ဇန်နဝါရီ ၂၉ ရက် ဒီနေ့မှာ ကျရောက်တဲ့ မြွေနှစ်ကိုကူးပြောင်းတဲ့ တရုတ်နှစ်သစ်ကူးနေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက တရုတ်နှစ်သစ်ကူးအခါသမယ ဆုတောင်းစကား ပြောကြားခဲ့ပါတယ်။

မြွေနှစ်ဟာ ဉာဏ်ပညာကြီးရင့်မှု၊ ကြံ့ကြံ့ခံနိုင်စွမ်းနဲ့ စိန်ခေါ်မှုတွေ ကျော်လွှားအောင်မြင်ခြင်းတို့ကို ကိုယ်စားပြုတာကြောင့် ဒီလက္ခဏာတွေဟာ အတူတကွ လျှောက်လှမ်းနေတဲ့ နွေဦးတော်လှန်ရေးခရီးကို အလေးအနက် ထင်ဟပ်တဲ့ လက္ခဏာ သင်္ကေတတွေ ဖြစ်တယ်လို့ ယာယီသမ္မတက ဆိုပါတယ်။

တရုတ်နှစ်သစ်ကူးမှာ ပြည်သူ တစ်ယောက်ချင်းစီအတွက် ကျန်းမာကြံ့ခိုင်မှု၊ ပျော်ရွှင်မှုနဲ့ အောင်မြင်မှုတို့ကို နှစ်သစ်က ဆောင်ကျဥ်းလာစေဖို့နဲ့ ရှေ့ခရီးမှာ ကြုံတွေ့ရမယ့် အခွင့်အလမ်းတွေကို အမိအရဆုပ်ကိုင်ပြီး ရင်ဆိုင်ရမယ့် အခက်အခဲတွေ အတူတကွ ကျော်ဖြတ်ရင်း ညီညွတ်မှု၊ သန္နိဋ္ဌာန်ခိုင်မာမှုတို့နဲ့အတူ ရှေ့ဆက် လျှောက်လှမ်းကြဖို့ NUG ယာယီသမ္မတက တိုက်တွန်းထားပါတယ်။

တရုတ်ရိုးရာပြက္ခဒိန်အရ မြွေနှစ်ရဲ့ နှစ်သစ်ကို ကြိုဆိုကြသူ မြန်မာနွယ်ဖွား တရုတ်လူမျိုးတွေသာမက ကမ္ဘာတဝန်း တရုတ်နွယ်ဖွားအားလုံး စိတ်နှလုံး ပျော်ရွှင် ချမ်းမြေ့ကြစေဖို့ ယာယီသမ္မတ ဒူဝါလရှီးလက ဆုမွန်ကောင်း တောင်းထားပါသေးတယ်။

0 Shares:
You May Also Like
Read More

ကျောက်ကြီး-မူး ကားလမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ချေမှုန်း၊ ဒုတပ်ရင်းမှူးအပါ ၆ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရကာ စစ်ကြောင်း ပြန်လည်ဆုတ်ခွာ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီး-မူးကားလမ်းပိုင်း ပြန်လည်စိုးမိုးနိုင်ရေးအတွက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရာ စစ်တပ်က ဒုတပ်ရင်းမှူး အပါအဝင် (၆) ယောက် သေဆုံးပြီး (၁၆) ယောက် ခန့် ဒဏ်ရာရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ညပိုင်းမှာ တရားဝင်ထုတ်ပြန်ထားပါတယ်။
Read More

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောများအား ဆားလင်းကြီးအခြေစိုက် တော်လှန်ရေးတပ်များ ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီသင်္ဘောတွေကို ဆားလင်းကြီးအခြေစိုက် တော်လှန်ရေးတပ်တွေက အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း 5/Fighter Group Local PDF သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

MNDAA က ဆက်လက်ထိုးစစ်ဆင်မှုတွေ လုံး၀ပြုလုပ်မှာမဟုတ်ဘဲ စစ်မှန်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက်သာ လုပ်ဆောင်မယ်လို့ ပြော

ရှမ်းမြောက်ဒေသမှာ လားရှိုးအပါအဝင် မြို့တွေကို သိမ်းပိုက်ထိန်းချုပ်ထားတဲ့ MNDAA က မန္တလေးနဲ့တောင်ကြီးကို ဆက်လက်ထိုးစစ်ဆင်မှုတွေ လုပ်ဆောင်မှာမဟုတ်ဘဲ စစ်မှန်တဲ့ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက်သာ လုပ်ဆောင်သွားမယ်လို့ စက်တင်ဘာ ၁၈ ရက်နေ့ညပိုင်းမှာ MNDAA က ထုတ်ပြန်ပါတယ်။ ဒါ့အပြင် MNDAA က NUG နဲ့စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းခြင်း၊ စစ်မြေပြင်ချဲ့ထွင်ခြင်းတွေလည်း ပြုလုပ်ခြင်းမရှိဘူးလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
Read More

စစ်ကောင်စီ အောင်ဇေယျစစ်ကြောင်းက စစ်သား ၂ ယောက် လက်နက်နဲ့အတူ အလင်းဝင်လာ (ဓာတ်ပုံသတင်း)

မြဝတီ - ကော့ကရိတ် အာရှလမ်းမကြီးကို ပြန်လည်စိုးမိုးဖို့ အင်အားဖြည့်ရောက်ရှိလာခဲ့တဲ့ အောင်ဇေယျစစ်ကြောင်းက စစ်သား ၂ ယောက်ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ ဗျူဟာ (၃၁) ဆီကို လက်နက်နဲ့အတူ အလင်းဝင်လာတယ်လို့ သိရပါတယ်။ အဆိုပါ အောင်ဇေယျစစ်ကြောင်းကနေ လက်နက်ခဲယမ်းနဲ့အတူ လာရောက်ပူးပေါင်း အလင်းဝင်လာတဲ့ စစ်သား ၂ ယောက်ကို ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စလင်းမြို့နယ် ပကဖ ရဲ့ အပတ်စဉ် ၅ မြို့နယ်အဆင့် တိုက်ခိုက်ရေးသင်တန်းဆင်းပွဲ…

မကွေးတိုင်းအခြေစိုက် စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (စလင်း - ပကဖ) ရဲ့ အပတ်စဉ် ၅ မြို့နယ် အဆင့် တိုက်ခိုက်ရေးသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာက နေအိမ် အလုံး (၂၀) ခန့်ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာရှိ ဒေသခံတွေရဲ့ နေအိမ်အလုံး (၂၀)ခန့်ကို အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ဖော်ပြထားပါတယ်။