ရှမ်းပြည်နယ်မြောက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မူဆယ်မြို့နယ်၊ နမ့်ဟွယ်ကျေးရွာမှာ အမျိုးသားတစ်ယောက် မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၇ ရက် မနက်ပိုင်းမှာ အသက် (၃၀) နှစ်အရွယ်အမျိုးသားဟာ ကြံစိုက်ခင်းဆီ သွားနေချိန် စစ်ကောင်စီလက်ကျန် မြေမြှုပ်မိုင်းကို နင်းမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မိုင်းပေါက်ကွဲမှုကြောင့် မိုင်းနင်းမိသူ အမျိုးသားရဲ့ ဘယ်ဘက်ခြေထောက် ပြတ်ထွက်ပြီး ခန္ဓာကိုယ်ပေါ်နဲ့ လက်နှစ်ဖက်စလုံးလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့မှာလည်း မူဆယ်မြို့နယ် ပန်လုံကျေးရွာက အမျိုးသား ၁ ယောက် ကျေးရွာအနီးက တောထဲတစ်နေရာမှာ ထင်းသွားခွေရာက မိုင်းနင်းမိခဲ့သေးတယ်လို့ သိရတယ်။

0 Shares:
You May Also Like
Read More

စစ်တပ်က ဖမ်းဆီးထားတဲ့ ပြည်သူတစ်ယောက် သေနတ် ၂ လက် ခိုးယူထွက်ပြေးလွတ်မြောက်ခဲ့ရာက သိန်း ၁၀၀ ချီးမြှင့်ငွေ ရရှိခဲ့

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတဲ့ ပြည်သူတစ်ယောက်ဟာ စစ်သားတွေရဲ့ သေနတ် ၂ လက်နဲ့ ခဲယမ်းတွေကို ခိုးယူကာ ထွက်ပြေးလွတ်မြောက်လာတယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - CHU PDF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ကန့်ဘလူ သင်တောရွာအတွင်း စစ်အုပ်စု တပ်စွဲထားမှုကြောင့် အရပ်သား တစ်သောင်းနီးပါး မိုးထဲရေထဲ စစ်ရှောင်နေရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့တိုက်နယ်မှာ အကြမ်းဖက်စစ်အုပ်စု အထိုင်ချတပ်စွဲဲထားမှုကြောင့် တိုက်နယ်၂ ခုက အရပ်သား ၁ သောင်းနီးပါး မိုးထဲရေထဲ စစ်ဘေးတိမ်းရှောင်နေရကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

Senthang Revolution Force (SRF) ၏ ပထမအကြိမ် စစ်ပညာစွမ်းရည်မြှင့်တင်ရေး မွမ်းမံသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

Senthang Revolution Force (SRF) ရဲ့ ပထမအကြိမ် စစ်ပညာစွမ်းရည်မြှင့်တင်ရေး မွမ်းမံသင်တန်းဆင်းပွဲကို ဇွန်လ (၁၁) ရက်က ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ရှမ်းမြောက် တန့်ယန်းမှာ ကျားဖြန့်လုပ်ကိုင်လို့ တရုတ်နိုင်ငံသား ၁၈ ယောက်နဲ့ မြန်မာ ၂၇ ယောက် ဖမ်းဆီးခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့မှာ ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၁၈ ယောက်နဲ့ မြန်မာ ၂၇ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီက မနေ့က ဒီဇင်ဘာ ၅ ရက်မှာ သူ့ရဲ့ဝါဒဖြန့် မီဒီယာတွေမှာ ထုတ်ပြန်ပါတယ်။
Read More

မင်းကွန်းတိုက်ပွဲအတွင်း Acid ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် အာနိုး ကျဆုံး

စစ်ကိုင်းတိုင်း၊ မင်းကွန်းတိုက်ပွဲမှာ ဝက်လက်မြို့နယ်အခြေစိုက် Acid ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ယောက် ကျဆုံးသွားခဲ့တယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ဧရာဝတီတိုင်းအတွင်း တပ်ရင်းတွေအလိုက် ပြုတ်ပြုတ်ပြုန်း ထားတာကြောင့် စစ်ကောင်စီ တွေ့သမျှလူ ဆွဲခေါ်ကာ လုံခြုံရေးယူခိုင်းနေ

ရခိုင်ပြည်နယ်မှာ အကြီးအကျယ် ရှုံးနိမ့်ထားတဲ့ စစ်ကောင်စီဟာ ဧရာဝတီတိုင်းအတွင်း ရခိုင်နဲ့ ထိစပ်နေတဲ့ မြို့နယ်တွေမှာ လုံခြုံရေးတင်းကျပ်ကာ ခံစစ်အတားအဆီးတွေ လုပ်ဆောင်နေပါတယ်။