စစ်မှုထမ်းစုဆောင်းခံရပြီး ကရင်နီပြည်၊ ဘောလခဲတပ်ရင်းမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သား ၄ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာကြောင်း Loikaw Local PDF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဇန်နဝါရီလ ၂၉ ရက်နေ့က ကရင်နီပြည်၊ ဘောလခဲ အခြေစိုက်  ခမရ ၄၂၉ တပ်ရင်းမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သား ၄ ယောက်ဟာ လွိုင်ကော်မြို့နယ် ဒေသခံပြည်သူကာကွယ်ရေးတပ်ဆီထွက်ပြေး ခိုလှုံလာခဲ့တာဖြစ်ပြီး သူတို့နဲ့အတူ လက်နက် ၃လက်၊  ခဲယမ်း၊ ကျည်ဘောက်တွေနဲ့ မိုင်းတွေပါ ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။

အလင်းဝင်ရောက်လာသူတွေဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီး မကြာခင်မှာပဲ ရှောင်တခင် ဖမ်းဆီးခံခဲ့ကြရသလို စစ်မှုထမ်း အပတ်စဥ် (၃) နဲ့ (၄) မှာ သင်တန်းတက်ရောက်ကာ စစ်သားဖြစ်လာခဲ့ကြတာလို့လည်း သိရပါတယ်။

ဒါ့အပြင် ဘောလခဲတပ်ရင်းအတွင်း တာဝန်ထမ်းဆောင်နေသူ တော်တော်များများကလည်း စစ်ကောင်စီတပ်သားအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်လိုတဲ့ စိတ်ဆန္ဒမျိုးတွေ မရှိကြတော့ဘူးလို့ အလင်းဝင်ရောက်လာသူတွေက ပြောပါတယ်။

“သူတို့တွေက ပြည်သူ့စစ်မှုထမ်းလည်း ဖြစ်တယ်။ ပဲခူးတိုင်းက များတယ်ပေါ့နော်။ စစ်မှုထမ်း အပတ်စဥ် (၃) က ၃ယောက်ရယ် ၊ (၄) က ၁ယောက်ရယ်ပါ။ အဲ့ဒါ ခမရ ၄၂၉ မှာ တာဝန်ကျရင်း လွိုင်ကော်မှာသောင်တင်နေတာ.. အလင်းလည်းဝင်ချင်တော့ ကျနော်တို့ကို ဆက်သွယ်တယ်ပေါ့။ ကျနော်တို့တောင်းဆိုသလိုလည်း လုပ်နိုင်ခဲ့တယ်။ ကျနော်တို့က Local ဆိုတော့ သူတို့အတွက် ဆုချီးမြှင့်တာမျိုးမလုပ်နိုင်ပေမယ့် ပြည်သူ့ရင်ခွင်နဲ့ ချိတ်ဆက်ပေးမယ်။ လုံခြုံနွေးထွေးစွာ ထားမယ်။ သူတို့စိတ်သ​ဘောထားအတိုင်း လုံလုံခြုံခြုံ နွေးနွေးထွေးထွေး ထားပေးသွားမယ်။ သူတို့နဲ့တော့ စကားပြောရပါဦးမယ်။” လို့ Loikaw Local PDF တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

လက်ရှိ ၂၀၂၅ ခုနှစ်အတွင်းမှာ Loikaw Local PDF ထံ အလင်းဝင်ခိုလှုံလာတဲ့ စစ်ကောင်စီဘက်တော်သား ၆ ယောက်အထိရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

နောက်ထပ်အလင်းဝင်ရောက်လာမယ့် ပြည်သူစစ်မှုထမ်း၊ အရာရှိစစ်သည်၊  ရဲဘော်တွေနဲ့ Non CDM ဝန်ထမ်းတွေကိုလည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုသွားမယ့်အကြောင်းနဲ့  လုံခြုံစိတ်ချမှုရှိစွာ ကာယကံရှင် စိတ်ဆန္ဒသဘောထားအတိုင်း အလေးထား ကာကွယ်စောက်ရှောက်သွားမယ်လို့ Loikaw Local PDF က ထုတ်ပြန်ထားပါသေးတယ်။

Loikaw Local PDF ထံ အလင်းဝင်ရောက်လာသူများကို တာဝန်ရှိသူများနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ Loikaw Local PDF)

0 Shares:
You May Also Like
Read More

ပေါက်ခေါင်းမှာ စစ်ကောင်စီအတွက် ပေါ်တာဆွဲပေးနေသူကို ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ကင်မွန်းခြုံအုပ်စု၊ နတ္တလင်းကျေးရွာမှာ နေထိုင်တဲ့ ခင်စိုး ဆိုသူဟာ စစ်ကောင်စီအတွက် ပေါ်တာဆွဲပေးနေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ၃၆၀၁ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

အောင်လံ၊ ဆပ်ဆူဝရွာတွင် စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေး ၂ ဦးအပါ ၄ ဦး သေဆုံး

မကွေးတိုင်း၊ အောင်လံမြို့နယ်ထဲကို အကြမ်းဖက်စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးတွေအပါ အရပ်သား သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
Read More

တလုပ်မြို့ရွာတွင် ကင်းပတ်ထွက်လာသည့် စစ်ကောင်စီတပ်သားများ ကြားဖြတ်တိုက်ခိုက်ခံရ၊ ၂ ဦးသေပြီး ထိခိုက်သူများလည်း ရှိ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့ရွာမှာ ကင်းပတ်ထွက်တဲ့ စစ်ကောင်စီတပ်သားတွေကို ရှောင်တခင်ပစ်ခတ်တိုက်ခိုက်ရာ ၂ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပြည်ပမှာ ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီအတွက် စစ်မှုထမ်းရသူ အရေအတွက် မြင့်တက်နေ

ပြည်ပမှာ တရားမဝင်လုပ်သားအဖြစ် ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာနိုင်ငံသားတချို့ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခံရစဉ် စစ်မှုထမ်းအဖြစ် မတရားစုဆောင်းခံရသူ ၁၆၀ ကျော်အထိ ရှိခဲ့ကြောင်း Spring Revolution DataBase (SRD) က ဒီနေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ 
Read More

လေဖိအားနည်းကနေ မုန်တိုင်းအဖြစ် အသွင်ပြောင်းလာနိုင်တာကြောင့် ရက်ပိုင်းအတွင်း မိုးကြီးလေပြင်းတိုက်မှုတွေ ရှိနိုင်

ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့လေဖိအားနည်းရပ်ဝန်းကြောင့်ရန်ကုန်အပါအဝင်ပြည်နယ်နဲ့တိုင်းတချို့မှာမိုးကြီးပြီးရေကြီးရေလျှံမှုတွေဖြစ်ပေါ်နိုင်လို့အထူးသတိပြုနေထိုင်ကြဖို့အရပ်ဖက်မိုးလေဝသပညာရှင်တွေကသတိပေးပြောကြားထားပါတယ်။
Read More

လှိုင်သာယာ(အနောက်ပိုင်း) ရှိ သောင်ကြီးရဲစခန်းကို ပြောက်ကျားတပ်ဖွဲ့များ ဗုံးပစ်တိုက်ခိုက်

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် (အနောက်ပိုင်း)၊ သောင်ကြီးရဲစခန်းကို ပြောက်ကျားတပ်ဖွဲ့ဝင်တွေကအောက်တိုဘာ၂၁ ရက်၊ မနေ့ညပိုင်းမှာ လက်ပစ်ဗုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။