အမေရိကန်ပြည်ထောင်စုက ပြည်ပနိုင်ငံတွေကို ပေးအပ်နေတဲ့ အကူအညီတွေအားလုံး ရက်ပေါင်း ၉၀ ယာယီ ရပ်ဆိုင်းလိုက်ပြီးနောက် ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ရပ်တန့်လိုက်ရတယ်လို့ ဒုက္ခသည် အကူအညီပေးရေးအဖွဲ့တွေဆီက သိရပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာ နို့ဖိုးဒုက္ခသည်စခန်း၊ အုန်းဖြန်ဒုက္ခသည်စခန်းနဲ့ မယ်လဒုက္ခသည်စခန်းတွေအပါအဝင် ဒုက္ခသည်စခန်း ၉ ခုထက်မနည်းရှိပြီး အဲ့ဒီဒုက္ခသည်စခန်းတွေက စစ်ဘေးရှောင် ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းအားလုံး ရပ်ဆိုင်းသွားတာ ဖြစ်ပါတယ်။

ဒုက္ခသည်စခန်းတွေက ဆေးခန်းတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကတော့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ၊ မိခင်နဲ့ ကလေး ကာကွယ်ဆေးနဲ့ ကျန်းမာရေး အသိပညာပေး အစီအစဉ် စတာတွေ ပါဝင်တာဖြစ်ပါတယ်။

အမေရိကန်အစိုးရက နိုင်ငံတကာဖွံ့ဖြိုးရေးစီမံကိန်းတွေရဲ့ အသုံးစရိတ်တွေကို ပြန်သုံးသပ်ဖို့ ထောက်ပံ့ငွေပေးတာကို ရက် (၉၀) ဆိုင်းငံ့လိုက်တဲ့နောက် နိုင်ငံတကာ ကူညီကယ်ဆယ်ရေးကော်မတီ (IRC) ဘက်က ကျန်းမာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကို ရပ်နားလိုက်တာ ဖြစ်ပါတယ်။

ဇန်နဝါရီ ၂၀ ရက်မှာ စတင်တာဝန်ထမ်းဆောင်တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရဟာ အမေရိကန်နိုင်ငံထံ ဒုက္ခသည်ခေါ်ယူရေး အစီအစဉ်တွေကို ရပ်ဆိုင်းထားတဲ့အပြင် ရန်ပုံငွေ ထောက်ပံ့ပေးအပ်မှုတွေကိုလည်း ရက် ၉၀ ဆိုင်းငံ့ကာ မူဝါဒတွေနဲ့ ကိုက်ညီမှု ရှိမရှိ ဆန်းစစ်သုံးသပ်မယ်လို့ ဆိုထားပါတယ်။ 

ထိုင်း-မြန်မာနယ်စပ်မှာ အခြေစိုက်ပြီး လူ့အခွင့်အရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေ၊ အမျိုးသမီးအရေးနဲ့ လူနည်းစုအရေး လှုပ်ရှားနေတဲ့ လူမှုအခြေပြု CSO အဖွဲ့အစည်းတွေမှာလည်း အမေရိကန် ပြည်ပအကူအညီ ဖြတ်တောက်မှုရဲ့ သက်ရောက်မှုတွေ ရှိနေပြီး တချို့အဖွဲ့တွေက ယာယီရပ်နားသွားရတာတွေ ရှိနေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကျောင်းသားတပ်မတော် ဖွဲ့စည်းတည်ထောင်ခြင်း ၃၆ နှစ်မြောက် အထိမ်းအမှတ် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့…

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး - မကဒတ (ကျောင်းသားတပ်မတော်) ဖွဲ့စည်းတည်ထောင်ခြင်း ၃၆ နှစ်မြောက် အထိမ်းအမှတ်အဖြစ် တပ်ဦးနဲ့ တပ်မတော်ရဲ့ လုပ်ငန်းစဉ်တွေ ရှင်းလင်းတင်ပြခြင်းနဲ့ စစ်မြေပြင် တပ်ဖွဲ့ဝင်တွေရဲ့ အခက်အခဲတွေ ဝိုင်းဝန်းဖြေရှင်းနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုတွေကို နိုဝင်ဘာ ၂၃ ရက်နဲ့ ၂၄ ရက်တွေမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကျောက်မဲမြို့ကို စစ်ကောင်စီ ထပ်မံဗုံးကြဲ၊ ပြည်သူ ၆ ဦး ဒဏ်ရာရကာ နေအိမ် ၁၀ လုံး ပျက်စီး

အကြမ်းဖက်စစ်ကောင်စီဟာ တအာင်းတပ် TNLA ထိန်းချုပ်ရာ ကျောက်မဲမြို့ကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၆ယောက် ထိမှန် ဒဏ်ရာရခဲ့တယ်လို့ TNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်အာဏာရှင်စနစ် တိုက်ဖျက်ချေမှုန်းရေးအတွက် နေပြည်တော် PDF တပ်ရင်း ၉၀၁ က တပ်သားအသစ်တွေ ခေါ်ယူနေ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာန၊ အမှတ်(၉၀၁) တပ်ရင်းက စစ်အာဏာရှင်စနစ် တိုက်ဖျက်ချေမှုန်းရေးအတွက် တပ်သားအသစ်တွေကို စိစစ် လက်ခံခေါ်ယူနေတယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ဖာပွန်က ခေါပုတ်တပ်စခန်းကို အပြီးသတ် သိမ်းပိုက်ထိန်းချုပ်နိုင်ကြောင်း တောင်ပိုင်းစစ်ဒေသက တရား၀င် ထုတ်ပြန်

ဖာပွန်မြို့နယ်အတွင်းက စစ်ကောင်စီရဲ့ ခေါပုတ်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်ရရှိခဲ့မှုအတွကိ ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသက အသိပေးထုတ်ပြန်ပါတယ်။
Read More

NUG နိုင်ငံခြားရေးဝန်ကြီးက ၇၅ နှစ်မြောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားနေ့ စိန်ရတုအထိမ်းအမှတ် သဝဏ်လွှာပေးပို့

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အောက်တိုဘာလ ၁ ရက်မှာ ကျရောက်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ၇၅ နှစ်မြောက် အမျိုးသားနေ့စိန်ရတုအထိမ်းအမှတ် သဝဏ်လွှာကို ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
Read More

လောင်းလုံးမှာ စစ်မှုထမ်း အပတ်စဉ် (၁) နဲ့ (၂) သင်တန်းဆင်း စစ်သား ၅ ယောက် အလင်းဝင်လာလို့ ပကဖ သွားရောက်ခေါ်ထုတ်ပေး

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်း အပတ်စဉ် (၁) နဲ့  (၂)သင်တန်းဆင်း စစ်သား ၅ ယောက် အလင်းဝင်ဖို့ ဆက်သွယ်လာတာကြောင့် သွားရောက်ခေါ်ထုတ်ပေးခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ပကဖ က ထုတ်ပြန်ထားပါတယ်။