စစ်အာဏာသိမ်းပြီးနောက်ပိုင်း နယ်စပ်ဒေသတွေမှာ အင်အားကြီးထွားလာနေတဲ့ ကျားဖြန့်လိုမျိုး လူလိမ်ဂိုဏ်း ကိစ္စတွေဟာ နိုင်ငံတွင်းသာ မဟုတ်ဘဲ ဒေသတွင်း ကိစ္စဖြစ်တာကြောင့် တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ စစ်ကောင်စီဟာ အဖြေမဟုတ်ဘူးဆိုတာကို သဘောပေါက်ဖို့ လိုတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောလိုက်ပါတယ်။ 

ဇန်နဝါရီ ၂၉ ရက်၊ ဒီနေ့မနက်ပြုလုပ်တဲ့ NUG နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီး ဒေါ်ဇင်မာအောင်က အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

အဲဒီသတင်းစာရှင်းလင်းပွဲမှာ‌ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေး ဘယ်လောက်ထိ တိုးတက်လာလဲ၊ ဘယ်နိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းမွန်သလဲဆိုတဲ့ မေးခွန်းအပေါ်  နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က “ပွင့်ပွင့်လင်းလင်းပြောရရင်တော့ အိမ်နီးနားချင်းနိုင်ငံတွေက မြန်မာ့အရေးနဲ့ ပတ်သက်ရင် မြန်မာပြည်သူလူထုရဲ့ မျက်နှာထက် နေပြည်တော်ရဲ့ မျက်နှာကို ကြည့်နေသလိုဖြစ်နေတယ်” လို့ ပြောပါတယ်။ 

စစ်ကောင်စီရဲ့ ပြည်သူတွေပေါ် အကြမ်းဖက် ဖိနှိပ်မှုတွေကြောင့် အိမ်နီးချင်းနိုင်ငံတွေဟာ ဒုက္ခသည်တွေကို လက်ခံထားရပြီး မတည်ငြိမ်မှုတွေကို ကိုယ်တိုင်ခံစားနေရသလို နယ်စပ်ဒေသတွေမှာ သိသိသာသာဖြစ်လာတဲ့ ကျားဖြန့်လို နယ်စပ်ဖြတ်ကျော်မှုခင်းတွေ၊ ရာဇဝတ်မှုတွေက နယ်စပ်နဲ့ စစ်အာဏာသိမ်းမှုရဲ့ အောက်မှာ ပိုပြီးကြီးထွားလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

“ကျမတို့ အိမ်နီးနားချင်းနိုင်ငံတွေအနေနဲ့ စစ်ကောင်စီက အဖြေမဟုတ်ဘူးဆိုတာကို ဒီထက်ပိုပြီး သဘောပေါက်ဖို့ လိုတယ်၊ သူတို့ သဘောပေါက်သင့်သလောက်တော့ ပေါက်ပါတယ်၊ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ကျမတို့နဲ့ လမ်းကြောင်းတွေဖွင့်ပြီး ဆက်သွယ် ဆောင်ရွက်လာတာမျိုးတွေတော့ ရှိပါတယ်။ တဖက်မှာလည်း နေပြည်တော်ကိုလည်း လက်မလွှတ်သေးတဲ့ အနေအထားမျိုးရှိပါတယ်” လို့ ဒေါ်ဇင်မာအောင်က ပြောပါတယ်။ 

ဒါ့အပြင် တရုတ်နိုင်ငံဟာ ပြည်သူလူထုဆန္ဒအတိုင်း မရှိနေဘဲ အစစ်အမှန်အခြေအနေကို ထင်ဟပ်ခြင်းမရှိတဲ့ သတင်းအချက်အလက်တွေပေါ်မှာ အခြေခံကာ မြန်မာ့အရေးကို ဘေကျင်းကနေ ဆုံးဖြတ်ချက်ချနေတယ်လို့ ထင်မြင်မိကြောင်း ဆိုပါတယ်။ 

“ဒါကြောင့် ကျမတို့ engagment တွေ၊ ဆက်သွယ်ဆောင်ရွက်မှုတွေကိုတော့ တဖက်သတ်ပင်ဖြစ်စေကာမူ တိုးပြီးတော့ ဆောင်ရွက်နေတာတွေရှိပါတယ်” လို့ ဆိုပါတယ်။ 

တရုတ်အနေနဲ့ မြောက်ပိုင်းညီနောင်အဖွဲ့တွေကို ဖိအားပေးတာတွေ၊ NUG နဲ့ မဆက်သွယ်ဖို့ ဖိအားပေးနေတာတွေတဲ့ အပေါ်မှာလည်း “အခုဖြစ်နေတဲ့ ကိစ္စတွေကို ပြည်တွင်းရေးလို့ ရှေ့ပိုင်းမှာလည်း ပြောပြီး အခုနောက်ပိုင်းကျတော့လည်း မြန်မာ့အရေးကို အတင်းကြီး ဝင်ရောက်စွက်ဖက်တဲ့ ပုံစံမျိုး ဆောင်ရွက်လာတာမျိုးတွေ တွေ့ရတော့ ကျမအမြင်ကတော့ တရုတ်အစိုးရကိုယ်တိုင်က ရှေ့နောက်မညီတဲ့ ချဉ်းကပ်ပုံတွေနဲ့ ဆောင်ရွက်လာတာကို တွေ့ရပါတယ်၊ ဒါက ဘာကိုပြနေလဲဆိုရင် မြန်မာ့အရေးကို သူ ဘယ်လိုကိုင်တွယ်ရမှန်း မသိဘူး၊ နေပြည်တော်က စစ်ခေါင်းတွေကို စိတ်တိုင်းကျသလားဆိုတော့လည်း စိတ်တိုင်းမကျဘူး” လို့ ဆိုပါတယ်။

တော်လှန်ရေးကာလအတွင်း တရုတ်ရဲ့ အကျိုးစီးပွါးကို ရေရှည်ကာကွယ်နိုင်မယ့် စနစ်မျိုး လုပ်ဆောင်ရမှာ ဖြစ်သလို တရုတ်အစိုးရအနေနဲ့ လက်တွေ့ကျကျ အမှန်ကို မြင်လာအောင် ကြိုးစားလုပ်ဆောင်သွားရမယ်လို့လည်း ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

မြိုင်အနောက်မြောက်ဘက်ရှိ ကြက်မောက်ရွာ ဗုံးကြဲတိုက်ခိုက်ခံရပြီး ၁၆ နှစ်အရွယ် အမျိုးသမီးတဦးသေဆုံး၊ ၆ ဦး ဒဏ်ရာပြင်းထန်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးတယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာပြင်းထန်သူ ခြောက်ယောက် ရှိခဲ့တယ်လို့ မြိုင်ပကဖက ဇန်နဝါရီလ ၇ ရက်နေ့ (ဒီနေ့) မှာ သတင်းထုတ်ပြန်လာပါတယ်။
Read More

ရွှေပေါက္ကံမြို့သစ်ရပ်ကွက်ရုံးတွင် အုပ်ကြီးနှင့် ပျူများ ရောက်နေချိန် ပြောက်ကျား ၂ ဖွဲ့ ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်က ရွှေပေါက္ကံမြို့သစ်ရပ်ကွက်ရုံးကို လက်ပစ်ဗုံးတွေ၊ မိုင်းတွေနဲ့ သွားရောက် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon Army (YA) အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

နိုင်ငံအနှံ့ ဗုံးကြဲနေသည့် စစ်ကောင်စီ အပစ်ရပ် ၁ လ သက်တမ်းတိုးကြောင်း ဟန်ပြထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီဟာ ငလျင်ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ အပစ်ရပ်ကာလကို မေ ၆ ရက်ကနေ ၃၁ ရက်အထိ ၁ လ သက်တမ်းတိုးကြောင်း ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဘုန်းတော်ကြီး ဖာသာဒေါ်နယ်မာတင်ကို သတ်ခဲ့သည့် LDF ၈ ဦးကို ထောင်ဒဏ် နှစ် ၂၀ စီ ချမှတ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကန်ကြီးတောကျေးရွာ၊ လုဒ်မယ်တော်သခင်မဘုရားကျောင်းမှာ သာသနာ့တာဝန် ထမ်းဆောင်နေတဲ့ ဖာသာဒေါ်နယ်မာတင်ကို သတ်ဖြတ်ခဲ့သူတွေကို ထောင်ဒဏ်နှစ် ၂၀ စီ ချမှတ်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

စလင်းဘက်မှ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုနှင့် တော်လှန်ရေးတပ်များ ရက်ဆက်တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်သား အများအပြား သေပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ စလင်းမြို့နယ်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (စလင်း-ပကဖ) ထံက သိရပါတယ်။