စစ်ကောင်စီက နိုင်ငံအနှံ့ ပြည်သူတွေအပေါ် အထွေထွေဖိနှိပ်မှု ပြုလုပ်နေမှုကို ကြံ့ကြံ့ခံပြီး စစ်ကောင်စီသက်ဆိုးရှည်စေမယ့် လုပ်ရပ်တွေကို  လုံး၀မလုပ်ဘဲ ထွက်ပေါက်မပေးဖို့  စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်အင်အားစုတွေက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

မြို့ပေါ်မှာ ကုန်စျေးနှုန်းတက်တာ၊ စီးပွားရေး အဆင်မပြေတာကစလို့ လက်ရှိ လျှပ်စစ်မီး မမှန်တာတွေ၊ အလုပ်အကိုင် အဆင်မပြေတာတွေအထိ နေ့စဥ်လူနေမှုဘဝဟာ ကျပ်တည်းသထက် ကျပ်တည်းလာတာကြောင့် ပြည်သူတွေ ပိုမိုခံနိုင်ရည်ရှိဖို့ လိုတယ်လို့ဆိုပါတယ်။

စစ်ကောင်စီက တိုက်ပွဲတွေနဲ့နီးစပ်ရာ ‌ဒေသတွေမှာလည်း စစ်ဘက်ထက် အရပ်ဘက်ပစ်မှတ်တွေကို ဦးစားပေး တိုက်ခိုက်ကာ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ပြုလုပ်နေပြီး ဒါတွေဟာ ပြည်သူလူထုအပေါ် ရည်ရွယ်ချက်ရှိရှိနဲ့ သူတို့အကျပ်အတည်းကို လူထုအကျပ်အတည်းဖြစ်အောင် အစားထိုးဖြေရှင်းနေတာလို့  နွေဦးတော်လှန်ရေးရဲ့ တက်ကြွလှုပ်ရှားသူ ဒေါက်တာတေဇာဆန်းက သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားထားပါတယ်။

(ဓာတ်ပုံ GSCB)

မတရား ပြဌာန်းထားတဲ့ ဥပဒေ၊ အတုအယောင် ရွေးကောက်ပွဲ၊ မတရားသဖြင့် ဖိနှိပ်ရက်စက်ထားတဲ့ အထွေထွေဖိနှိပ်မှုကြီးကို လူထုကိုယ်တိုင် တွန်းလှန်မှသာ ပြိုပျက်မှာ ဖြစ်ကြောင်း နွေဦးတော်လှန်ရေး သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါက်တာတေဇာစန်းက ဆိုပါတယ်။

“ပြည်သူတရပ်လုံးက ဘုံရန်သူဖြစ်တဲ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေမယ့် ထွက်ပေါက်မှန်သမျှကို အလွတ်ပေးလို့မရဘူး။ ဒီထွက်ပေါက်ကို ဖွင့်မရနိုင်ဖို့အတွက် လူထုကိုယ်တိုင် အုံကြွတွန်းလှန်တိုက်ပွဲဝင်မှ ရပါမယ်” လို့ သူကပြောပါတယ်။

တော်လှန်ရေး (၄)နှစ်တာကာလအတွင်း ဒုက္ခတွေကို အောက်မေ့ရင်း စစ်အာဏာရှင်စနစ် အလုံးစုံ ပြိုကျပျက်စီးတဲ့အထိ လူထုအနေနဲ့ တော်လှန်အလံအောက်မှာ ရှေ့ကိုဆက်လက်ချီတက်ကြဖို့ GSCB (အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု) ကလည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။ 

လက်ရှိစစ်ကောင်စီရဲ့ ဆိုးရွားတဲ့ ဖိနှိပ်မှုတွေကြားကနေ အသက် ခန္ဓာ ပေးဆပ်ခဲ့ရတဲ့ ပြည်သူတွေအားလုံးကိုလည်း ဦးညွှတ်ဂါရဝါပြုပြီး နောက်ထပ် အခုလိုဖြစ်ရပ်မျိုးတွေ မရှိစေဖို့ တော်လှန်ရေးကို ဆုံးခန်းတိုင်ဆောင်ရွက်ဖို့ တောင်းဆိုတိုက်တွန်းလိုက်ပါတယ်။

0 Shares:
You May Also Like
Read More

အလင်းဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို သွားရောက်ခေါ်ထုတ်ချိန် ကျဆုံးခဲ့သည့် နေပြည်တော် ပကဖ ရဲဘော်နှင့် အလင်းဝင် စစ်သား ၃ ဦး ကျဆုံးမှု ၃ လပြည့် ပြုလုပ်

မြန်မာနှစ်သစ်ကူး နှစ်ဆန်း ၁ ရက် မနေ့က နေပြည်တော်-ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော်ဆင်ကြီး၊ အလင်းဝင်ခိုလှုံလာတဲ့ စစ်ကောင်စီတပ်က ရဲဘော်ညီညီဝင်းမော်၊ ရဲဘော်သိန်းမိုးမင်းနဲ့ ရဲ‌ဘော်မျိုးဇော်အေးတို့ အသက်နဲ့ခန္ဓာပေးလှူသွားခဲ့တဲ့ (၃) လပြည့် အထိမ်းအမှတ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို ရိုဟင်ဂျာအတိုင်ပင်ခံကောင်စီ ကန့်ကွက်ရှုတ်ချ

အကြမ်းဖက်စစ်တပ်ဟာ အများပြည်သူရဲ့ဆန္ဒကို သွေဖယ်ပြီး အတုအယောင်ရွေးကောက်ပွဲကျင်းပဖို့ လုပ်ဆောင်နေတဲ့အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့ ရိုဟင်ဂျာ အတိုင်ပင်ခံကောင်စီ က နိုဝင်ဘာလ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ 
Read More

NUG ၏ အထူးတိုင်းစစ်ဌာနဆိုတာ ဘာလဲ

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနက ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်မှာ အခြေပြု ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် - PDF နည်းဗျူဟာတွေ၊ တပ်ရင်း/တပ်ဖွဲ့တွေ၊ ဒရုန်းလက်ရုံးတပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေနဲ့ အထူးတိုင်းစစ်ဌာနကို ဖွဲ့စည်းလိုက်ပါတယ်။
Read More

မုံရွာရဲစခန်းမှာ အချုပ်ထဲ လူတွေ ပြည့်ညပ်အောင်ထည့်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ အမြတ်ထုတ်စီးပွါးရှာမှုတွေ လုပ်ဆောင်နေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရဲစခန်းမှာ ရဲဝန်ထမ်းအသိုင်းအဝိုင်းက အချုပ်ကျနေသူတွေနဲ့ နိုင်ငံရေးအကျဥ်းသားတွေကို ဥပဒေမဲ့ထိန်းသိမ်းပြီး ကိုယ်ကျိုးရှာ အမြတ်ထုတ်တာတွေ လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက မောင်းကိုပြောပါတယ်။
Read More

စစ်မှုထမ်းတာဝန် ကျေပွန်သူများကို ပြည်ပအလုပ်အကိုင် ရှာပေးမည်ဟု စစ်ကော်မရှင် ပြော

စစ်မှုထမ်းတာဝန် ကျေပွန်အောင် ထမ်းဆောင်ခဲ့သူတွေကို ပြည်ပနိုင်ငံတွေ သွားရောက်အလုပ်လုပ်ချင်ရင် အလုပ်အကိုင်ရှာပေးမယ်လို့ အာဏာသိမ်း စစ်ကော်မရှင်က ပြောဆိုလိုက်ပါတယ်။
Read More

ပေါင်းတည် ဝဲကြီးဆည် စစ်တပ်ဂိတ်ကို မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၂ ဦး သေ၊ ဒေသခံ ၃ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်ရှိ ဝဲကြီးဆည် စစ်ကော်မရှင်စစ်ဆေးရေးဂိတ်ကို မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၂ယောက် နေရာမှာတင် သေဆုံးခဲ့တယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ PPDF - ၃၆၀၁ တပ်ရင်းထံက သိရပါတယ်။