မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်မှာ စစ်ကြောင်းထိုးပြီးပြန်လာတဲ့ အကြမ်းဖက်စစ်ကားတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး ဗိုလ်မှူးနဲ့ ၂ပွင့်အရာရှိ အပါအဝင် စစ်ကောင်စီတပ်သား ၃၁ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားခဲ့ကြောင်း United States Of Burma Army – USBA တာဝန်ခံ ကိုဗဟိန်းက မောင်းကို ပြောပါတယ်။

ဇန်နဝါရီလ ၂၈ရက်၊ မနေ့က နေ့လည်ပိုင်းမှာ ကံတုပ်ကျေးရွာ အကြမ်းဖက်စစ်တပ်ဂိတ်ကနေ အထက်မင်းလှမြို့နယ်ကို ပြန်လာတဲ့ အင်အား ၄၀ ကျော်ပါ အကြမ်းဖက်စစ်ကား၂စီးကို ကံတုပ်-စစ္စနို့ကားလမ်းပိုင်း၊ လယ်လှရွာအနီးက မန်းသံပုရာကန်ရေနံချက်စက်ရုံ-PIC နဲ့ ၁၅မိုင်အကွာကနေ အသင့်စောင့်ကြိုပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ကိုဗဟိန်းက ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ရက်နေ့ကတည်းက အထက်မင်းလှမြို့နယ်၊ လက်ပံတံခါးတိုက်နယ်နဲ့ ရှမ်းတပ်တိုက်နယ်အတွင်း ဝင်ရောက်စစ်ကြောင်းထိုးနေခဲ့တာဖြစ်ပြီး အရပ်သားတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။ 

“သူတို့(စစ်တပ်) စစ်ကြောင်း၃ရက်ထိုးပြီး ကားနဲ့ပြန်လာတာပေါ့။ အဲ့နယ်မြေကလည်း သေနတ်သံတစ်ချက်မကြားရ၊ မိုင်းတစ်ချက်မကွဲဖူးတဲ့နယ်မြေ၊  စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေ အုပ်ချုပ်နေတဲ့နယ်မြေပါ။ စစ်ကောင်စီယန္တရား ၁၀၀ ရာခိုင်နူန်းရှိတဲ့နယ်မြေကို ဖြတ်ပြီးပြန်လာတာပေါ့။ ကျန်နော်တို့က တစ်ပတ်လောက်ကြိုပြီးတော့ စောင့်တယ်။ သူတို့ လာတဲ့နေ့ကလည်း သတင်းကြိုမရခဲ့လို့ အပြန်ကိုပဲ စိတ်ရှည်လက်ရှည်နဲ့စောင့်ပြီး ပစ်ခတ်တာမျိုးပေါ့” လို့ United States Of Burma Army – USBA တာဝန်ခံ ကိုဗဟိန်းက မောင်းကိုပြောပါတယ်။

ပစ်ခတ်မှုဖြစ်စဉ်ကိုလည်း သူကပဲ ဆက်ရှင်းပြခဲ့ပါတယ်။ “ကားက ၃စီးလာတာပါ။ ရှေ့ဆုံးက ထွက်လာတဲ့ကားမှာ စစ်ကြောင်းမှူး မပါတာနဲ့လွှတ်ပေးလိုက်တယ်။ နောက်က စစ်ကြောင်းမှူးပါတဲ့ကားကို ပစ်တာပါ။ အဲ့မှာလည်း ပထမကားက ကျနော်တို့နေရာယူတာကို ကျော်သွားတဲ့အတွက် ဒုတိယဝင်လာတဲ့ ကားကိုပဲ အဓိကထား ပစ်ခတ်ခဲ့ရတယ်။ ပထမကားက ဒရိုက်ဘာကို လုံးလုံးမပစ်လိုက်ရဘဲ ကားနောက်ပိုင်းကိုပဲ ပစ်ရလို့ ထိခိုက်ဒဏ်ရာရမှုတွေတော့ ရှိတယ်ပေါ့နော်။ အဲ့ကားက ကျနော်တို့ကိုကျော်သွားပြီး မီတာ၇၀၀လောက်ရောက်တော့ နောက်ကားကိုရပ်စောင့်တယ်။ ဒုတိယကားကိုပစ်တော့ကားထိုးရပ်ပြီး ကျနော်တို့ကိုပြန်ပစ်တယ်။ အဲ့အချိန်မှာ ဒရိုက်ဘာက မသေမရှင်နဲ့ မောင်းပြေးသွားတယ်။ အဲ့မှာ စောင့်နေတဲ့ ကားနဲ့ ၂စီးပြန်ဆုံသွားတော့ တိုက်ပွဲပုံစံပြောင်းသွားတယ်။ စစ်တပ်နယ်မြေဖြစ်တဲ့အတွက် ကျနော်တို့လည်း အဲ့လောက်နဲ့ပြန်ဆုတ်ခဲ့ရပါတယ်။” 

တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက်က ဗိုလ်မှူး ၁ယောက်နဲ့ ၂ပွင့်အရာရှိ ၁ယောက် အပါအဝင် သေဆုံးသူ ၃၁ယောက်အထိရှိပြီး ၇ယောက် အပြင်းအထန်ဒဏ်ရာရရှိကာ အထက်မင်းလှဆေးရုံကို မောင်းပြေးသွားခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင်စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားရာနေရာကို မြေပြင်စစ်ကြောင်းထိုးတာ၊ ဒရုန်းနဲ့တိုက်ခိုက်တာတွေပါ လုပ်ဆောင်ခဲ့ပြီး လေကြောင်းနဲ့ပါ တိုက်ခိုက်နိုင်တာကြောင့် အထက်မင်းလှနဲ့ မင်းတုန်းမြို့နယ်အတွင်းက ပြည်သူတွေလည်း သတိထားကြဖို့ ကိုဗဟိန်းက တိုက်တွန်းထားပါတယ်။

ဒီတိုက်ခိုက်မှုကို မကွေးတိုင်းပကဖ အထူးလှုပ်ရှားတပ်ဖွဲ့ – United States Of Burma Army -USBA တပ်ဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး တပ်ဖွဲ့ဝင် ၃ ယောက် မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာ ကိုယ်စီရခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မေလအတွင်း ဘောလခဲမြို့စစ်ဆင်ရေးနှင့် မိုးဗြဲမြို့ခံစစ်တွင် တိုက်ပွဲဝင်ခဲ့သည့် DMO Local PDF တပ်ဖွဲ့မှ ဒုတပ်ရင်းမှူး ကျဆုံးခဲ့၊ ၂၀ ဦးဒဏ်ရာရ

ပြည်သူ့ကာကွယ်ရေးတပ် ဒီးမောဆိုတပ်ဖွဲ့ (DMO Local PDF) အနေနဲ့ မေလ (၁) လတာအတွင်း ဘောလခဲမြို့ စစ်ဆင်ရေးနဲ့ မိုးဗြဲမြို့ ခုခံစစ်မှာ ပါဝင်တိုက်ပွဲဝင်ခဲ့ရာ ဒုတပ်ရင်းမှူး ကျဆုံးခဲ့ပြီး အယောက် ၂၀ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

TNLA ထိန်းချုပ်နယ်မြေများမှာ မေလတစ်လအတွင်း စစ်ကောင်စီတပ် စွန့်ပစ်မိုင်းများကြောင့် ပြည်သူ (၂)ဦး သေဆုံး၊ (၃)ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရ

တအာင်းတပ်မတော် TNLA ထိန်းချုပ်စိုးမိုးရာဒေသတွေမှာ မေလတစ်လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ စွန့်ပစ်မိုင်းများကြောင့် အရပ်သားပြည်သူ (၂) ယောက် သေဆုံးပြီး (၃) ယောက် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မတ္တရာမြို့နယ်အတွင်းမှာ ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝန်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက မေလ ၃၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။
Read More

မွန်လက်နက်ကိုင်အဖွဲ့များ တစ်ဖွဲ့တည်းအောက် ဝင်ရောက်ပူးပေါင်းခြင်းထက် ညွန့်ပေါင်းပုံစံ စုဖွဲ့သင့်ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ပြော

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD နဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) တို့ ပူးပေါင်းပြီး စစ်ရေး၊ နိုင်ငံရေး ပြန်လည် ဖွဲ့စည်းမှုအပေါ် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) က အဖွဲ့အစည်းတစ်ခုတည်းရဲ့ ဦးဆောင်မှုအစား အားလုံးပါဝင်တဲ့ ညွန့်ပေါင်းပုံစံ စုဖွဲ့သင့်ကြောင်း သဘောထားထုတ်ပြန်ပါတယ်။
Read More

ထန်တလန်အခြေစိုက် ခလရ ၂၆၉ တပ်ရင်းက စစ်ကောင်စီတပ်သား ၁ ယောက် လက်နက် ၂ လက်၊ ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာ…

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၆၉ တပ်ရင်းက တပ်သား ၁ ယောက် လက်နက် ၂ လက်၊ ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ PDF Zoland က ဒီနေ့…
Read More

မုံရွာမြို့က ထွက်လာတဲ့ စစ်ကောင်စီရဲ့ သံပြားကာ ကားတန်းကို မိုင်းဆွဲတိုက်ခိုက်ရာ ကားတစ်စီး ထိခိုက်ပျက်စီး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ သံပြားကာ ကားတန်းကို မိုင်းဆွဲတိုက်ခိုက်ရာ ကားတစ်စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း - People's Defence Force - South Monywa က ထုတ်ပြန်ထားပါတယ်။