ရန်ကုန်-ပြည် ကားလမ်းပေါ် ရွှေတောင်နဲ့ ပြည်ကြားမှာ ဇန်နဝါရီ ၂၇ ရက် မနေ့က ညနေ ၄နာရီဝန်းကျင်က ခရီးသည်တင် ယာဉ်တစ်စီး အပူရှိန်လွန်ကဲကာ မီးလောင်မှု ဖြစ်ပွါးခဲ့တယ်လို့ ခရီးသွားပြည်သူတွေဆီက သိရပါတယ်။

မီးလောင်မှုကြောင့် ကားပေါ်ပါလာတဲ့ ခရီးသည်တွေရဲ့ ပစ္စည်းတွေ ဆုံးရှုံးခဲ့ရပေမယ့် လူတွေကတော့ ကားပေါ်ကနေ အလျင်အမြန် ထွက်ပြေးနိုင်ခဲ့လို့ ထိခိုက်မှု တစုံတရာ မရှိခဲ့ဘူးလို့ သိရပါတယ်။

“ဘုန်းမြတ်ပိုင် ယာဥ်လိုင်းက ကားပါ။ ရန်ကုန် -ပြည် ပြေးဆွဲနေတာ.. ရွှေဗျိုင်းဖြူ ဆီဆိုင်အကျော်မှာ အပူလွန်ကဲပြီး မီးလောင်ကျွမ်းခဲ့တာပါ။ ခရီးသည်တစ်ဦးကတော့ ၁၂သိန်းဖိုးလောက် ဆုံးရှုံးသွားတာပေါ့။ ခရီးသည်တွေရဲ့ ပစ္စည်းတန်ဖိုး ၁၅သိန်းဖိုးလောက်တော့ ဆုံရှုံးသွားတယ်” လို့ ခရီသွားပြည်သူတစ်ယောက်က ပြောပါတယ်။

ခရီးသည်တင်ယာဉ် မီးလောင်မှုကို ပြည်မြို့က မီးသတ်ကားတွေ လာရောက်ငြှိမ်းသတ်ခဲ့ပြီး ခရီးသည်တွေကို လူမှုရေးပရဟိတအဖွဲ့တွေက ကူညီစောင့်ရှောက်မှုတွေ ပေးခဲ့တယ်လို့ သိရပါတယ်။

ခရီးသည်တင်ယာဉ် မီးလောင်နေစဉ် (ဓာတ်ပုံ CJ)

0 Shares:
You May Also Like
Read More

တောင်သာမြို့နယ်၊ ကင်းဇလုပ်ကျေးရွာအနီး စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်၊ ခဲယမ်းအချို့ သိမ်းဆည်းရမိ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ကင်းဇလုပ်ကျေးရွာအနီး စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင် တပ်ရင်း ၃ က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ယင်းမာပင်ခရိုင်တပ်ရင်း (၆)ရဲ့ အပတ်စဥ် (၁) အခြေခံစစ်သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ ၊ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၆) ရဲ့ အပတ်စဥ် (၁) အခြေခံ စစ်သင်တန်းဆင်းပွဲကို မနေ့က ဒီဇင်ဘာ ၂၄ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။
Read More

ပြည်တွင်း အမြန်ချောပို့လုပ်ငန်းများ ကုန်အမျိုးအစား၊ အလေးချိန်နှင့် ပို့ဆောင်ရမည့်နေရာများ ကန့်သတ်ခံထားရ

စစ်ကော်မရှင်က ပြည်ပပို့ကုန်တွေကို ကုန်သွယ်ခွင့် ကန့်သတ်လိုက်ပြီးတဲ့နောက် ပြည်တွင်းမှာပါ Delivery service (အမြန်ချောပို့) လုပ်ငန်းတချို့ရဲ့ ကုန်ပစ္စည်းအမျိုးအစား၊ ကုန်အလေးချိန်နဲ့ ကုန်ပို့ရမယ့် နေရာတွေကို ကန့်သတ်လာတယ်လို့ Online ဈေးရောင်းသူတွေထံက သိရပါတယ်။
Read More

ပြည်သူ့စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲခံရပြီး ရှေ့တန်းပို့ခံရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၂) ဦး KNDF ဆီ ဘက်ပြောင်းခိုလှုံလာ

အကြမ်းဖက်စစ်ကောင်စီက အဓမ္မပေါ်တာဆွဲပြီး ပြည်သူ့စစ်မှုထမ်းအဖြစ် စုဆောင်းခံရကာ ရှေ့တန်းစစ်မြေပြင် ပို့ဆောင်ခံခဲ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂) ယောက်က ဧပြီလ (၂၀) ရက်မှာ လက်နက်နဲ့အတူ ထွက်ပြေးခိုလှုံလာခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူမှ ပခန်းသို့ စစ်ကူသွားသည့် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး တပ်ကြပ်ကြီးတွေအပါ ၁၄ ဦး ထက်မနည်းသေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပခုက္ကူမြို့ကနေ ပခန်းမြို့ကို စစ်ကူသွားတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အနည်းဆုံး ၁၄ ယောက် သေဆုံးသွားတယ်လို့ Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက မောင်းကို ပြောပါတယ်။ 
Read More

ရွှေဘိုတွင် အကြမ်းဖက် စစ်တပ်စစ်ကြောင်း ပိတ်ဆို့တိုက်ခိုက်ခံရပြီး တပ်ကြပ်ကြီးအပါ ၇ ဦး သေ၊ ၄ ဦး အရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုကို ပိတ်ဆို့တိုက်ခိုက်ရာ တပ်ကြပ်ကြီးစံထွေးအပါအဝင် စစ်အုပ်စုအဖွဲ့ဝင် ၇ ယောက် သေဆုံးပြီး တပ်ကြပ်အဆင့်ရှိသူ၁ယောက်နဲ့ ပြည်သူ့စစ်မှုထမ်း ခေါ်  (ပစ) ၃ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့  ရွှေဘိုခရိုင်တပ်ရင်း ၂၆ ပြန်ကြားရေးတာဝန်ခံ ကိုမှိုင်းက မောင်းကို ပြောပါတယ်။