စစ်မှုထမ်းစုဆောင်းခံရပြီး ကရင်နီပြည်၊ ဘောလခဲတပ်ရင်းမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သား ၄ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာကြောင်း Loikaw Local PDF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဇန်နဝါရီလ ၂၉ ရက်နေ့က ကရင်နီပြည်၊ ဘောလခဲ အခြေစိုက်  ခမရ ၄၂၉ တပ်ရင်းမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သား ၄ ယောက်ဟာ လွိုင်ကော်မြို့နယ် ဒေသခံပြည်သူကာကွယ်ရေးတပ်ဆီထွက်ပြေး ခိုလှုံလာခဲ့တာဖြစ်ပြီး သူတို့နဲ့အတူ လက်နက် ၃လက်၊  ခဲယမ်း၊ ကျည်ဘောက်တွေနဲ့ မိုင်းတွေပါ ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။

အလင်းဝင်ရောက်လာသူတွေဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီး မကြာခင်မှာပဲ ရှောင်တခင် ဖမ်းဆီးခံခဲ့ကြရသလို စစ်မှုထမ်း အပတ်စဥ် (၃) နဲ့ (၄) မှာ သင်တန်းတက်ရောက်ကာ စစ်သားဖြစ်လာခဲ့ကြတာလို့လည်း သိရပါတယ်။

ဒါ့အပြင် ဘောလခဲတပ်ရင်းအတွင်း တာဝန်ထမ်းဆောင်နေသူ တော်တော်များများကလည်း စစ်ကောင်စီတပ်သားအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်လိုတဲ့ စိတ်ဆန္ဒမျိုးတွေ မရှိကြတော့ဘူးလို့ အလင်းဝင်ရောက်လာသူတွေက ပြောပါတယ်။

“သူတို့တွေက ပြည်သူ့စစ်မှုထမ်းလည်း ဖြစ်တယ်။ ပဲခူးတိုင်းက များတယ်ပေါ့နော်။ စစ်မှုထမ်း အပတ်စဥ် (၃) က ၃ယောက်ရယ် ၊ (၄) က ၁ယောက်ရယ်ပါ။ အဲ့ဒါ ခမရ ၄၂၉ မှာ တာဝန်ကျရင်း လွိုင်ကော်မှာသောင်တင်နေတာ.. အလင်းလည်းဝင်ချင်တော့ ကျနော်တို့ကို ဆက်သွယ်တယ်ပေါ့။ ကျနော်တို့တောင်းဆိုသလိုလည်း လုပ်နိုင်ခဲ့တယ်။ ကျနော်တို့က Local ဆိုတော့ သူတို့အတွက် ဆုချီးမြှင့်တာမျိုးမလုပ်နိုင်ပေမယ့် ပြည်သူ့ရင်ခွင်နဲ့ ချိတ်ဆက်ပေးမယ်။ လုံခြုံနွေးထွေးစွာ ထားမယ်။ သူတို့စိတ်သ​ဘောထားအတိုင်း လုံလုံခြုံခြုံ နွေးနွေးထွေးထွေး ထားပေးသွားမယ်။ သူတို့နဲ့တော့ စကားပြောရပါဦးမယ်။” လို့ Loikaw Local PDF တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

လက်ရှိ ၂၀၂၅ ခုနှစ်အတွင်းမှာ Loikaw Local PDF ထံ အလင်းဝင်ခိုလှုံလာတဲ့ စစ်ကောင်စီဘက်တော်သား ၆ ယောက်အထိရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

နောက်ထပ်အလင်းဝင်ရောက်လာမယ့် ပြည်သူစစ်မှုထမ်း၊ အရာရှိစစ်သည်၊  ရဲဘော်တွေနဲ့ Non CDM ဝန်ထမ်းတွေကိုလည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုသွားမယ့်အကြောင်းနဲ့  လုံခြုံစိတ်ချမှုရှိစွာ ကာယကံရှင် စိတ်ဆန္ဒသဘောထားအတိုင်း အလေးထား ကာကွယ်စောက်ရှောက်သွားမယ်လို့ Loikaw Local PDF က ထုတ်ပြန်ထားပါသေးတယ်။

Loikaw Local PDF ထံ အလင်းဝင်ရောက်လာသူများကို တာဝန်ရှိသူများနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ Loikaw Local PDF)

0 Shares:
You May Also Like
Read More

ချောက်မှာ စစ်အုပ်စုတွေကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ လက်နက်ကြီးငယ်တွေနဲ့ အလစ်အငိုက် ပစ်ခတ်တိုက်ခိုက်

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

စစ်အာဏာသိမ်းမှု ၄ နှစ်တာအတွင်း တစ်နိုင်ငံလုံးမှာ စစ်ကောင်စီကြောင့် သေဆုံးခဲ့ရသူ ၆၂၀၀ ကျော်အထိ ရှိလာ

စစ်အာဏာသိမ်းမှု ၄ နှစ်တာကာလအတွင်း နိုင်ငံတစ်ဝန်း သေဆုံးခဲ့ရသူ ၆၂၃၉ ယောက် ရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၀၀၀ ကျော်နှင့် အကြိမ်ကြိမ် စစ်အင်အားဖြည့်တင်းမှုများကြားမှ ဖလမ်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ချင်းညီနောင် ကြေညာ

ချင်းညီနောင် စစ်ဆင်ရေး (Operation CB) အဖြစ် ဖလမ်းမြို့ကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ချင်းညီနောင်က ဒီနေ့ ဧပြီ ၉ရက်မှာ တရားဝင် အသိပေးထုတ်ပြန်ပါတယ်။
Read More

ဘယ်တော်လှန်ရေးအဖွဲ့ကိုမှ မကြောက်ဘူးဟု စိန်ခေါ်သည့် စစ်တပ်သတင်းပေး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ ဘယ်တော်လှန်ရေးအဖွဲ့အစည်းကိုမှ မကြောက်ဘူးလို့ စိန်ခေါ်ခဲ့တဲ့ စစ်တပ်သတင်းပေးတစ်ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆ Black Dragon (GBK-PDF) တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ဘားအံမြို့မှာ တန်ဆောင်တိုင်မီးပုံပျံ အိမ်ပေါ်ပြုတ်ကျရာကနေ မီးလောင်မှုဖြစ်ပွားပြီး ကား ၁ စီးနဲ့ အဆောက်အဦး၂ လုံး မီးလောင်ပျက်စီး…

ကရင်ပြည်နယ်၊ ဘားအံမြို့က မွေးမြူရေးဇုန်မှာ နိုဝင်ဘာလ ၁၅ ရက် တန်ဆောင်မုန်းလပြည့်နေ့ညက မီးပုံးပျံ အဆောက်အဦးပေါ်ပြုတ်ကျပြီး မီးလောင်မှုဖြစ်ပွားကာ အဆောက်ဦး ၂ လုံးနဲ့ ကား၁စီး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါ စကမ အဖွဲ့ဝင် ၁၈ ဦးကို အကြမ်းဖက်သမားများအဖြစ် NUG  ကြေညာ

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးကို ဥပဒေမဲ့ခေါ်ယူပြီး  နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရ အဖွဲ့ဝင်တွေကို မတရား ဖမ်းဆီးခဲ့သူတွေနဲ့ ကာလုံအဖွဲ့ဝင်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က အကြမ်းဖက်သမားတွေအဖြစ် ထုတ်ပြန်ကြေညာလိုက်ပါတယ်။