တနင်္သာရီတိုင်း၊ ထားဝယ်မြို့အဝင်မှာ ခရီးသွားပြည်သူတွေကို မတရားဖိနှိပ် ပိုက်ဆံတောင်းတာ၊ အကြောင်းမဲ့ ဖမ်းဆီးနှိပ်စက်တာတွေ လုပ်ဆောင်နေတဲ့ ကမြောကင်းတံတား စစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၂၇ ရက် ညပိုင်းမှာ တိုက်ခိုက်ခဲ့တယ်လို့ YePhyu People Defence Force ထံက သိရပါတယ်။

တိုက်ခိုက်မှုဟာ နာရီဝက်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၇ ယောက်သေကာ အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

တိုက်ပွဲပြီးတဲ့နောက် တော်လှန်ရေးရဲဘော်တွေကတော့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို ဒူရကစစ်ကြောင်းဦးဆောင်မှုနဲ့အတူ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF)၊ ဖက်ဒရယ်ဓူဝံကြယ်ဒရုန်းတပ်ခွဲ(FPF) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဘုတလင်မြို့နယ်အတွင်း အင်အား ၈၀ ခန့်ရှိ အကြမ်းဖက် ဘီလူးစစ်ကြောင်းကို တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၄၃ ယောက် ဖမ်းဆီးရမိပြီး ၃၅ ယောက်သေဆုံးကာ လက်နက်အများအပြားသိမ်းဆည်းရရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း စက်တင်ဘာ ၃၀ ရက်က အင်အား ၈၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဘုတလင်-ကူတော် လမ်းတစ်နေရာမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ BOB - Battalion Of Budalin တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ပုလဲမြို့နယ်က အင်မထီး ကျေးရွာကို မြေပြင်ကနေ ရိက္ခာ မပို့ဆောင်နိုင်တော့တဲ့ အကြမ်းဖက်စစ်ကောင်စီက လေယာဉ်နဲ့ ချပေးနေရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီး ကျေးရွာက အကြမ်းဖက်စစ်တပ် ပူးပေါင်း ပျူစောထီးအဖွဲ့ဝင်တွေကို မြေပြင်ကနေ ရိက္ခာ မပို့ဆောင်နိုင်တာကြောင့် အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ ပို့နေရတယ်လို့ တော်လှန်ရေး တပ်ဖွဲ့တွေဆီက ရုပ်သံမှတ်တမ်းသက်သေနဲ့အတူ စုံစမ်းသိရှိရပါတယ်။
Read More

မုံရွာမြို့အဝင် ယာဉ်များကို ပိုက်ဆံတောင်းနေသည့် စစ်သားများအား ဝင်ရောက်ပစ်ခတ်စဉ် ရဲဘော် ၃ဦး ကျဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့အဝင်မှာ ယာဉ်တွေကို ပိုက်ဆံတောင်းနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဝင်ရောက်ပစ်ခတ်စဉ် ရဲဘော် ၃ ယောက် ကျဆုံးခဲ့တယ်လို့ မုံရွာခရိုင်အမှတ် (၂၂) နတ်ဆိုးတပ်ရင်း က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပဲခူးရိုးမအတွင်း အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်မှု ၆ ယောက်သေ (ရုပ်/သံ)

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအတွင်း ဖေဖော်ဝါရီ ၄ ရက် မနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ယောက်သေခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ(၅) ဗျူဟာထံက သိရပါတယ်။
Read More

ဘားအံမြို့ စက်သုံးဆီဆိုင် မီးလောင်မှုဖြစ်ပွား (ရုပ်/သံ)

ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ် (၉) ရပ်ကွက်မှာရှိတဲ့ ရတနာမြေ (၂) စက်သုံးဆီဆိုင် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၏ နိုင်ငံတကာနှစ်သစ်ကူးနေ့ ဆုတောင်းစကား (ရုပ်/သံ)

'ပြည်သူကသာလျှင် ဒီတိုင်းပြည်ရဲ့ အာဏာပိုင်များဖြစ်ပါတယ်။ တိုင်းပြည်အရေးကိစ္စရပ်များကို ပြည်သူ့အား၊ ပြည်သူ့ဆန္ဒနဲ့သာ အောင်မြင်အောင် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များဟာ တစ်ဦးတစ်ယောက် တစ်စုတစ်ဖွဲ့ အာဏာရရှိရေးအတွက် လုပ်ဆောင်နေတာ မဟုတ်ဘဲ အရှင်သခင်အစစ်ဖြစ်တဲ့ ပြည်သူများထံ တိုင်းပြည်အာဏာကို ပြန်လည်အပ်နှင်းနိုင်ဖို့ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။“