ကရင်နီပြည်နယ်၊ ဖရူဆိုမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခမရ (၅၃၁) တပ်က အရာခံဗိုလ်တစ်ယောက် ဇန်နဝါရီလ (၂၇) ရက်မှာ လက်နက်နဲ့အတူ ထွက်ပြေးကာ အလင်းဝင်လာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်က အရာခံဗိုလ်ဟာ စစ်မှုထမ်းလုပ်သက် နှစ် (၄၀) ကျော်ရှိပြီဖြစ်ပြီး မတရား လုပ်ရပ်တွေနဲ့ အာဏာရှင်စနစ်ဆိုးအောက် ဆက်လက် တာဝန်မထမ်းဆောင်ချင်တော့တာကြောင့် MA-3 သေနတ် (၁) လက်၊ ဆက်စပ်ပစ္စည်းတွေနဲ့ KNDF ဆီ ထွက်ပြေးခိုလှုံလာခဲ့တယ်လို့ ဆိုပါတယ်။

ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်အာဏာရှင်လူတစ်စုရဲ့ အကျိုးစီးပွားအတွက် ရပ်တည်နေမယ့်အစား အခုလိုစစ်ကောင်စီတပ်သားအဖြစ်က အချိန်မီ စွန့်ခွာပြီး ပြည်သူလူထုဆီ ခိုလှုံကာ ဂုဏ်သိက္ခာရှိစွာ ရှင်သန်ဖို့ KNDF က တိုက်တွန်းထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

လားရှိုးမြို့က မန်နားကျေးရွာကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်လို့ အရပ်သား ၉ ယောက် ဒဏ်ရာရပြီး ၃ ယောက် ဒဏ်ရာပြင်းထန်

ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်တပ်မတော် - MNDAA က သိမ်းပိုက်ထားတဲ့ လားရှိုးမြို့၊ မန်နားကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သား ၉ ယောက် ဒဏ်ရာရပြီး ၃ ယောက် ဒဏ်ရာပြင်းထန်တယ်လို့ လားရှိုးမြို့ ပြန် လည်ထူထောင်ရေးက ဒီနေ့မနက်ပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရခိုင်ဒေသက စစ်ဘေးရှောင် ၁၆ ယောက်ကို ငါးသိုင်းချောင်းမှာ အကြမ်းဖက်စစ်တပ် ဖမ်းဆီးသွား

ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့နယ်မှာ ရခိုင်ဒေသက တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်လာသူ ၁၆ ယောက်ကို နိုဝင်ဘာလ ၂၈ရက်နေ့မှာ အကြမ်းဖက်စစ်တပ်နဲ့ရဲတွေက ဖမ်းဆီးသွားကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။
Read More

အုတ်ဖိုမှာ စစ်ကောင်စီ ရွာတချို့ကို ရှေ့နောက်ပိတ်ပြီး ပေါ်တာဆွဲ၊ သားသမီး မရှိတဲ့ အမျိုးသမီးတွေကိုပါ ဖမ်းဆီးနေ၊ ရွာလုံးကျွတ် ထွက်ပြေးနေကြရ

ပဲခူးတိုင်း၊ အုတ်ဖိုမှာ စစ်ကောင်စီတပ်တွေရဲ့ ပေါ်တာဆွဲ ဖမ်းဆီးနေမှုကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ရမှုတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 
Read More

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အောက်တိုဘာလအတွင်း စစ်ရှောင်ပြည်သူ ၃၉၄ ယောက်ကို ဆေးကုသပေးခဲ့

မကွေးတိုင်းအခြေစိုက် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) တပ်ဖွဲ့က လက်ထောက်အထွေထွေ အတွင်းရေးမှူး (၁) ဦးဆောင်တဲ့ ဆေးတပ်သားတွေနဲ့ CDM ဆရာမတွေက စစ်ဘေးရှောင်ပြည်သူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေ စုစုပေါင်း စစ်ဘေးရှောင်ပြည်သူ ၃၉၄ ယောက်ကို ဆေးဝါးကုသပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

မဟာမိတ်‌တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ တိုက်ပွဲဝင်နေသော 96 Soldiers တပ်သားတစ်ဦးကျဆုံး

မဟာမိတ်‌တော်လှန်ရေးတပ်ဖွဲ့များနဲ့အတူ တိုက်ပွဲဝင်နေတဲ့ 96 Soldiers- PDF တပ်ဖွဲ့ဝင်တစ်ယောက် စစ်အုပ်စုနဲ့ ဖြစ်ပွားတဲ့ ထိတွေ့တိုက်ပွဲအတွင်း ကျဆုံးသွားတယ်လို့ အထက်ပါတပ်ဖွဲ့ဆီက သိရပါတယ်။ ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ရဲဘော်အောင်အောင်ဟာ မဟာမိတ်တပ်များနဲ့အတူတိုက်ပွဲဝင်နေစဥ်မှာ မြင့်မြတ်စွာကျဆုံးခဲ့တဲ့အတွက် 96 Soldiers – PDF က အမိန့်ပြန်တမ်း ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ သိရတာပါ။
Read More

ဟန်ပြနုတ်ထွက်ထားသည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ကိုယ့်ကိုကိုယ် ကြိုးဆွဲချအဆုံးစီရင်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်မှာ ဟန်ပြနုတ်ထွက်ထားတဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ၁ယောက် နေအိမ်အတွင်း ကိုယ့်ကိုကိုယ် ကြိုးဆွဲချအဆုံးစီရင်သွားကြောင်း Cobra One Pakokku တပ်ဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။