ရခိုင်စစ်မျက်နှာကနေ မကွေးတိုင်းအတွင်းထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ပိတ်ဆို့ဖမ်းဆီးမှုကနေ စစ်သုံ့ပန်း ၁၅၀ ကျော်နီးပါး ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ CDF-Asho သတင်းတာဝန်ခံ ဆလိုင်းရိုးချင်းက မောင်းကို ပြောပါတယ်။

၂၀၂၄ ခုနှစ် အောက်တိုဘာလလောက်ကစလို့ ၂၀၂၅ ဇန်နဝါရီလအထိ ရခိုင်စစ်မျက်နှာကနေ နယ်နမိတ်ချင်းထိစပ်နေတဲ့ မကွေးတိုင်း၊ ငဖဲမြို့၊ အမ်း-ပဒါန်းလမ်းပိုင်းအတိုင်း ဆုတ်ခွာထွက်​​ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေကို CDF -Asho အပါအဝင် ငဖဲအခြေစိုက် တော်လှန်ရေးတပ်တွေက လက်နက်နဲ့တကွ ဖမ်းဆီးရမိခဲ့တာတွေ ရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်သားတွေကို ပိတ်ဆို့ဖမ်းဆီးရမှာ လက်နက်နဲ့ ပြန်လည်ခုခံတာမျိုးရှိသလို အသာတကြည် အညံ့ခံတာမျိုးတွေလည်း ရှိတယ်လို့ဆလိုင်းရိုးချင်းက ပြောပါတယ်။

“တိုက်ပွဲတွေကနေ မနိုင်တော့လို့ လွတ်ရာ​လွတ်ကြောင်း ပြေးလာတာတွေရှိသလို တပ်စွဲထားတဲ့စခန်းတွေကနေ ပြေးလာတာ​လည်း ရှိပါတယ်။ သေနတ်ပါလာတာရော၊ မပါဘဲ လာတာရော၊ ပြေးရင်းနဲ့ လွှတ်ပစ်ခဲ့တာမျိုးတွေရော ရှိတယ်။ မိသားစုတွေတော့ မပါကြပါဘူး။ စစ်မှုထမ်းတွေလည်း ပါတယ်။ အမြင့်ဆုံး တပ်ကြပ်ကြီးအဆင့်အထိ ပါပါတယ်” လို့ ဆလိုင်းရိုးချင်းက မောင်းကို ပြောပါတယ်။

ဇန်နဝါရီလ ၃ ရက်နေ့နှင့် ၄ ရက်နေ့အတွင်း CDF-Asho က ဖမ်းဆီးရမိသည့် အမ်းမြို့ကထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၁၁ ဦးနှင့် လက်နက်ခဲယမ်းများ

လက်ရှိမှာ CDF – Asho အနေနဲ့ စစ်ကောင်စီသုံ့ပန်း ၁၅၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

“တစ်ခုရှိတာက သူတို့သည် တော်လှန်ရေးရဲဘော် လုပ်ကြမှာလည်း မဟုတ်ဘူး။ အရင်လတွေတုန်းက မိတဲ့သူတွေကဆို လက်နက်မရဘူး။ အလုပ်တာဝန် ပေးပြီး စစ်သုံ့ပန်းဥပဒေနဲ့အညီ ထားတယ်။ ပုံမှန်ကျွေးမွေးတယ်။ ဆေးကုသပေးတယ်။ လုံခြုံရေးအရ၊ နယ်မြေအခြေအနေအရ တစ်နေရာတည်း စုပြုံထားလို့မရဘဲ ခွဲပြီးထားရတာ၊ ရွှေ့ပြီးထားရတာတွေ ရှိပါတယ်။ သုံ့ပန်းဖြစ်တာကြာတဲ့ သူတချို့လည်း မိသားစုနဲ့ဆက်သွယ်ရရင် ဆက်သွယ်ခွင့် အကျိုးအကြောင်းပြောတာမျိုးတွေ လုပ်ပေးပါတယ်” လို့ CDF-Asho သတင်းတာဝန်ခံ ဆလိုင်းရိုးချင်းက မောင်းကို ပြောပါတယ်။

၂၀၂၄ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့မှာ ဖမ်းဆီးရမိသည့် စကစတပ်သား ၂ ဦးနှင့် နိုဝင်ဘာလ ၃ ရက်နေ့မှာ ဖမ်းဆီးရမိသည့် စကစတပ်သား ၂ ဦးတို့ကို အတူတကွ ဖမ်းဆီးထားသည်ကို တွေ့ရစဉ်

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ရက်နေ့ကစလို့ ၂၅ရက်နေ့အထိ ၉ရက်တာအတွင်းမှာလည်း ရခိုင်စစ်မျက်နှာကနေထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၁၇ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ CDF-Asho က အမ်း-ပဒါန်းလမ်းပိုင်းမှာ ဖမ်းဆီးရမိခဲ့ပါသေးတယ်။

CDF – Asho နည်းတူ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA- Magway) ကလည်း ဇန်နဝါရီလအတွင်း မကွေး-ရခိုင် နယ်စပ်မျဥ်းတိုက်ပွဲတွေကနေ ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဖြတ်တောက်တိုက်ခိုက်ရင်း ခမရ ၁၁၃ ဗိုလ်ကြီး ၂ယောက် အပါအဝင် ၁၂ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့သေးတယ်လို့ ထုတ်ပြန်ထားပါသေးတယ်။

 

0 Shares:
You May Also Like
Read More

ကြိုတင်အချိန်ယူ ပြင်ဆင်ခဲ့တာကြောင့် စွယ်တော်ကုန်း စခန်းသိမ်းတိုက်ပွဲမှာ အောင်ပွဲဆင်နိုင်ခဲ့၊ ဒီစခန်းသိမ်းပွဲဟာ ချိုမြိန်တဲ့ လက်စားချေမှု ဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေ ပြော

ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့အနီးက စစ်ကောင်စီရဲ့ စွယ်တော်ကုန်းစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်မှုဟာ ပြည်သူတွေကို နှစ်ပေါင်းများစွာ ဒုက္ခပေးနေတဲ့ စခန်းကို အောင်နိုင်ခဲ့တာဖြစ်လို့ ချိုမြိန်တဲ့ လက်စားချေမှုတစ်ခုဖြစ်တယ်လို့ တိုက်ပွဲဖော်ဆောင်ခဲ့တဲ့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
Read More

မြန်မာ့ငလျင်ဘေး ကူညီရေးမှာ အမေရိကန်ရဲ့နေရာလွတ်ကို အာဆီယံက ဖြည့်နိုင်မလား

မြန်မာနိုင်ငံက အသေအပျောက်များခဲ့တဲ့ ငလျင်ဟာ နိုင်ငံခြားအကူအညီပေးရေးကိစ္စတွေကနေ နောက်ဆုတ်သွားခဲ့တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ နေရာလွတ်ကို ဖွင့်ပြလိုက်တာဖြစ်ပြီး တရုတ်လို အင်အားကြီးနိုင်ငံတွေက လူသားချင်းစာနာမှု တုံ့ပြန်ရေးကိစ္စတွေမှာ ၎င်းတို့ရဲ့ ကိုယ်ကျိုးအတွက် ပုံဖော်တာမျိူးမလုပ်ခင်၊ အာဆီယံအနေနဲ့ ဒေသတွင်းမှာ ရဲရဲတင်းတင်း ဦးဆောင်ဖို့ သတိပေးလှုံ့ဆော်မှုတစ်ခုဖြစ်လာခဲ့ပါတယ်။
Read More

လူငယ်တွေမရှိရင် မြန်မာပြည်အတွက် အနာဂတ်မရှိ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံဟာ ဒေသတွင်းမှာ စစ်အသွင်အပြောင်းဆုံး လူ့အဖွဲ့အစည်းတွေထဲကတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒီလို အသွင်ပြောင်းလဲလာမှုဟာ တော်လှန်ရေးကို ဦးဆောင်နေကြတဲ့ မြန်မာလူငယ်တွေရဲ့ ဘဝနဲ့ အနာဂတ်အပေါ် အထူးဆိုးရွားစွာ သက်ရောက်စေပါတယ်။ လက်ရှိအချိန်ဟာ လူငယ်တွေကို မြန်မာ့နိုင်ငံရေး အနာဂတ်ရဲ့ ဗဟိုချက်မှာ ထားရှိရတော့မယ့်အချိန် ဖြစ်ပါတယ်။ 
Read More

ထိုင်းနိုင်ငံခေါ်သွားမယ့် ပွဲစားက စစ်တပ်ထဲရောင်းစားခဲ့လို့ ပြန်ထွက်ပြေးလာရသူ

မြန်မာနိုင်ငံမှာ အကြမ်းဖက် စစ်ကော်မရှင်တပ်က အပြစ်မဲ့ပြည်သူတွေကို ရရာနည်းလမ်းသုံးပြီး စစ်မှုထမ်းတပ်သားသစ် စုဆောင်းနေမှုမှာ ပေါ်တာဆွဲ ဖမ်းဆီးတာတွေအပြင် လူအရောင်းအဝယ် လုပ်ကာ စုဆောင်းနေတာတွေလည်း ရှိနေပါတယ်။
Read More

စိတ်ဖြောင့်ဖြောင့် ခရီးမသွားလာရဲတော့သည့် စစ်ကောင်စီအရာရှိများ

အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်တွေဟာ မြန်မာနိုင်ငံရဲ့ နေရာဒေသအသီးသီးမှာ တိုက်ပွဲတွေ ဆင်နွှဲနေကြတာ ၄ နှစ် ပြည့်မြောက်တော့မှာပဲ ဖြစ်ပါတယ်။ 
Read More

စစ်ဒဏ်သင့် မြန်မာပြည်တွင် စစ်တပ် ဟန်ပြရွေးကောက်ပွဲကျင်းပ

အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေပြင်းထန်နေတဲ့ မြန်မာနိုင်ငံမှာ ဒီဇင်ဘာလ ၂၈ ရက်ကစလို့ စစ်တပ်က ဟန်ပြရွေးကောက်ပွဲတွေ ကျင်းပနေပါတယ်။