မြန်မာ့နိုင်ငံရေးမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေအပေါ် ထောက်ခံကူညီနေတဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ကိုယ်စားပြုတဲ့ ဝက်ဝံရုပ်နဲ့အတူ တရုတ်အစိုးရရဲ့ လုပ်ရပ်တွေအပေါ် ရှုံ့ချတဲ့ လှုပ်ရှားမှုတစ်ရပ်ကို ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။

တရုတ်သမ္မတကို ကိုယ်စားပြုတဲ့ ဝက်ဝံရုပ်နဲ့အတူ မြန်မာ့နိုင်ငံရေးအခြေအနေတွေအပေါ် တရုတ်ရဲ့ ဝင်ရောက်စွက်ဖက် စိုးမိုးခြယ်လှယ်မှုတွေကို သရုပ်ဖော်ထားတာလို့ ဆိုပါတယ်။

“ဒီနေ့လှုပ်ရှားမှုကတော့ တရုတ်အစိုးရရဲ့ မြန်မာ့နိုင်ငံရေး အခြေအနေတွေအပေါ် ပါဝင်ခြယ်လှယ်နေခြင်း၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေရှိရာ ကျေးလက်ဒေသနဲ့ စစ်ဘေးရှောင်စခန်းတွေကို ရည်ရွယ်ချက်ရှိရှိ စစ်ရဟတ်ယာဉ်တွေသုံးပြီး ဗုံးကြဲနေတဲ့ စစ်တပ်ဘက်ကနေ ရပ်တည်တဲ့ လုပ်ရပ်တွေအပေါ် ရှုံ့ချတာပါ။ တရုတ်အစိုးရအနေနဲ့ အိမ်နီးချင်းနိုင်ငံကောင်းပီသစွာ တရားသောနည်းနဲ့ မြန်မာပြည်သူတွေဘက်က ရပ်တည်ဖို့ တောင်းဆိုတာ ဖြစ်ပါတယ်” လို့ ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့ တာဝန်ခံက မောင်းကို ပြောပါတယ်။

ဒီနေ့ ဇန်နဝါရီ ၂၉ရက် တရုတ်နှစ်သစ်ကူးနေ့မှာ ပြုလုပ်တဲ့ တရုတ်အစိုးရရဲ့ လုပ်ရပ်တွေအပေါ် ဆန့်ကျင်ကြောင်း လှုပ်ရှားမှုကို စမ်းချောင်းပင်မသပိတ်စစ်ကြောင်းနဲ့ ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော်ရဲ့ အပတ်စဉ် (၃) စစ်သင်တန်းဆင်းပွဲ… (ဓာတ်ပုံသတင်း)

ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်ဦး /ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDF/DSNDA) ရဲ့ အပတ်စဉ်(၃) စစ်သင်တန်းဆင်းပွဲ အခမ်းအနားကို နိုဝင်ဘာ ၃၀ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်မှုထမ်းလုပ်သက် နှစ် ၄၀ ကျော်ရှိ အရာခံဗိုလ် စစ်အာဏာရှင်လက်အောက် မနေချင်တော့တာကြောင့် အလင်းဝင်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခမရ (၅၃၁) တပ်က အရာခံဗိုလ်တစ်ယောက် ဇန်နဝါရီလ (၂၇) ရက်မှာ လက်နက်နဲ့အတူ ထွက်ပြေးကာ အလင်းဝင်လာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဗျူဟာအမှတ် (၈၁) – ယောဗျူဟာကို NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအကြိမ် လက်နက်တပ်ဆင်ပေး (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဂန့်ဂေါခရိုင်အမှတ် (၁၃၊၁၅၊၁၆၊၁၇၊၁၈) တပ်ရင်းတွေနဲ့ စုပေါင်း ဖွဲ့စည်းထားတဲ့ ဗျူဟာအမှတ် (၈၁) - ယောဗျူဟာကို ဒုတိယအကြိမ်အဖြစ် လက်နက်တွေ တပ်ဆင်ပေးတဲ့ လက်နက်တပ်ဆင်ပွဲ အခမ်းအနားကို ယောနယ် တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရှေ့နေ ဒေါ်ရွက်နုအောင် ရရှိခဲ့တဲ့ နိုင်ငံတကာ လူ့အခွင့်အရေးဆုကို NUG ဝန်ကြီး ဦးအောင်မျိုးမင်းက ကိုယ်စားရယူပေးခဲ့

စစ်ကောင်စီရဲ့ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခြင်းခံခဲ့ရတဲ့ ရှေ့နေဒေါ်ရွက်နုအောင် ရရှိခဲ့တဲ့ နိုင်ငံတကာလူ့အခွင့်အရေးဆု “Ludovic Trarieux” ကို NUG ရဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက လက်ခံ ရယူပေးခဲ့ပါတယ်။
Read More

မြင်းခြံက စာသင်ကျောင်းကို စစ်ကောင်စီ ဂျက်လေယာဉ်နဲ့ ဗုံးကြဲ၊ ကလေးငယ်တွေ အပါအဝင် ပြည်သူ ၂၀ ဝန်းကျင် သေဆုံး

မြင်းခြံမြို့နယ် မြောက်ခြမ်းက ဆင်းဂွတ်ကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ အပါအဝင် အယောက် ၂၀ ဝန်းကျင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

Special Operation Group စစ်ကြောင်းမှ တပ်ရင်း ရိက္ခာအတွက် ရိက္ခာများကို ခက်ခဲစွာ သယ်ယူနေသည့် ပုံရိပ်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ Special Operation Group စစ်ကြောင်းအနေနဲ့ တပ်ရင်းအတွက် ရိက္ခာကို အဆင့်ဆင့် ခက်ခက်ခဲခဲ သယ်ယူရတဲ့ ပုံရိပ်တွေကို ထုတ်ပြန်ဖော်ပြထားပါတယ်။