အမျိုးသမီး စစ်မှုထမ်း အပတ်စဉ် ၁ ကို ဖွင့်လှစ်ဖို့အတွက် မတရား စစ်မှုထမ်းဥပဒေအရ အကျုံးဝင်တဲ့ အမျိုးသမီးတွေစာရင်းကို စစ်ကောင်စီက စတင်ကောက်ယူနေပြီလို့ ရန်ကုန်မြို့ခံတွေဆီက သိရပါတယ်။

စစ်ကောင်စီက အသက် (၁၈)နှစ်ကနေ (၂၇)နှစ်အတွင်း အမျိုးသမီးတွေပါ ၂ နှစ် စစ်မှုထမ်းရမယ်ဆိုတဲ့အချက် ပါဝင်တဲ့ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေကို ဇန်နဝါရီ ၂၃ ရက်မှာ ပြဌာန်းလိုက်ပါတယ်။ အဲဒီနောက် အခုလိုစာရင်းကောက်ယူတာတွေ ဆက်တိုက်လုပ်ဆောင်နေပြီး အမျိုးသမီး စစ်မှုထမ်း အပတ်စဉ် ၁ ကို မကြာမီဖွင့်လှစ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့မှာ ဇန်နဝါရီ ၂၅ရက်က စတင်ပြီး အမျိုးသမီးတွေ စစ်မှုထမ်းဖို့ စာရင်းကောက်ယူနေကာ လာမယ့်စစ်မှုထမ်းအပတ်စဥ် (၁၀)ကစလို့ အမျိုးသမီးတွေပါ စစ်မှုထမ်းရတော့မယ်လို့ ရန်ကုန်မြို့က ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက လိုက်လံအသိပေး စာရင်း ကောက်ယူနေတယ်လို့ သိရပါတယ်။

၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့က စကစရဲ့ တပ်မတော်နေ့ အခမ်းအနားမှာ တွေ့ရတဲ့ အာဏာသိမ်း စစ်ကောင်စီတပ်ရဲ့ စစ်သမီးများ (ဓာတ်ပုံ AFP)

စစ်မှုထမ်းဥပဒေပါ အသက်အရွယ်မှာ အကျုံးဝင်ပေမယ့် အိမ်ထောင်သည်အမျိုးသမီးတွေနဲ့ အိမ်ထောင်ပျက်ပေမယ့် သားသမီးရှိသူ အမျိုးသမီးတွေ ကင်းလွတ်ခွင့်ရရှိမယ်လို့ သိရပါတယ်။

လက်ရှိမှာ အသက်(၁၈)နှစ်ကနေ (၃၅)နှစ်အတွင်း လူငယ်အမျိုးသားတွေကို အဓမ္မစစ်မှုထမ်းခိုင်းတဲ့ သင်တန်းအပတ်စဥ်(၉)ကို စစ်ကောင်စီက စတင်နေပြီး စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ စစ်သားလိုအပ်ချက်အရ ပြည်သူတွေကို စစ်တပ်အတွင်း အတင်းအဓမ္မဆွဲခေါ်ကာ စစ်မြေပြင်ကို စေလွှတ်နေတာဖြစ်ပါတယ်။

စစ်မှုထမ်းဥပဒေကြောင့် ရှေ့တန်းစစ်မြေပြင်ရောက်နေရတဲ့ စစ်သားသစ်တွေဟာ သေဆုံးမှုတွေ အများအပြားရှိနေသလို လက်နက်တွေယူဆောင်ကာ တော်လှန်ရေးတပ်ဖွဲ့တွေဆီ အလင်းဝင်ရောက်သူတွေလည်း ရှိနေပါတယ်။

0 Shares:
You May Also Like
Read More

နပခ ရဲ့ ယာယီတိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း ​သေပြီဟု ဆို

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုက်ပွဲကနေ ထွက်ပြေးတိမ်းရှောင်သွားတဲ့ ယာယီ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း သေဆုံးသွားပြီလို့ အမ်းမြို့ စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

စစ်တပ်၏ သာလွန်အင်အားကြောင့် ယာယီဆုတ်ခွာပေးခဲ့ရသည့် ရန်ကင်းတောင်စခန်းကို တော်လှန်ရေးအင်အားစုများ ပြန်လည်သိမ်းပိုက်

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ ဆွတ်နန်းကျေးရွာအနီးက ရန်ကင်းတောင်မှာ တော်လှန်ရေးအင်အားစုတွေ တပ်စွဲနေစဉ် စစ်တပ် စ်ကြောင်းက သာလွန်အင်အားတွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် ယာယီဆုတ်ခွာပေးခဲ့ရမယ့် လက်ရှိမှာ ပြန်လည်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း  မော်လိုက်တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။ 
Read More

ပန်ဝါ နယ်ခြားစောင့်တပ်ဌာနချုပ် (၁၀၀၂) ကို KIA က တိုက်ခိုက်သိမ်းပိုက်

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ပန်ဝါဒေသ နယ်ခြားစောင့်တပ်ဌာနချုပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

ဇေယျဝတီမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်နေရာများအား ဖြူးပကဖ တိုက်ခိုက်ရေးအဖွဲ့ ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၄ ဦး သေပြီး စစ်တပ်အိမ်စီးကား ၂ စီးကို ပကဖ သိမ်းဆည်း

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ ဇေယျဝတီမြို့ပေါ် ဂိတ်စခန်းတွေကို ပကဖတပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ရင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အိမ်စီးကား၂စီးကို သိမ်းဆည်းရရှိခဲ့တယ်လို့ Phyu Township People's Defense Organization - ဖြူးမြို့နယ် ပကဖ က သတင်းထုတ်ပြန်ပါတယ်။
Read More

ပဲခူးမြို့နယ်တွင်းက စစ်ကောင်စီတပ် ကာကင်းစခန်းကို တိုက်ခိုက်ဖျက်ဆီး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ဇီးတောကျေးရွာရှိ စစ်ကောင်စီတပ် ရှေ့တန်းကာကင်းစခန်းကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန (ပဲခူး)၊ အမှတ်(၃၇၀၁) တပ်ရင်းက မေလ ၁၈ရက်၊ မနက် ၂နာရီအချိန်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
Read More

ပေါက်မြို့နယ်ထဲ စစ်အုပ်စု ထပ်မံစစ်ကြောင်းထိုးလာသည့်အတွက် ဒေသခံ ၁၇၀၀ နီးပါး တိမ်းရှောင်နေရ

“ရှောင်ရတာက ပြောရမယ်ဆိုရင် နိုဝင်ဘာလဝက်လောက်ကတည်းက။ ဒါပေမယ့် နယ်မြေပြန်အေးပြီ ဆိုပြီးတော့ ပြန်ဝင်တဲ့အချိန်မှာ ပြီးခဲ့တဲ့ ၃ ရက်နေ့က ထပ်ပြီးစစ်ကြောင်းထိုးလာတဲ့ နောက်ပိုင်းမှာ ထပ် ရှောင်ရတာပေါ့နော်။ ဒေသခံတွေကတော့ လက်ရှိ ကျောချောင်းအစပ်ရယ်၊ သစ်ပင်ခြုံနွယ် ကောင်း တဲ့နေရာတွေမှာ ဘေးကအကာမပါဘဲနဲ့ ဆောင်းရာသီမှာ ဒီလိုလေး ဖြတ်သန်းနေရတယ် ”လို့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန - ပေါက်မြို့ ရဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။