အမျိုးသမီး စစ်မှုထမ်း အပတ်စဉ် ၁ ကို ဖွင့်လှစ်ဖို့အတွက် မတရား စစ်မှုထမ်းဥပဒေအရ အကျုံးဝင်တဲ့ အမျိုးသမီးတွေစာရင်းကို စစ်ကောင်စီက စတင်ကောက်ယူနေပြီလို့ ရန်ကုန်မြို့ခံတွေဆီက သိရပါတယ်။

စစ်ကောင်စီက အသက် (၁၈)နှစ်ကနေ (၂၇)နှစ်အတွင်း အမျိုးသမီးတွေပါ ၂ နှစ် စစ်မှုထမ်းရမယ်ဆိုတဲ့အချက် ပါဝင်တဲ့ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေကို ဇန်နဝါရီ ၂၃ ရက်မှာ ပြဌာန်းလိုက်ပါတယ်။ အဲဒီနောက် အခုလိုစာရင်းကောက်ယူတာတွေ ဆက်တိုက်လုပ်ဆောင်နေပြီး အမျိုးသမီး စစ်မှုထမ်း အပတ်စဉ် ၁ ကို မကြာမီဖွင့်လှစ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့မှာ ဇန်နဝါရီ ၂၅ရက်က စတင်ပြီး အမျိုးသမီးတွေ စစ်မှုထမ်းဖို့ စာရင်းကောက်ယူနေကာ လာမယ့်စစ်မှုထမ်းအပတ်စဥ် (၁၀)ကစလို့ အမျိုးသမီးတွေပါ စစ်မှုထမ်းရတော့မယ်လို့ ရန်ကုန်မြို့က ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက လိုက်လံအသိပေး စာရင်း ကောက်ယူနေတယ်လို့ သိရပါတယ်။

၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့က စကစရဲ့ တပ်မတော်နေ့ အခမ်းအနားမှာ တွေ့ရတဲ့ အာဏာသိမ်း စစ်ကောင်စီတပ်ရဲ့ စစ်သမီးများ (ဓာတ်ပုံ AFP)

စစ်မှုထမ်းဥပဒေပါ အသက်အရွယ်မှာ အကျုံးဝင်ပေမယ့် အိမ်ထောင်သည်အမျိုးသမီးတွေနဲ့ အိမ်ထောင်ပျက်ပေမယ့် သားသမီးရှိသူ အမျိုးသမီးတွေ ကင်းလွတ်ခွင့်ရရှိမယ်လို့ သိရပါတယ်။

လက်ရှိမှာ အသက်(၁၈)နှစ်ကနေ (၃၅)နှစ်အတွင်း လူငယ်အမျိုးသားတွေကို အဓမ္မစစ်မှုထမ်းခိုင်းတဲ့ သင်တန်းအပတ်စဥ်(၉)ကို စစ်ကောင်စီက စတင်နေပြီး စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ စစ်သားလိုအပ်ချက်အရ ပြည်သူတွေကို စစ်တပ်အတွင်း အတင်းအဓမ္မဆွဲခေါ်ကာ စစ်မြေပြင်ကို စေလွှတ်နေတာဖြစ်ပါတယ်။

စစ်မှုထမ်းဥပဒေကြောင့် ရှေ့တန်းစစ်မြေပြင်ရောက်နေရတဲ့ စစ်သားသစ်တွေဟာ သေဆုံးမှုတွေ အများအပြားရှိနေသလို လက်နက်တွေယူဆောင်ကာ တော်လှန်ရေးတပ်ဖွဲ့တွေဆီ အလင်းဝင်ရောက်သူတွေလည်း ရှိနေပါတယ်။

0 Shares:
You May Also Like
Read More

သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာဘူတာအနီးရှိ စစ်တပ်ကင်းပုန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်၊ စစ်တပ်က မျက်မြင် ၄ ဦး သေဆုံးဟု ဆို

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာ ဘူတာအနီးရှိ အကြမ်းဖက်စစ်တပ် ကင်းပုန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဝေါနယ်က ဒေသခံတွေကို စစ်အုပ်စုက ရွေးကောက်ပွဲမှာ မဲပေးဖို့ အဓမ္မဖိအားပေး

ပဲခူးတိုင်း၊ ဝေါမြို့နယ်က ဒေသခံတွေကို စစ်ကော်မရှင်တပ်သားတွေက ရွေးကောက်ပွဲမှာ မဖြစ်မနေ မဲပေးဖို့အတွက် အဓမ္မဖိအားပေးတာမျိုးတွေရှိနေတယ်လို့ ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကသိ ရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့မှာ စစ်ကော်မရှင်တပ်သား၂၀ ဝန်းကျင်ဟာ ဝေါမြို့နယ်ထဲက ဖိုးဦးစိန်ရွာ ထဲကို ဝင်ရောက်ခဲ့ပါတယ်။ အဲဒီနောက်ကျေးရွာအုပ်ချုပ်ရေးမှူးကိုခေါ်ပြီး တစ်အိမ်တစ်ယောက် မဖြစ်မနေ အစည်းဝေးတက်ရမယ်လို့ စေခိုင်းခဲ့ပါတယ်။
Read More

အရပ်သားအစိုးရ လုပ်ဆောင်ခဲ့တဲ့ စီမံကိန်းတွေမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဝင်ရောက်နှမ်းဖြူးနေ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

စဉ့်ကူးတွင် အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၆ ဦး သေပြီး အများအပြားဒဏ်ရာရ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က ရှောက်ပင်ရိုးကျေးရွာကို အကြမ်းဖက်စစ်တပ် လေ​ကြောင်းတိုက်ခိုက်မှုမှာ အရပ်သား ၆ ယောက် သေဆုံးပြီး နေအိမ်အဆောက်အဦးတွေ ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံတွေက မောင်းကို ပြောပါတယ်။
Read More

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်တိုက်ပွဲများအတွင်း စစ်မှုထမ်းတပ်သားသစ်များ ထိခိုက်သေဆုံးမှု များပြားနေ၊ အကြမ်းဖက်စစ်တပ်မှ အတင်းအဓမ္မစုဆောင်း၍ သင်တန်းအမြန်ပေးကာ ရှေ့တန်းသို့ စေလွှတ်နေ

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်တွင်းတိုက်ပွဲတွေမှာ စစ်မှုထမ်းတပ်သားသစ်တွေ ထိခိုက်သေဆုံးမှုတွေ များပြားနေတာကြောင့် စစ်မှုထမ်းတပ်သားသစ်တွေကို အတင်းအဓမ္မ ဆက်လက်စုဆောင်းပြီး သင်တန်းအမြန်ပေးကာ ရှေ့တန်းကို စေလွှတ်နေတယ်လို့ ဒေသခံ စစ်ရေးသတင်းအရင်းအမြစ်တွေက မောင်းကို ပြောပါတယ်။
Read More

မိုင်းငေါ့မြို့မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၃၀၀) ဗုံး လာရောက်ကြဲချမှုကြောင့် ဒေသခံ (၅) ယောက် ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းငေါ့မြို့၊ မန်လုံရပ်ကွက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၃၀၀) ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံ (၅) ယေက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။