အမေရိကန်ပြည်ထောင်စုက ပြည်ပနိုင်ငံတွေကို ပေးအပ်နေတဲ့ အကူအညီတွေအားလုံး ရက်ပေါင်း ၉၀ ယာယီ ရပ်ဆိုင်းလိုက်ပြီးနောက် ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ရပ်တန့်လိုက်ရတယ်လို့ ဒုက္ခသည် အကူအညီပေးရေးအဖွဲ့တွေဆီက သိရပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာ နို့ဖိုးဒုက္ခသည်စခန်း၊ အုန်းဖြန်ဒုက္ခသည်စခန်းနဲ့ မယ်လဒုက္ခသည်စခန်းတွေအပါအဝင် ဒုက္ခသည်စခန်း ၉ ခုထက်မနည်းရှိပြီး အဲ့ဒီဒုက္ခသည်စခန်းတွေက စစ်ဘေးရှောင် ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းအားလုံး ရပ်ဆိုင်းသွားတာ ဖြစ်ပါတယ်။

ဒုက္ခသည်စခန်းတွေက ဆေးခန်းတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကတော့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ၊ မိခင်နဲ့ ကလေး ကာကွယ်ဆေးနဲ့ ကျန်းမာရေး အသိပညာပေး အစီအစဉ် စတာတွေ ပါဝင်တာဖြစ်ပါတယ်။

အမေရိကန်အစိုးရက နိုင်ငံတကာဖွံ့ဖြိုးရေးစီမံကိန်းတွေရဲ့ အသုံးစရိတ်တွေကို ပြန်သုံးသပ်ဖို့ ထောက်ပံ့ငွေပေးတာကို ရက် (၉၀) ဆိုင်းငံ့လိုက်တဲ့နောက် နိုင်ငံတကာ ကူညီကယ်ဆယ်ရေးကော်မတီ (IRC) ဘက်က ကျန်းမာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကို ရပ်နားလိုက်တာ ဖြစ်ပါတယ်။

ဇန်နဝါရီ ၂၀ ရက်မှာ စတင်တာဝန်ထမ်းဆောင်တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရဟာ အမေရိကန်နိုင်ငံထံ ဒုက္ခသည်ခေါ်ယူရေး အစီအစဉ်တွေကို ရပ်ဆိုင်းထားတဲ့အပြင် ရန်ပုံငွေ ထောက်ပံ့ပေးအပ်မှုတွေကိုလည်း ရက် ၉၀ ဆိုင်းငံ့ကာ မူဝါဒတွေနဲ့ ကိုက်ညီမှု ရှိမရှိ ဆန်းစစ်သုံးသပ်မယ်လို့ ဆိုထားပါတယ်။ 

ထိုင်း-မြန်မာနယ်စပ်မှာ အခြေစိုက်ပြီး လူ့အခွင့်အရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေ၊ အမျိုးသမီးအရေးနဲ့ လူနည်းစုအရေး လှုပ်ရှားနေတဲ့ လူမှုအခြေပြု CSO အဖွဲ့အစည်းတွေမှာလည်း အမေရိကန် ပြည်ပအကူအညီ ဖြတ်တောက်မှုရဲ့ သက်ရောက်မှုတွေ ရှိနေပြီး တချို့အဖွဲ့တွေက ယာယီရပ်နားသွားရတာတွေ ရှိနေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

NUG အစိုးရက ၎င်းတို့ရဲ့ အားနည်းချက်တွေကို နည်းသထက်နည်းအောင် ကြိုးစားမယ်လို့ ကတိပြု

NUG အစိုးရအနေနဲ့ ၎င်းတို့ဘက်က အားနည်းချက်တွေကို နည်းသထက်နည်းအောင်ကြိုးစားနေပြီး ပြည်သူလူထုရဲ့ အသံကို အချိန်မရွေးနားထောင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ယာယီ သမ္မတဖြစ်သူ  ဒူဝါလရှီးလက ပြောပါတယ်။ 
Read More

ဘောလခဲမြို့ ကာကင်းဗျူဟာမြောက်သည့် ဝမ်မလန်းတပ်စခန်းကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစု သိမ်းပိုက်ရရှိ

ကရင်နီပြည်နယ်၊ ဘောလခဲမြို့အနီးက ကာကင်းဗျူဟာမြောက်တဲ့ စစ်ကောင်စီရဲ့ ဝမ်မလန်းတပ်စခန်းကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက်ရရှိခဲ့တယ်လို့ တော်လှန်ရေးရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်သူ မောက်ခမ်းဝါကို အရေးယူရန် ဂျန်ဒါတရားမျှတရေးဆိုင်ရာ အဖွဲ့အစည်းများ တောင်းဆိုထား

လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု ကျူးလွန်ခဲ့တဲ့ လူသိများတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူလည်းဖြစ်၊ ဓာတ်ပုံဆရာတစ်ယောက်လည်းဖြစ်တဲ့ မောက်ခမ်းဝါ (ခေါ်) မင်းသူကျော်ကို ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ တရားဥပဒေတွေနဲ့ စံနမူနာပြု အရေးယူပေးဖို့ ဂျန်ဒါတရားမျှတရေးဆိုင်ရာ အဖွဲ့အစည်းတွေက ထုတ်ပြန်တောင်းဆိုထားပါတယ်။
Read More

အောက်တိုဘာလအတွင်း တောင်ပိုင်းစစ်ဒေသ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား (၉၄) ယောက် သေပြီး (၁၀၈) ယောက် ဒဏ်ရာရကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ တောင်ပိုင်းစစ်ဒေသနယ်မြေမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ အောက်တိုဘာလ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား  (၉၄) ယောက် သေဆုံးပြီး (၁၀၈) ယောက် ဒဏ်ရာရကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

မင်းတပ်မှာ စစ်တပ် ထောင်ထားသည့် မိုင်းမျိုးစုံ ၂၀၀၀ ထက်မနည်း သိမ်းဆည်းရှင်းလင်းပြီးဖြစ်၊ ဆက်လက်ရှင်းလင်းရန် ကျန်ရှိနေသေး…

ချင်းပြည်နယ်၊ မင်းတပ်မြို့အတွင်း အကြမ်းဖက် စစ်ကောင်စီတပ် ထောင်ထားတဲ့ မိုင်းမျိုးစုံ ၂၀၀၀ ထက်မနည်း သိမ်းဆည်းရှင်းလင်းထားပြီး ရှင်းလင်းဖို့ မိုင်းတွေ ကျန်ရှိနေဆဲဖြစ်တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

မင်းလှတွင် စစ်ကောင်စီတပ် မီးရှို့မှုကြောင့် ကျေးရွာပေါင်း ၄၀ ခန့်မှ ဒေသခံပြည်သူ သောင်းနှင့်ချီ တိမ်ရှောင်ထွက်ပြေးနေရ 

ပဲခူးတိုင်း၊ မင်းလှမြို့နယ်အပိုင်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုး  မီးရှို့ဖျက်ဆီးနေတာကြောင့် ရွာပေါင်း ၄၀ နီးပါးက သောင်းနဲ့ချီတဲ့ ပြည်သူတွေဟာ စစ်ရှောင်ထွက်ပြေးရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။