ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ သဖန်းပင်ကျေးရွာမှာနေထိုင်တဲ့ စစ်မှုထမ်းဟောင်း ပျူစောထီးဒလန်ဖြစ်သူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို က သတင်းထုတ်ပြန်လာပါတယ်။

မနေ့က ဇန်နဝါရီလ ၂၈ ရက် နေ့လယ် ၁ နာရီဝန်းကျင်အချိန်မှာ အုတ်ဖိုတာဆုံနဲ့ သဖန်းပင်ဆိပ်ရွာကြားရှိ ကားလမ်းပေါ်မှာ ဆိုင်ကယ်စီးပြီး အုတ်ဖိုက ပြန်လာစဉ်မှာ အဆိုပါ ပျူစောထီးဖြစ်သူ တင်နိုင်ထွန်းကို ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။

“သူက တော်တော်ကို ဆိုးတဲ့သူပါ၊ ရွာမှာလူတွေ သူ့ကြောင့်နဲ့ အသတ်ခံရတာတွေရှိတယ်၊ အဖမ်းခံရတာတွေရှိတယ်၊ ပေါ်တာဆိုလည်းသူက ထိပ်ဆုံးကနေ လမ်းလိုက်ပြနေသူပဲ၊ သူကအရင်က စစ်သားပဲ၊ ခြေထောက်ထိသွားပြီး တပ်ကနေ နားလိုက်ရတာ၊ အဲ့ဒါကိုလည်း ပျူစောထီးဒလန် ဆက်လုပ်နေတာ” လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုရဲ့ တာဝန်ရှိသူတစ်ယောက်က မောင်းကို ပြောပါတယ်။

ပစ်ခတ်ရှင်းလင်းခံရသည့် ပျူစောထီးဒလန် တင်နိုင်ထွန်း

ပစ်ခတ်တိုက်ခိုက်ပြီးနောက် ပျူစောထီး တင်နိုင်ထွန်းထံက လက်ပစ်ဗုံး၁လုံး၊ မိုလ်ဘိုင်းဖုန်း၁လုံးနဲ့ ဆိုင်ကယ်၁စီးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ပျူစောထီး တင်နိုင်ထွန်းဟာ စစ်ကောင်စီ အမာခံတစ်ယောက်ဖြစ်ပြီး တော်​လှန်​ရေးတပ်ဖွဲ့တွေနဲ့ PDF ရဲဘော်တွေရဲ့ သတင်းအချက်အလက်တွေကို စစ်တပ်ထံ ထောက်​လှမ်း​သတင်းပို့တာ၊ လူငယ်တွေကို ပေါ်တာဆွဲဖို့ စစ်တပ်ထံ သတင်းပေး ဖမ်းဆီးခိုင်းတာ၊ ပြည်သူတွေကို စစ်တပ်ထံ မမှန်သတင်းပေးပြီး ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ဖို့ လုပ်ဆောင်ခိုင်းတာတွေကြောင့် အခုလို အရေးယူလိုက်ရတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သိမ်းဆည်းရရှိသည့် ပစ္စည်းအချို့
0 Shares:
You May Also Like
Read More

NUG အားနည်းချက်များရှိကြောင်း ယာယီသမ္မတ ဒူဝါလရှီးလ ဝန်ခံပြောကြား.. တိုင်းရင်းသား အင်အားစုကြီးများ အစိုးရအဖွဲ့ထဲ ပါလာရန် ကြိုးပမ်းသော်လည်း အကန့်အသတ်များ ရှိနေဟု ဆို..

ပြီးခဲ့တဲ့ လေးနှစ်တာကာလအတွင်း နွေဦးတော်လှန်ရေးမှာ အောင်မြင်မှုတွေရှိခဲ့သလို ကျရှုံးမှုတွေလည်း ရှိခဲ့ပြီး အဆိုပါ ကျရှုံးမှုဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အားနည်းချက်ကြောင့် ဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ဝန်ခံပြောကြားလိုက်ပါတယ်။
Read More

STUM ဦးဆောင်သူ အပါအဝင် အဖွဲ့ဝင် ၁၀ဦးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ အလုပ်သမားအဖွဲ့အစည်းများ တောင်းဆို

မြန်မာနိုင်ငံမှာ အလုပ်သမားအခွင့်အရေး အပြည့်အဝရရှိရေးကို ဆောင်ရွက်နေတဲ့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် မြန်မာ (STUM) အဖွဲ့ရဲ့ ခေါင်းဆောင် ဒေါ်မျိုးမျိုးအေး အပါအဝင် အဖွဲ့ဝင် ၁၀ ယောက်ကို စစ်ကော်မရှင်က ဖမ်းဆီးထားအမှုအပေါ် အမြန်ဆုံးပြန်လွှတ်ပေးဖို့ အရပ်ဘက် အလုပ်သမားအဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။
Read More

အောင်လံတွင် နိုင်ငံခြားအလုပ်ကိုင်ရှာဖွေရေး အေ့ဂျင့်အမျိုးသမီးတစ်ဦး အသတ်ခံရ

မကွေးတိုင်း ၊ အောင်လံမြို့နယ်မှာ နိုင်ငံခြားအလုပ်အကိုင်ရှာဖွေရေး အေးဂျင့်အမျိုးသမီးတစ်ယောက် အသတ်ခံရတယ်လို့  အောင်လံမြို့ ဒေသတွင်းစစ်ရေးသတင်းတွေကို ဖော်ပြနေတဲ့ အောင်လံလူထု အဖွဲ့ဆီက သိရပါတယ်။
Read More

မိုးကုတ်တွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် (၂)ဦးအပါ ပြည်သူ (၆) ဦး၊ နေအိမ် (၆) လုံး ဒဏ်ရာရ ပျက်စီး

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် (၂) ယောက် အပါအ၀င် အရပ်သားပြည်သူ (၆) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရိုဟင်ဂျာ ၆၀၀ ကျော်သတ်ဖြတ်ခံရကြောင်း စွပ်စွဲခံရမှုအပေါ် သေဆုံးသူများသည် စစ်ကောင်စီတပ်သားများသာ ဖြစ်ကြောင်း AA ငြင်းဆို

ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေကနေ စွပ်စွဲထားသလို အာရက္ခတပ်တော် (AA) ဟာ ရိုဟင်ဂျာတွေကို သတ်ဖြတ်ခဲ့တာ မဟုတ်ကြောင်း AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဩဂုတ်လ ၁၁ ရက် ဒီနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။
Read More

ဖားဆောင်းမြို့ ပြည်သူ့ဆေးရုံကို အကြမ်းဖက်စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ ဒေသခံ ၂ ဦးဒဏ်ရာရ

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့၊ မော်ချီးဒေသက ပြည်သူ့ဆေးရုံကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ဒေသခံ ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။