ရခိုင်စစ်မျက်နှာကနေ မကွေးတိုင်းအတွင်းထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ပိတ်ဆို့ဖမ်းဆီးမှုကနေ စစ်သုံ့ပန်း ၁၅၀ ကျော်နီးပါး ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ CDF-Asho သတင်းတာဝန်ခံ ဆလိုင်းရိုးချင်းက မောင်းကို ပြောပါတယ်။

၂၀၂၄ ခုနှစ် အောက်တိုဘာလလောက်ကစလို့ ၂၀၂၅ ဇန်နဝါရီလအထိ ရခိုင်စစ်မျက်နှာကနေ နယ်နမိတ်ချင်းထိစပ်နေတဲ့ မကွေးတိုင်း၊ ငဖဲမြို့၊ အမ်း-ပဒါန်းလမ်းပိုင်းအတိုင်း ဆုတ်ခွာထွက်​​ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေကို CDF -Asho အပါအဝင် ငဖဲအခြေစိုက် တော်လှန်ရေးတပ်တွေက လက်နက်နဲ့တကွ ဖမ်းဆီးရမိခဲ့တာတွေ ရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်သားတွေကို ပိတ်ဆို့ဖမ်းဆီးရမှာ လက်နက်နဲ့ ပြန်လည်ခုခံတာမျိုးရှိသလို အသာတကြည် အညံ့ခံတာမျိုးတွေလည်း ရှိတယ်လို့ဆလိုင်းရိုးချင်းက ပြောပါတယ်။

“တိုက်ပွဲတွေကနေ မနိုင်တော့လို့ လွတ်ရာ​လွတ်ကြောင်း ပြေးလာတာတွေရှိသလို တပ်စွဲထားတဲ့စခန်းတွေကနေ ပြေးလာတာ​လည်း ရှိပါတယ်။ သေနတ်ပါလာတာရော၊ မပါဘဲ လာတာရော၊ ပြေးရင်းနဲ့ လွှတ်ပစ်ခဲ့တာမျိုးတွေရော ရှိတယ်။ မိသားစုတွေတော့ မပါကြပါဘူး။ စစ်မှုထမ်းတွေလည်း ပါတယ်။ အမြင့်ဆုံး တပ်ကြပ်ကြီးအဆင့်အထိ ပါပါတယ်” လို့ ဆလိုင်းရိုးချင်းက မောင်းကို ပြောပါတယ်။

ဇန်နဝါရီလ ၃ ရက်နေ့နှင့် ၄ ရက်နေ့အတွင်း CDF-Asho က ဖမ်းဆီးရမိသည့် အမ်းမြို့ကထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၁၁ ဦးနှင့် လက်နက်ခဲယမ်းများ

လက်ရှိမှာ CDF – Asho အနေနဲ့ စစ်ကောင်စီသုံ့ပန်း ၁၅၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

“တစ်ခုရှိတာက သူတို့သည် တော်လှန်ရေးရဲဘော် လုပ်ကြမှာလည်း မဟုတ်ဘူး။ အရင်လတွေတုန်းက မိတဲ့သူတွေကဆို လက်နက်မရဘူး။ အလုပ်တာဝန် ပေးပြီး စစ်သုံ့ပန်းဥပဒေနဲ့အညီ ထားတယ်။ ပုံမှန်ကျွေးမွေးတယ်။ ဆေးကုသပေးတယ်။ လုံခြုံရေးအရ၊ နယ်မြေအခြေအနေအရ တစ်နေရာတည်း စုပြုံထားလို့မရဘဲ ခွဲပြီးထားရတာ၊ ရွှေ့ပြီးထားရတာတွေ ရှိပါတယ်။ သုံ့ပန်းဖြစ်တာကြာတဲ့ သူတချို့လည်း မိသားစုနဲ့ဆက်သွယ်ရရင် ဆက်သွယ်ခွင့် အကျိုးအကြောင်းပြောတာမျိုးတွေ လုပ်ပေးပါတယ်” လို့ CDF-Asho သတင်းတာဝန်ခံ ဆလိုင်းရိုးချင်းက မောင်းကို ပြောပါတယ်။

၂၀၂၄ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့မှာ ဖမ်းဆီးရမိသည့် စကစတပ်သား ၂ ဦးနှင့် နိုဝင်ဘာလ ၃ ရက်နေ့မှာ ဖမ်းဆီးရမိသည့် စကစတပ်သား ၂ ဦးတို့ကို အတူတကွ ဖမ်းဆီးထားသည်ကို တွေ့ရစဉ်

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ရက်နေ့ကစလို့ ၂၅ရက်နေ့အထိ ၉ရက်တာအတွင်းမှာလည်း ရခိုင်စစ်မျက်နှာကနေထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၁၇ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ CDF-Asho က အမ်း-ပဒါန်းလမ်းပိုင်းမှာ ဖမ်းဆီးရမိခဲ့ပါသေးတယ်။

CDF – Asho နည်းတူ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA- Magway) ကလည်း ဇန်နဝါရီလအတွင်း မကွေး-ရခိုင် နယ်စပ်မျဥ်းတိုက်ပွဲတွေကနေ ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဖြတ်တောက်တိုက်ခိုက်ရင်း ခမရ ၁၁၃ ဗိုလ်ကြီး ၂ယောက် အပါအဝင် ၁၂ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့သေးတယ်လို့ ထုတ်ပြန်ထားပါသေးတယ်။

 

0 Shares:
You May Also Like
Read More

ဓာတ်အားပေးစက်ရုံများ ရပ်ဆိုင်းထားရမှုကို ဖုံးကွယ်ကာ လျှပ်စစ်ဓာတ်အားလိုင်းများ ဖျက်ဆီးခံရလို့ မီးမပေးနိုင်ခြင်းဖြစ်သည် ဟု စစ်ကောင်စီ အကြောင်းပြ

မဂ္ဂါဝပ်များစွာ ထုတ်လုပ်နိုင်တဲ့ ဓာတ်အားပေးစက်ရုံတွေ ရပ်ဆိုင်းထားရမှုကို ဖုံးကွယ်ထားပြီး လျှပ်စစ်ဓာတ်အားလိုင်းတွေကို အကြမ်းဖက်သမားတွေက ဖျက်ဆီးလို့ မီးမပေးနိုင်တာဖြစ်တယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ လျှပ်စစ်ဝန်ကြီးဌာနက ဇန်နဝါရီ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

အာဆီယံ သို့မဟုတ် မြန်မာ့အရေးအပေါ် ဦးဆောင်ဖြေရှင်းနိုင်စွမ်းမရှိဘူး ဆိုတာကို ဝန်ခံရမယ့်အချိန် ရောက်လို့နေတဲ့ အဖွဲ့အစည်း

ယခုနှစ်မှာ အာဆီယံဥက္ကဋ္ဌအဖြစ် လာအိုစတင်တာဝန်ယူစဉ်က ၎င်းဟာ ဒေသတွင်းအစုအဖွဲ့ကို အငြင်းပွားဖွယ်ရာ ပြဿနာတွေ ကင်းဝေးသွားစေဖို့ ဦးဆောင်သွားနိုင်လိမ့်မယ်လို့ ခန့်မှန်းခံခဲ့ရပါတယ်။
Read More

စစ်တပ်အင်အား ယုတ်လျော့လာမှုနဲ့အတူ စစ်မှုထမ်း အပတ်စဉ် (၈) မှာ လူသစ်စုဆောင်း ဖမ်းဆီးမှုတွေ ပိုမိုဆိုးဝါးလာနေ

နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားရပြီး တိုက်တိုင်းရှုံးနေတဲ့ အကြမ်းဖက်စစ်တပ်ဟာ ပရုတ်လုံးလိုပဲ လုံးပါးပါးကာ အင်အားပိုမိုချိနဲ့လာနေပါတယ်။ ဒါကြောင့် အာဏာသိမ်းစစ်တပ် အင်အားဖြည့်တင်းရေး လုပ်ငန်းစဉ်ဖြစ်တဲ့ စစ်မှုထမ်းဆင့်ခေါ်မှုရဲ့ လက်ရှိ အပတ်စဉ် (၈) လူသစ်စုဆောင်းမှုဟာ အရင်အခေါက်တွေထက် ပိုမိုဆိုးဝါးလာပါတယ်။
Read More

ကလေးတပ်သားများ MBT တကယ်ပဲ လက်ခံထားတာလား

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ Myingyan Black Tiger (MBT) တပ်ဖွဲ့ကနေ အသက်မပြည့်သေးတဲ့ ကလေးတွေကို PDF အဖြစ် လက်ခံပြီး စစ်သင်တန်း လေ့ကျင့်သင်ကြားပေးမှုတွေ ရှိနေတယ်လို့ MBT တပ်ဖွဲ့ထဲကို ရောက်ရှိနေတဲ့ ကလေးတွေရဲ့ မိဘတွေထံက သိရပါတယ်။
Read More

စစ်တပ် အသုံးပြုလာတဲ့ Spy Balloon ဆိုတာ ဘာလဲ၊ ဘယ်လိုကာကွယ်မလဲ

အကြမ်းဖက်စစ်ကော်မရှင်က အခုနောက်ပိုင်း သူလျှိုပူဖောင်း ခေါ် Spy Balloon တွေကို စမ်းသပ်အသုံးပြုမှုတွေ ရှိလာပြီး ဒီ Spy Balloon တွေဟာ တိုက်ခိုက်ဖျက်ဆီးဖို့ ခက်ခဲတာကြောင့် တန်ပြန်ထောက်လှမ်းနိုင်ဖို့နဲ့ ပူဖောင်းရဲ့ ဆက်သွယ်ရေးကို နှောင့်ယှက်နိုင်ဖို့က ပိုမိုထိရောက်နိုင်တယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI က ထုတ်ပြန်ပြောဆိုထားပါတယ်။