ရခိုင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ပဲခူးတိုင်း၊ ဧရာ၀တီတိုင်းက စစ်ကောင်စီတပ်စခန်း ၃ခုကို အာရက္ခတပ်တော် AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်ကြားက စစ်ကောင်စီတပ်တချို့လည်း ဆုတ်ခွာထွက်ပြေးနေရတယ်လို့ AA က ဇန်နဝါရီလ ၂၇ ရက် ညပိုင်းမှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။

ပဲခူး၊ ဧရာ၀တီနဲ့ မကွေးတိုင်းအစွန်မှာရှိပြီး ရခိုင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ နေရာတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ AA က ထုတ်ပြန်ပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်စခန်းတွေ သိမ်းဆည်းရရှိမှုအခြေအနေကို ထပ်မံထုတ်ပြန်လိုက်တာပါ။

AA ဟာ ရခိုင်ရိုးမတောင်တန်းတလျှောက် ဖက်ဆစ် အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ကျန်စခန်းတွေကို တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်လို့လည်း ဆိုပါတယ်။

ရခိုင် ရိုးမတောင်တန်းအထက်က စစ်ကောင်စီတပ်စခန်းဖြစ်တဲ့  မိုးထိတောင်စခန်းကို ဇန်နဝါရီ ၂၁ရက် မနက်ပိုင်းမှာ AA က စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တယ်လို့ ရေးသားထားပါတယ်။ တိုက်ပွဲကာလ ၅ ရက်ခန့် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ဇန်နဝါရီ ၂၆ ရက် မနက်ပိုင်းမှာ အပြီးသတ်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ 

တဆက်တည်းမှာပဲ ရခိုင်နယ်စပ် ဧရာဝတီတိုင်းအတွင်း အာရက္ခတပ်တော် သိမ်းပိုက်ထားတဲ့ ပွိုင့် (၂၆၃) စခန်းတိုက်ပွဲမှာ ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူတွေရယူကာ တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မကွေးတိုင်း၊ ငဖဲမြို့နယ် အမ်း-ပဒါန်း ကားလမ်းမ (ဂုတ်စီးရိုးကျေးရွာအနီး)မှာ  စစ်ကောင်စီရဲ့ တမခ (၉၉) လက်အောက်ခံ ခမရ (၄၁၉) ၊ (၁၄) တပ်ရင်းတို့ ပူးပေါင်းစစ်ကြောင်းနဲ့ အာရက္ခတပ်တော် AAတို့ နာရီဝက်ခန့်ကြာ ဇန်နဝါရီ ၂၇ရက်တွင် တိုက်ပွဲဖြစ်ပွားတယ်လို့ သိရပါတယ်။

AA ရဲ့တိုက်ခိုက်မှုကြောင့် အဆိုပါစစ်ကြောင်းဟာ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားရတယ်လို့ ဖော်ပြထားပါတယ်။ ထိတွေ့တိုက်ပွဲနဲ့ စခန်းသိမ်းတိုက်ပွဲတွေအတွင်း စစ်အသုံးအဆောင်၊ လက်နက်ခဲယမ်း၊ အလောင်းအချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့လည်း သိရပါတယ်။

AA ရဲ့တရားဝင် သတင်းထုတ်ပြန်ချက်တွေ မတိုင်ခင် နာရီပိုင်းအလိုမှာ ပဲခူးတိုင်းအတွင်း တိုက်ခိုက်သိမ်းယူထားတဲ့ စခန်းသိမ်းတိုက်ပွဲ သတင်းဓာတ်ပုံတစ်ပုံကို အာရက္ခတပ်တော်(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သူ့ရဲ့ X လူမှုကွန်ရက်အကောင့်မှာ ဦးစွာဖော်ပြခဲ့ပါတယ်။ 

တိုက်ပွဲအတွင်းသိမ်းဆည်းရရှိထားတဲ့ လက်နက်ခဲယမ်းတွေ၊ ဂျမ်မာတွေ၊ စစ်သုံးပစ္စည်းအများအပြားနဲ့အတူ ပဲခူးတိုင်းဒေသကြီးမှကြိုဆိုပါ၏ ဆိုင်းဘုတ်အောက်မှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံကို ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ 

AA ဟာ ရခိုင်ပြည်နယ်မှာ  မြို့ပေါင်း  ၁၇ မြို့နယ်ရှိတဲ့အထဲက ၁၄ မြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ပြည်နယ်မြို့တော် စစ်တွေနဲ့ ကျောက်ဖြူ၊ မာန်အောင်တို့ကို သိမ်းပိုက်ဖို့သာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

Myanmar Defense Force က ကျဆုံးရဲဘော် ၃ ယောက်အတွက် အမိန့်ပြန်တမ်း ပြန်ဆိုခြင်းနဲ့ အလေးပြုခြင်း အခမ်းအနား

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သာယာဝတီခရိုင် အမှတ် (၃) တပ်ရင်း (Myanmar Defense Force) အနေနဲ့ တပ်ရင်းက ရဲဘော် ၃ ယောက် ကျဆုံး​​ခြင်းအတွက် အမိန့်ပြန်တမ်း ပြန်ဆိုခြင်းနဲ့ အလေးပြုခြင်း အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

သန္ဓေတပ်သားက စစ်မှုထမ်းတပ်သားကို ကပ်ကြေးဖြင့် ထိုးသတ်

နေပြည်တော်က အမှတ် (၃) စစ်ကြောရေးနဲ့ တည်းခိုးရေးတပ်မှာ ပြည်သူ့စစ်မှုထမ်း တပ်သား ၁ယောက်ကို သန္ဓေစစ်သားက ကတ်ကြေးနဲ့ ထိုးသွင်းသတ်ဖြတ်မှု ဖြစ်ပွားခဲ့တယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

အကြမ်းဖက်စစ်အုပ်စုက စစ်ကြောင်းထိုးလာတာကြောင့် မုံရွာ-ကျောက္ကာ-အရာတော် လမ်းပိုင်းကို ယာယီပိတ်ထား

မုံရွာ-ကျောက္ကာ-အရာတော်လမ်းပိုင်း နဲ့ ကျောက္ကာ- ဗော်ဓိတထောင်လမ်းပိုင်းတွေမှာ အကြမ်းဖက်စစ်အုပ်စုက စစ်ကြောင်းထိုးလာတဲ့အတွက် အဆိုပါလမ်းပိုင်းတွေကို ယာယီပိတ်ထားတယ်လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
Read More

ကြို့ပင်ကောက်က ကျေးရွာတွေကို စစ်ကြောင်းထိုးပြီးနောက် လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရတဲ့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၂၉ ယောက်ထက်မနည်း ပြန်မလွတ်သေး

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးပြီးနောက် ပြန်ဆုတ်ချိန်မှာ ကလေးငယ်တွေအပါအဝင် ပြည်သူ ၂၉ ယောက်ထက်မနည်းကို လူသားဒိုင်းအနေနဲ့ ဖမ်းဆီးသွားပြီး လက်ရှိအချိန်ထိ ပြန်မလွှတ်ပေးသေးဘူးလို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ကောလင်းမှာ စစ်ကောင်စီက ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၈ ယောက် သေဆုံးပြီး ကလေးငယ်အပါအဝင် အယောက် ၂၀ နီးပါး ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၈ ယောက် သေဆုံးပြီး ကလေးငယ်အပါအဝင် အယောက် ၂၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကောလင်းခရိုင် တပ်ရင်း ၂ ထံက သိရပါတယ်။
Read More

ပခုက္ကူက စစ်သား၂ ယောက် Southern YSO PDF ထံ လက်နက်နဲ့တကွ တပြိုင်တည်းအလင်းဝင်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်ဟာ လက်နက်ကိုယ်စီနဲ့ တပြိုင်နက်တည်း အလင်းဝင်ရောက်လာတယ်လို့ Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက မောင်းကိုပြောပါတယ်။