မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ယောဒေသအခြေပြု ယောကာကွယ်ရေးတပ် (YDF) အနေနဲ့ ယောဒေသအတွင်း မကြာမှီ စစ်ရေးအရှိန်မြှင့်တင်ပြီး စစ်ဆင်ရေးတွေ စတင်ဖော်ဆောင်တော့မယ်လို့ YDF ဗဟိုစစ်ရုံးချုပ်က ဒီကနေ့ ဇန်နဝါရီလ၂၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ယောဒေသအတွင်း မကြာမှီဖြစ်လာနိုင်တဲ့ မြို့သိမ်းစစ်ဆင်ရေးများအတွင်း ဖြစ်ပေါ်လာနိုင်တဲ့ စစ်ဘေးအန္တရာယ်များအတွက် ပြည်သူလူထုအနေနဲ့ မိမိတို့ပိုင်ဆိုင်ထားတဲ့ အဖိုးတန်ပစ္စည်း၊ ရိက္ခာ၊ ဆေးဝါးများ ကြိုတင်ပြင်ဆင်ထားကြဖို့ကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

ထုတ်ပြန်ချက်အတွင်း စစ်တပ်အာဏာသိမ်းပြီး ၄ နှစ်ကျော်အတွင်း ဒေသခံပြည်သူလူထုများအနေနဲ့ အသက်အိုးအိမ်၊စည်းစိမ် လုံခြုံမှုများ မရှိတော့သလို ယောဒေသအတွင်း ဖွဲ့စည်းထားတဲ့ ပသုံးလုံး (ပကဖ၊ ပအဖ၊ ပလဖ) အဖွဲ့တွေရဲ့ မြို့သိမ်းတိုက်ပွဲကို အကြောင်းပြ တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့ ကြေးကောက်ခံမှုများနဲ့ တချို့ရွာများအတွင်း အဓမ္မငွေကြေးကောင်ခံမှုများ‌ကြောင့် ပြည်သူများနစ်နာမှုများစွာရှိနေတယ်လို့လည်း ဖော်ပြထားပါတယ်။

ယောကာကွယ်ရေးတပ်အနေနဲ့ ရပ်ရွာလူထုအခြေပြုတဲ့ စနစ်တကျ အဆင့်ဆင့်ရွေးချယ်ပြီး မြို့နယ်အဆင့်အထိ အရည်အချင်း ပြည့်ဝတဲ့ ပြည်သူထောက်ခံအားပေးတဲ့ အုပ်ချုပ်‌‌ရေးစနစ် ပေါ်ပေါက်လာစေဖို့ အကူအညီပေးသွားမယ်လို့လည်း ဖော်ပြထားပါတယ်။

ယောကာကွယ်ရေးတပ် YDF ဟာ ဂန့်ဂေါခရိုင်အတွင်းမှာရှိတဲ့ ဂန့်ဂေါ၊ ကျော၊ ထီးလင်း၊ ကျောက်ထု၊ ဆော စတဲ့ ယောငါးမြို့မှာ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

 

0 Shares:
You May Also Like
Read More

မြန်မာနိုင်ငံတွင် လူ ၃ ဦးမှာ ၁ ဦး အစာရေစာ ဝဝလင် မစားနိုင်တော့ … ဆာလောင်မွတ်သိပ်မှုကို ပြင်းထန်စွာ ရင်ဆိုင်နေရသည့် လူဦးရေ ပဉ္စမမြောက် အများဆုံးရှိနေတဲ့ နိုင်ငံဖြစ်လာ…

မြန်မာနိုင်ငံဟာ လူ ၃ ဦးမှာ ၁ ဦး အစာရေစာ ဝဝလင် မစားနိုင်တော့ဘူးလို့ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဥ် WFP က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ အဆိုပါထုတ်ပြန်ချက်အရ မြန်မာနိုင်ငံရဲ့ လူဦးရေ ၁၆.၇ သန်းဟာ ဝမ်းရေး မဖူလုံမှုကို ရင်ဆိုင်နေရပြီဆိုတာကို ပြသနေပြီး ဒီပမာဏဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က ပမာဏ ၁၃.၃ သန်းနဲ့ နှိုင်းယှဉ်ရင် သိသိသာသာ တိုးမြင့်လာတာဖြစ်တယ်လို့ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဥ် WFP က ဆိုပါတယ်။
Read More

အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ရပ်တည်ချက်များကို NUCC ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ ရပ်တည်ချက်တွေကို ဩဂုတ်လ ၂၂ ရက်နေ့မှာ ထုတ်ပြန်လာပြီး အခြေခံမူ (၈) ချက်နဲ့ နိုင်ငံရေး ရပ်တည်ချက် (၁၀) ချက်ကို ဖော်ပြထားပါတယ်။ NUCC ရဲ့ အခြေခံမူ ၈ ချက်မှာတော့ ပြည်နယ်/ဖက်ဒရယ်ယူနစ်အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး- အောက်ခြေကနေ အထက် (Bottom-up Federalism) ချဉ်းကပ်မှုနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
Read More

လောင်းလုံးမြို့ပေါ်က ရဲစခန်း၊ ထွေအုပ်ရုံးနှင့် စရဖရုံးတို့ကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး ထက်မနည်း သေပြီး အများအပြား ဒဏ်ရာရဟု ဆို

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ပေါ်ရှိ စစ်ကောင်စီတပ်တွေရှိရာ တပ်စခန်း ၃ နေရာကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရသွားတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ 
Read More

စလင်းမှာ စစ်တပ် တပ်စွဲထားတဲ့ နေရာတွေအနီး နေထိုင်တဲ့ ပြည်သူတွေ တစ်ပတ်အတွင်း ပြောင်းရွေ့ဖို့ မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်းက သတိပေးထုတ်ပြန်

မကွေးတိုင်း၊ စလင်းမြို့နယ်၊ လင်းဇင်းရွာ ရဲစခန်းအပါ အကြမ်းဖက်စစ်တပ် တပ်စွဲထားတဲ့ နေရာတွေ အနီး နေထိုင်တဲ့ ပြည်သူတွေ တစ်ပတ်အတွင်း ပြောင်းရွေ့ဖို့ မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်းက အသိပေး ထုတ်ပြန်ထားပါတယ်။
Read More

စစ်တပ် စစ်ကြောင်းဝင်ချိန် လက်နက်ခဲယမ်း မလုံလောက်မှု၊ ရံပုံငွေ ပြတ်တောက်မှုများကြောင့် ပြည်သူကို အကာအကွယ် မပေးနိုင်ခဲ့မှုအတွက် ယင်းမာပင်ခရိုင် တပ်ရင်း ၃၀၁၁ တောင်းပန်

“စစ်ကြောင်းက ၄ ရက်လောက်ကြာတယ်။ အိုးအိမ်ပျက်စီးမှုတော့ မရှိပါဘူး။ ပြည်သူတွေကိုလည်း စစ်ကြောင်း ၃ ကြောင်း ခွဲထိုးပြီး ဝိုင်းတာတွေရှိပါတယ်” လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၃၀၁၁၊ ကျားသစ်နက်တပ်မတော် တာဝန်ရှိသူ ကိုဥက္ကာက မောင်းကို ပြောပါတယ်။
Read More

တောင်ရင်းရွာ ၁၄ မိုင်လမ်းဆုံအနီး စစ်တပ် လေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၁၆ ဦးအထိ တိုးလာနေ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။