အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြည်သူ့လွတ်လပ်ရေးတပ်တော် ဗဟိုကော်မတီဝင်နဲ့ မြေပြင်မှာ တွေ့ဆုံပြီး စစ်ရေးနဲ့ အုပ်ချုပ်ရေး ပူးပေါင်းလုပ်ဆောင်ဖို့ ဆွေးနွေးခဲ့တယ်လို့ ပြည်သူ့လွတ်လပ်ရေးတပ်တော် (People Independence Army) က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်မှာ NUG ဝန်ကြီး ဦးရည်မွန်က မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်မှာ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေတဲ့ ပြည်သူ့လွတ်လပ်ရေးတပ်တော်ရဲ့ ဗဟိုကော်မတီဝင် ကိုမိုးနေလနဲ့ လွတ်မြောက်နယ်မြေ တစ်နေရာမှာ တွေ့ဆုံခဲ့တာပါ။

တွေ့ဆုံမှုအတွင်း ပြည်သူ့လွတ်လပ်ရေး အဖွဲ့ (PIO)/ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA)က တော်လှန်ရေးကာလအတွင်း လုပ်ဆောင်ချက်တွေနဲ့ သဘောထားတွေကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးခဲ့ပြီး NUG အစိုးရနဲ့ စစ်ရေးဆိုင်ရာ လုပ်ငန်းတွေ၊ ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းစဥ်တွေအတွက် ပူးပေါင်းကူညီဆောင်ရွက်ဖို့ ဆွေးနွေးသဘောတူညီခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အနာဂါတ် ဖက်ဒရယ်တပ်မတော် တစ်ရပ် တည်ဆောက်ရေး ရည်မှန်းချက်တွေနဲ့ တော်လှန်ရေး ကာလအတွင်း စစ်စည်းကမ်း၊ စစ်ကျင့်ဝတ်တွေ လိုက်နာဖို့ကိုလည်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ထုတ်ပြန်ကြေညာချက်
0 Shares:
You May Also Like
Read More

မြိုင်မှာ စစ်ကောင်စီတပ်ကို တစ်ရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်၊ ၄ ယောက်သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်ကို တစ်ရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်ရာ ၄ ယောက်သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြိုင် ပကဖ) က သတင်းထုတ်ပြန်ပါတယ်။
Read More

မုံရွာ-ချောင်းဦး လမ်းပိုင်းတစ်နေရာမှာ စစ်ကောင်စီတပ် သံပြားကာကားယာဥ်တန်းကို တော်လှန်ရေးတပ်များ ပစ်ခတ်တိုက်ခိုက်…

စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦး လမ်းပိုင်းတစ်နေရာမှာ ရိက္ခာပို့ပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်ရဲ့ သံပြားကာကားတွေနဲ့ ကင်းပုန်းဝပ်နေတဲ့ ပျူစောထီးတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင်အမှတ် ၁၇ တပ်ရင်း တပ်ခွဲ ( ၃ ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တပ်ဖွဲ့အတွင်း ဒီဇင်ဘာလ အားကစားပြိုင်ပွဲ ကျင်းပ…

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ယပကတ) - YPDF ရဲ့ ပထမဆုံးအကြိမ်အဖြစ် ဒီဇင်ဘာလ အားကစားပြိုင်ပွဲကို ဒီဇင်ဘာလ (၂၇) ရက် မနေ့က မွန်းလွဲပိုင်းက တပ်ဖွဲ့ ဗဟိုဌာနချုပ် အားကစားကွင်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ YPDF က ထုတ်ပြန်ထားပါတယ်။
Read More

ကွတ်ခိုင်မှာ ကလေးငယ် ၄ ဦး မိုင်းနင်းမိ၊ ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဆိုင်ကျေးရွာမှာ ကလေးငယ် ၄ ယောက် လက်လုပ်မိုင်း နင်းမိရာ ၂ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲကနေ အောင်ပွဲနဲ့အတူ ပြန်လာတဲ့ ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့က ရဲဘော်တွေကို ဒေသခံပြည်သူလူထုက ကြိုဆိုဂုဏ်ပြုခဲ့ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲကနေ အောင်ပွဲနဲ့အတူ ပြန်လာတဲ့ ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့ (ဝက်လက်) က ရဲဘော်တွေကို အောက်တိုဘာလ ၂၈ ရက်မှာ ဒေသခံပြည်သူလူထုက ကြိုဆိုဂုဏ်ပြုခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ဝေါ်လေဗျူဟာကုန်းကနေ ဈေးဆင်းဝယ်တဲ့ အကြမ်းဖက်စစ်သား သေနတ်နဲ့ ချောင်းပစ်ခံရလို့ လက်နက်ကြီးနဲ့ ရမ်းထုနေ

ကရင်ပြည်နယ်၊ ဝေါ်လေဗျူဟာကုန်းစခန်းကနေ အကြမ်းဖက်စစ်သားတွေ မြို့ထဲဈေးဆင်းဝယ်တဲ့အချိန်မှာ သေနတ်နဲ့ချောင်းပစ်ခံရပြီး စစ်သားတစ်ယောက် ဒဏ်ရာရရှိသွားတာကြောင့် ဝေါ်လေဗျူဟာစခန်းကုန်းကနေ လတ်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။