ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF ၊ ဗျူဟာအမှတ် (၇) ၊ တပ်ရင်းအမှတ် (၂၈) က တပ်ဗိုလ် တပ်မှူးတွေနဲ့ ရဲဘော်ရဲမေတွေ ၂၀၂၅ ခုနှစ် ရှေ့လုပ်ငန်းစဥ်တွေအကြောင်း ဆွေးနွေးတိုင်ပင်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီလ ၂၆ ရက်မှာ KNDF တပ်ရင်းအမှတ် (၂၈) က တပ်ရင်းရှိ ရဲဘော်ရဲမေတွေနဲ့ တပ်ရင်းတိုးတက်ရေး၊ တပ်ဖွဲ့ဝင်အချင်းချင်း စည်းလုံးညီညွတ်ရေးနဲ့ ရှေ့လုပ်ငန်းစဥ်တွေအတွက် ဆွေးနွေးတိုင်ပင်ခဲ့တယ်လို့ ဆိုပါတယ်။

KNDF ဗျူဟာအမှတ်(၇) ရဲ့ စစ်နည်းဗျူဟာမှူးကလည်း “တော်လှန်ရေးကာလဟာ သုံးနှစ်ကျော်လွန်ခဲ့ပြီး လေးနှစ်ကာလအတွင်း ဝင်ရောက်ခဲ့ပြီးဖြစ်သဖြင့် တော်လှန်တော်ပြည်သူများနှင့် တော်လှန်ရေးရဲဘော်ရဲဘက်များလည်း အရမ်းပင်ပန်းနေပါပြီ၊ ဘာဖြစ်ဖြစ် စိတ်ဓာတ်မကျနဲ့၊ တော်လှန်ရေး အောင်မြင်ရန်အတွက် တော်လှန်ရေးကို ချစ်တဲ့စိတ်နဲ့ ပြည်သူအပေါ်လေးစားပြီး သစ္စာရှိရှိ စည်းလုံးညီညွတ်စွာဖြင့် အာဏာရှင်စနစ်ကို အမြစ်ပြတ် ခုခံတော်လှန်သွားကြပါ ရဲဘော်တို့” လို့ အမှာစကား ပြောကြားခဲ့ပါတယ်။

တပ်ရင်းရဲ့ ရှေ့လုပ်ငန်းစဥ်တွေအဖြစ်လည်း KNDF ဗဟို ဦးဆောင်မှုနဲ့ မဟာမိတ်တွေနဲ့အတူ စစ်အာဏာရှင်ကို ပြတ်ပြတ်သားသား တိုက်ခိုက်သွားမှာဖြစ်ပြီး အသေးစိတ် လုပ်ငန်းစဥ်တွေကိုလည်း တိုင်ပင်ဆွေးနွေးခဲ့တယ်လို့ KNDF တပ်ရင်းအမှတ် (၂၈) က ဆိုပါတယ်။

အခုကာလမှာ တော်လှန်ရေး အရှိန်အဟုန်မြင့်မားလာပြီဖြစ်တာကြောင့် တပ်ရင်းတပ်ဖွဲ့အတွက် လိုအပ်ချက်များစွာ ရှိနေကာ တော်လှန်ပြည်သူတွေ တတ်နိုင်သလောက် ပါဝင်အားဖြည့်ကူညီပေးကြဖို့ KNDF တပ်ရင်းအမှတ် (၂၈) က မေတ္တာရပ်ခံထားပါတယ်။

0 Shares:
You May Also Like
Read More

ကန့်ဘလူမှာ အကြမ်းဖက်စစ်ကြောင်းက ရွာတွေကို အင်အားသုံး မီးရှို့ရင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ကျေးရွာတွေကို အင်အားသုံး မီးရှို့ရင်း အရပ်သား ၃၀ ကျော်ကို ကန့်ဘလူ ၆၀၀၆ တကရ တပ်ရင်းထဲ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ က ပြောပါတယ်။
Read More

ဧရာဝတီတိုင်းအတွင်း တစ်နှစ်ကျော် ပိတ်ထားတဲ့ စစ်ဆေးရေးဂိတ်တွေ စစ်ကောင်စီ ပြန်ဖွင့်

ဧရာဝတီတိုင်းအတွင်း တစ်နှစ်ကျော်ကြာ ပိတ်ထားခဲ့တဲ့ စစ်ဆေးရေးဂိတ်တွေကို ဇန်နဝါရီလ ဒုတိယအပတ်ထဲမှာ စစ်ကောင်စီက ပြန်ဖွင့်ထားကြောင်း ခရီးသွားယာဉ်မောင်းတွေဆီက သိရပါတယ်။
Read More

ဖားဆောင်းမြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ ၁၃၄ တပ်ရင်းစခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်နီတပ်ပေါင်းစု တရားဝင်ထုတ်ပြန်

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၁၃၄ တပ်ရင်းစခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ ကရင်နီတပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့က မနေ့ကညပိုင်းမှာ တရားဝင်ထုတ်ပြန်ပါတယ်။
Read More

သထုံမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် တိုက်ခိုက်မှုများကြောင့် ဒေသခံ ၂ ဦး ဒဏ်ရာရ၊ နေအိမ် ၃ လုံးနှင့် ဘုန်းကြီးကျောင်း ပျက်စီး

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၃ လုံးနဲ့ ဘုန်းကြီးကျောင်း ၁ ကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ပါတယ်။
Read More

မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်ဖို့ ICC မှာ တင်ပြထားမှုဟာ တော်လှန်ရေးအတွက် အားတက်စရာလို့ NUG ပြော

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ICC မှာ ဖမ်း၀ရမ်းထုတ်ဖို့ တင်ပြထားမှုဟာ ပြည်သူတွေမျှော်လင့်နေတဲ့ နွေဦးတော်လှန်ရေးအောင်နိုင်ဖို့ အားတက်စရာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြည်ထောင်စု၀န်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။
Read More

တောင်သာက စစ်ကောင်စီရဲ့ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိပြီး ပျူစောထီးတွေ စခန်းစွန့်ခွာထွက်ပြေး…

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိပြီး ပျူစောထီးတွေ စခန်းစွန့်ခွာထွက်ပြေးသွာစခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၊ အမှတ် ၈၁၅ တပ်ဖွဲ့၊ အနောက်မြောက်စစ်ဒေသက ထုတ်ပြန်ပါတယ်။