ကရင်နီပြည်နယ်၊ မိုးဗြဲမြို့တိုက်ပွဲအတွင်း ရှမ်းပြည်တောင်ပိုင်း ဒေသခံတော်လှန်ရေး တပ်ပေါင်းစု (SSLRU) ၊ တပ်ခွဲ ၂ ၊ Urban Task Force Aung Ban က ရဲဘော် ၂ ယောက်နဲ့ အမှတ်(၁၀၀၈) တပ်ရင်း (SSRY) က ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ခွဲက ထုတ်ပြန်ဖော်ပြထားပါတယ်။

Urban Task Force Aung Ban က ရဲဘော်တွေဖြစ်တဲ့ အသက် ၁၈ နှစ်အရွယ် ရဲဘော်ခန့်ခန့် ၊ အသက် ၂၆ နှစ်အရွယ် ရဲဘော် ကော်ဘရာ၊ အမှတ်(၁၀၀၈) တပ်ရင်း (SSRY) က အသက် ၂၄ နှစ်အရွယ် ရဲဘော် ဉာဏ်ကြီးတို့က မိုးဗြဲတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ဇန်နဝါရီလ(၂၇) ရက် မွန်းလွဲပိုင်းမှာ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ကျဆုံး ရဲဘော်တွေရဲ့ ဈာပနာအခမ်းအနားကို ဇန်နဝါရီလ(၂၈)ရက်က ကရင်နီဒေသတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနားမှာ ကျဆုံးရဲဘော်တွေကို ရည်စူးပြီး နေ့ဆွမ်းကပ်လှူခြင်း၊ ရေစက်ချ တရားနာခြင်း၊ ဂုဏ်ပြုအလေးပြုခြင်းနဲ့ မြေချသဂြိုလ်ခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ကျဆုံးရဲဘော် (၂) ယောက် အပါအဝင် SSLRU က ကျဆုံးရဲဘော် (၆) ယောက်နဲ့ အခြား ထိခိုက်ဒဏ်ရာရရှိထားတဲ့ ရဲဘော်တွေလည်း ရှိပြီး SSRY ကလည်း ကျဆုံးရဲဘော် (၁) ယောက် အပါအဝင် ကျဆုံးရဲဘော် (၉) ယောက်အပြင့ အခြားထိခိုက်ဒဏ်ရာရရှိထားတဲ့ ရဲဘော်တွေလည်း ရှိတယ်လို့ သိရပါတယ်။

SSLRU နဲ့ အမှတ် ၁၀၀၈ တပ်ရင်း SSRY ဟာ မိုးဗြဲဒေသနဲ့ ရှမ်းတောင်ဒေသတွေမှာ မဟာမိတ်တပ်ဖွဲ့တွေနဲ့ အတူ ပူပေါင်းစစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

သတ်မှတ်ချက်နှင့် ကိုက်ညီသည့် စစ်သုံ့ပန်းများ၏ မိသားစုဝင် ၁၀၀ ကျော်နှင့် အကျဉ်းသားအချို့ကို AA ပြန်လွှတ်ပေး

အာရက္ခတပ်တော် AA က ဖမ်းဆီးရရှိထားတဲ့ စစ်သုံ့ပန်းတွေရဲ့ မိသားစုဝင် ၁၀၀ ကျော်နဲ့ သာမန်အကျဉ်းသား ၂၀ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။  
Read More

ငါန်းဇွန်မြို့နယ် ငါန်းမြာကြီးရွာကို စစ်ကောင်စီလေကြောင်းမှဗုံးကြဲလို့ အရပ်သား ပြည်သူ ၁၀ဦးထက်မနည်း သေဆုံးခဲ့ရ

ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာကို စစ်ကောင်စီလေကြောင်းက ဗုံးကြဲလို့ အရပ်သားပြည်သူ ၁၀ဦးထက်မနည်း သေဆုံးကြောင်း ဒေသခံတွေထံက သိရပါတယ်။ တိုက်ပွဲဖြစ်ပွါးခြင်း မရှိဘဲ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲမှုကြောင့် ကလေးငယ်နဲ့အမျိုးသမီးများအပါအဝင်ဒေသခံ ၁၀ ဦးသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိတယ်လို့ သိရပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသမှာ အခုတစ်ပတ် တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား (၂၈) ယောက် သေဆုံးကာ (၄၅) ယောက်နဲ့အထက် ဒဏ်ရာရရှိ…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသမှာ အခုတစ်ပတ် တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား (၂၈) ယောက် သေဆုံးကာ (၄၅) ယောက်နဲ့အထက် ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

ပဲခူးရိုးမထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေ မိုင်းဆွဲခံရပြီး အယောက် ၄၀ သေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင်ထဲက ပဲခူးရိုးမအတွင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား အယောက် ၄၀ သေဆုံးသွားတယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၅) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရေစကြိုမှာ စစ်ကူအင်အားဖြည့်ဖို့သွားတဲ့ စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၃ ယောက်ထက်မနည်း သေ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ​တိုက်ပွဲဖြစ်ပွားရာ ကျေးရွာဆီ အင်အားဖြည့်ဖို့သွားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက် ထက်မနည်း သေဆုံးပြီး သေနတ်၂ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက မောင်းကိုပြောပါတယ်။
Read More

ဘောလခဲ ခမရ ၄၂၉ မှာ တာဝန်ကျနေတဲ့ စစ်မှုထမ်းတပ်သား ၄ ဦး Loikaw Local PDF ထံ လက်နက်နဲ့ အလင်းဝင်ခိုလှုံ

စစ်မှုထမ်းစုဆောင်းခံရပြီး ကရင်နီပြည်၊ ဘောလခဲတပ်ရင်းမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သား ၄ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာကြောင်း Loikaw Local PDF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။