင်္ဘောကို တိုက်ခိုက်ခဲ့ရာ စစ်သားနဲ့ ပျူစောထီး ၂ ယောက်သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပင်လောင်းမှ အရပ်သားနေအိမ်များကို စစ်ကောင်စီနှင့် PNO တပ်ဖွဲ့များ ရည်ရွယ်ချက်ရှိရှိ မီးရှို့ (ရုပ်/သံ)

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့  PNO ပြည်သူ့စစ်တွေက ကျေးရွာတွေကို မီးလောင်ပျက်စီးစေဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ တောမီးရှို့မှုကြောင့် နေအိမ် ၂၄ လုံးမီးလောင်ပြာကျခဲ့တယ်လို့  ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့-ခမ်းကောင် (PNDF-KK) က ထုတ်ပြန်ပါတယ်။